Sport News

နေမာကို ခေါ်ယူဖို့ ငြင်းဆိုခဲ့ဖူးတဲ့ ကလပ်အသင်း

မိမိအနေဖြင့် နေမာကို ခေါ်ယူရန် အခွင့်အရေးရရှိခဲ့သော်လည်း ခေါ်ယူခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း လိုကိုမိုးတစ်မော်စကိုအသင်းဥက္ကဌဟောင်း နီကိုလီယာ နောမော့ဗ်က ဖွင့်ဟ၀န်ခံခဲ့သည်။

နေမာသည် ကမ္ဘာ့ဈေးအကြိးဆုံး ကစားသမားအဖြစ် ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပေါင် 198သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြ ကစားနေသူဖြစ်ပြီး ယခုအခါ နီကိုလီယာက နေမာနှင့်
ပတ်သက်၍ ပြောကြားခဲ့လည်းဖြစ်သည်။

လိုကိုမိုးတစ်အသင်းအနေဖြင့် ထိုစဉ်က ဘရာဇီးလ်ဆယ်ကျော်သက် ကစားသမားတစ်ဦး၏ ခြေစွမ်းပေါ် သံသယရှိခဲ့ပြီး အသင်းသို့ခေါ်ယူရန် ဒွိဟဖြစ်ခဲ့ကြောင်းလည်း နီကိုလီယာက ဆိုခဲ့သည်။

Sport Express သို့ ပြောကြားခဲ့မှုအရ ” အဲဒီတုန်းက သူက အရမ်းငယ်ပါသေးတယ်၊ သူ့အနေနဲ့ ရုရှားမှာ ဘယ်လိုကစားမလဲဆိုတာကိုလည်း ကျွန်တော်တို့ သံသယရှိခဲ့ပါတယ်” ဟု နီကိုလီယာက ပြောခဲ့ပြီး ” သူ့က လူကောင်လည်းသေးသလို၊ ထိခိုက်ဒဏ်ရာရရှိဖို့လည်း လွယ်ကူမယ့် ကစားသမားလို့ သုံးသပ်ပြီး စာချုပ်ချုပ်ဆိုဖို့ ကျွန်တော်တို့ ဆန်းတို့စ်အသင်းကို ငြင်းဆန်ခဲ့ပါတယ်” ဟု ထပ်ပြောခဲ့သည်။

” ဆန်းတို့စ်က သူ့အတွက် ယူရို ၁၀ သန်းအလိုရှိခဲ့ပြီးတော့ ဖြစ်နိုင်ရင် ၁၂ သန်းအထိ တောင်းဆိုခဲ့တာပါ၊ အသက်အရွယ် ငယ်သေးတဲ့ ကစားသမားတစ်ဦးအတွက် အဲဒီလောက် ငွေကြေးကို သုံးစွဲဖို့ဆိုတာ ကျွန်တော်တို့အတွက်တော့ စွန့်စားလွန်းရာကျခဲ့မှာပါ၊ ဒါကြောင့်မို့လို့ နေမာအစား အလန်ဂါတာဂေါ့ဗ်ကိုပဲ ခေါ်ယူဖို့
ဆုံးဖြတ်ခဲ့ပါတယ်” လို့ လိုကိုမိုးတစ် ဥက္ကဌဟောင်းက ပြောခဲ့ပါတယ်။

အလန်ဂါတာဂေါ့ဗ်ဟာ လိုကိုမိုးတစ်အသင်းမှာ ၂ နှစ်ကြာကစားခဲ့ပြီး အခုအခါ အက်စတိုးနီးယားလိဂ်မှာ ကစားနေခဲ့ပါတယ်။ နေမာဟာ ဆန်းတို့စ်အသင်းမှနေ
ဘာစီလိုနာအသင်းသို့ ၂၀၁၃ မှာ ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ကလပ်များဖလားတို့ ရယူပြီး အောင်မြင်ခဲ့တဲ့နောက်
ပီအက်စ်ဂျီအသင်းကို ထပ်မံပြောင်းရွှေ့ပြီး ကစားနေပြီလည်း ဖြစ်ပါတယ်။

DWD – ballpwal.com

Leave a Reply

Your email address will not be published. Required fields are marked *