Sport News

မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ ကွာခြားချက်ကိုပြောလိုက်တဲ့ သီယာဂိုဆေးလ်ဗား

PSG အသင်းရဲ့ နောက်ခံကစားသမား သီယာဂိုဆေးလ်ဗားက မက်ဆီနဲ့ ရင်ဆိုင်မယ့် အစား ရော်နယ်ဒိုကိုသာ ပိုပြီး ရင်ဆိုင် ချင်ကြောင်း ပြောခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗားရဲ့ PSG နဲ့ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီလထဲမှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲ ကန်ရဖို့ ရှိပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းက ခြေစွမ်းကျဆင်းနေပြီး PSG အသင်းက ခြေစွမ်းတက်နေတာမို့ လူအများစုကတော့ PSG အသင်း တက်မယ်လို့ပဲ ယူဆနေကြပါတယ်။ နေမာ၊  ကာဗာနီ၊ ဘာပေတို့ဟာ ခြေစွမ်းပြနေပြီး လီဂူးမှာလည်း ဒုတိယနေရာက မာဆေးလ် အသင်းကို ၁၁မှတ်ဖြတ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ခြေစွမ်းကျဆင်းနေပြီး ပြိုင်ဘက် ဘာစီလိုနာနဲ့ ၁၉ မှတ်အကွာ အဆင့် ၄နေရာမှာ ရပ်တည်နေပါတယ်။ PSG နဲ့ ရီးရဲလ်မက်ဒရစ် ပွဲမတိုင်မီ သီယာဂိုဆေးလ်ဗားက ရော်နယ်ဒိုကို စိတ်အနှောက်အယှက် အနည်းငယ် ဖြစ်စေမယ့် စကား တော့ ပြောလိုက်ပါပြီ။ သူပြောတာကတော့ သူဟာ မက်ဆီနဲ့ ရော်နယ်ဒိုယှဉ်ရင် မက်ဆီက ပိုထိန်းရခက်တာမို့ ရော်နယ်ဒိုကိုပဲ ရွေးမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားက “မက်ဆီနဲ့ရော်နယ်ဒိုကြားမှာ ကွာဟချက် နည်းနည်းတော့ ရှိပါတယ်။ မက်ဆီက တစ်ဦချင်းတွေ့ရင် ထိန်းရခက်ပါတယ်။ ၂ယောက်တစ်ယောက်တောင် ထိန်းရခက်ပါတယ်။ ရော်နယ်ဒိုကလည်း လွယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် သူ့ကို တစ်ယောက် ကပ်ထားရင်ရပါတယ်။ ပိုပြီး စိတ်ချချင်ရင်  နောက်တစ်ယောက်က ၂ဆင့် ပြန်ပြီး double marking လုပ်ထားရင် ရပါတယ်။”

“သူတို့ ၂ယောက်လုံးက မယုံကြည်နိုင်စရာတွေ လုပ်တတ်တဲ့ ကစားသမားမျိုးပါ။ နေမာလည်း အတူတူပါပဲ။” လို့  သီယာဂို ဆေးလ်ဗားက ပြောခဲ့ပါတယ်။ မက်ဆီကို ထိန်းရတာ ပိုခက်တယ်လို့ ဆိုပေမယ့် သီယာဂိုဆေးလ်ဗားက ရော်နယ်ဒိုကိုတော့ ချီးကျူးခဲ့ ပါတယ်။

“မက်ဆီက ရော်နယ်ဒိုထက် ပိုထိန်းရခက်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ သူရရှိထားတဲ့ ဆုတံဆိပ်တွေ အားလုံးနဲ့ ထိုက်တန်သူဖြစ်ပါတယ်။ ဒီရာသီကတော့ သူ့အတွက် ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်။ ဒါပေမယ့် သူက ဒီလောက်နဲ့ ပြီးသွားမယ့် ကစားသမား မဟုတ်ပါဘူး။ သူက နောက်ထပ် Ballon d’Or ဆုရအောင် စွမ်းဆောင်နိုင်သေးတဲ့ ကစားသမားပါ။” လို့ ဆိုခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ PSG အသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကတော့ Valentinen Day မှာ ဘာနေဗျူး ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

Source – goalreader

Leave a Reply

Your email address will not be published. Required fields are marked *