Sport News

ဗလင်စီယာကို ၂ကျော့လုံးအနိုင်ယူပြီး ဗိုလ်လုပွဲတက်သွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ ယနေ့နံနက် အစောပိုင်းက ဗလင်စီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ၂-၀နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင် ခဲ့ပါတယ်။ ပထမအကျော့တုန်းက ဘာစီလိုနာအသင်း ၁-၀နဲ့အနိုင်ရရှိခဲ့ပြီး ၂ကျော့ပေါင်းရလဒ် ၃-၀နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာပါ။

ဘာစီလိုနာအတွက် အဖွင့်ဂိုးကိုတော့ ယခုဇန်န၀ါရီ အပြောင်းအရွှေ့ကမှ လီဗာပူးအသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကော်တင်ဟိုက ပွဲကစားချိန် ၄၉မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယမြောက် သွင်းဂိုးကိုတော့ ပွဲကစားချိန်၈၂မိနစ်မှာ ရာကီတစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

စပိန်ဘုရင့်ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဘာစီလိုနာအသင်းဟာ အခုဆိုရင် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီး ဆီဗီလာအသင်းနဲ့ ဗိုလ်လုရတော့မှာပါ။ ဒီဗိုလ်လုပွဲကိုတော့ လာမယ့်ဧပြီလ ၂၁ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ထက်အောင်

Leave a Reply

Your email address will not be published. Required fields are marked *