Sport News

ဘောလုံးလောကမှ အကောင်းဆုံး တွဲဘက်အညီဆုံးကစားသမားများ

အင်ဒီကိုးလ် နှင့် ဒွိုက်ယော့ခ် (မန်ချက်စတာယူနိုက်တက်)

၁၉၉၈-၉၉ ဘောလုံးရာသီမှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒီ တိုက်စစ်မှူးနှစ်ယောက်ဟာ ယူနိုက်တက် သမိုင်းတစ်လျှောက်မှာရော ဘောလုံးလောကမှာပါ အတွဲအဖက်အမိဆုံး အသင်းဖော်တွေဖြစ်ခဲ့ပါတယ်။ အင်ဒီကိုးလ် နဲ့ ဒွိုက်ယော့ခ်တို့ရဲ့တိုက်စစ်နောက်မှာ အရန်အဖြစ်တော့ ဆာအဲလက်စ်ဖာဂူဆန်ဟာ တက်ဒီရှရင်ဂမ် နဲ့ အိုလီဂန်နာဆိုးရှားလ်တို့ကို ထားရှိခဲ့ပြီး အဲဒီ တိုက်စစ်အစုအဖွဲ့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် စွမ်းအောင်နိုင်ခဲ့ပါတယ်။ အင်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ်တို့ဟာ တိုက်စစ်အတွဲဖော် အဖြစ် ၃၆ ပွဲအထိ ကစားခဲ့ပြီးတော့ အဲဒီ ၃၆ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့တဲ့အထိ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော သူတို့နှစ်ဦးဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားခဲ့ပြီး နှစ်ဦးပေါင်း သွင်းဂိုး (၅၃) ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ မဟူရာကျောက်ရိုင်းတုံးညီနောင်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘုရင် ယူနိုက်တက်အသင်းမှာ ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်ခဲ့ပြီးတော့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ပြိုင်ဘက်ကို ထိုးနှက်ဖို့ရာအတွက် အားအကိုးရဆုံး တပ်မှူးတွေလည်း ဖြစ်ခဲ့ပါတယ်။

ရာအူးလ်ဂွန်ဇာလက် နှင့် ဖာနန်ဒို မိုရီယန်တေးစ် (ရီးရဲလ်မက်ဒရစ်၊ စပိန်)

ဒီတိုက်စစ်မှူးအတွဲအဖက်ဟာလည်း ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲစာရင်းဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကြား နားလည်မှုရေမှတ်ဟာ အမြင့်ဆုံးအထိကို ရှိခဲ့ပြီးတော့ စပိန်အသင်းရဲ့ ဂလက်တီကိုကြယ်စင်မျိုးဆက်ကို ဦးဆောင်နိုင်ခဲ့တာပါ။ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်ထားနိုင်ခဲ့ပြီးတော့ မိုရီယန်တေးစ်ရဲ့ မင်္ဂလာပွဲမှာဆိုရင် ရာအူးလ်က အသိသက်သေအဖြစ်တောင် ရှိပေးခဲ့ပြီး ကွင်းတွင်းကွင်းပြင် ညီညွှတ်ခဲ့ကြတဲ့ အတွဲအဖက်
ဖြစ်ပါတယ်။

ရှာဗီ နှင့် အင်နီယေစတာ (ဘာစီလိုနာ နှင့် စပိန်)

ရီးရဲလ်ရဲ့ တိုက်စစ်အစုအဖွဲ့က အံ့မခန်းဆိုရင် ရှာဗီ နဲ့ အင်နီယေစတာတို့ရဲ့ ကမ္ဘာကျော်ကွင်းလယ်ပေါင်းစပ်မှုကိုလည်း မေ့ထားလို့မရပါဘူး။ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံး ကွင်းလယ်အတွဲဖော်စာရင်းဝင်တဲ့ ဒီ ကစားသမားနှစ်ဦးဟာ မော်ဒန်ဘောလုံးလောကရဲ့ ကွင်းလယ်ဗိုလ်ချုပ် (၂) ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချန်ပီယံလိဂ်ဖလားကို လေးကြိမ်တိုင်တိုင် ရယူပေးနိုင်ခဲ့ပြီးတော့ ဘာစီလိုနာအတွက် မရေမတွက်နိုင်သော အောင်မြင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့သူတွေပါ။ ဒါ့အပြင် ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ စပိန်အသင်း ရှေ့တန်းရောက်ရှိလာအောင် ဦးဆောင်ခဲ့သူတွေဖြစ်ပြီးတော့ ကမ္ဘာ့ဖလား နဲ့ ဥရောပဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

မီဆွတ်အိုဇေးလ် နှင့် စီရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်)

ဘောလုံးလောကရဲ့ Passing King လို့ တင်စားခြင်းခံရတဲ့ အိုဇေးလ်နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သက်သေအမျိုးမျိုးပြခဲ့တဲ့ စီရော်နယ်ဒိုရဲ့ တွဲဖက်မှုဟာ ရီးရဲလ်မက်ဒရစ်မှာ ခန့်ငြားထည်ဝါမှုတွေအတိနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ (၃) နှစ်တိုင်တိုင်ရီးရဲလ်မှာ အသင်းဖော်တွေအဖြစ် ကစားခဲ့ပြီးတော့ စီရော်နယ်ဒိုအတွက် ဂိုးဖန်တီးမှုတွေကို အိုဇေးလ်က ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိုဇေးလ်ဟာ အာစင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀မှာ စီရော်နယ်ဒိုအတွက် ဂိုးဖန်တီးမှု
စုစုပေါင်း ၂၇ ကြိမ်အထိ အိုဇေးလ်က ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၁၁-၁၂ ဘောလုံးရာသီမှာ နည်းပြမော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့အတူ လာလီဂါဖလား ရရှိခဲ့ပါတယ်။

ဖရန့်လမ်းပတ် နှင့် ဒီဒီယာဒရော့ဘာ (ချယ်လ်ဆီး)

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထ၀င်ကစားသမားကြီးတွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူနဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးတို့ဟာ ပရီးမီးယားလိဂ်မှာ ခြင်္သေ့ပြာတို့ရဲ့ လွှမ်းခြုံနိုင်ခဲ့မှု ခေတ်တစ်ခေတ်ကို အတူတူထူထောင်နိုင်ခဲ့ပါတယ်။ ရိုမန်အေဘရာမိုဗစ်ရဲ့ တည်ဆောက်မှုမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တဲ့ ကစားသမားကြီးတွေဟာ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေနောက်ကွယ်က အဓိက သူရဲကောင်းတွေဖြစ်ခဲ့ပါတယ်။ ဖရန့်လမ်းပတ်ဟာ ကိုယ်တိုင်လည်း
ဂိုးသွင်းနှုန်းမြင့်မားတဲ့ ကွင်းလယ်လူတစ်ဦးဖြစ်သလို ဒီဒီရာဒရော့ဘာကလည်း အာဖရိကခြင်္သေ့တစ်ကောင်လိုမျိုး ရဲရင့်ဖျက်လတ်နေခဲ့တဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပြီး သူတို့ရဲ့ အတွဲအဖက်ကလည်း ဘောလုံးလောကရဲ့ အကောင်းဆုံး အတွဲအဖက် ဖြစ်ခဲ့ပါတယ်။

DWD – ballpwal.com

Leave a Reply

Your email address will not be published. Required fields are marked *