Sport News

ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင် ဟက်ထရစ်သွင်းပြီး သတိပေးလိုက်တဲ့ ရော်နယ်ဒို

လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ ပွဲစဉ်မတိုင်ခင် ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယနေ့နံနက် အစောပိုင်းက ဆိုစီဒက်အသင်းကို ၅-၂နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး ပြိုင်ဘက်ပီအက်စ်ဂျီကို သတိပေးသွားခဲ့ပါတယ်။

ဒီရာသီ လာလီဂါမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခြင်း ခံနေရတဲ့ ရော်နယ်ဒိုဟာ ယခုပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ပွဲကစားချိန် ၂၇မိနစ်၊ ၃၇မိနစ်နဲ့ မိနစ်၈၀တို့မှာ တစ်ဦးထဲ၃ဂိုးသွင်းကာ ဟက်ထရစ် ရယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာလီဂါမှာ ခြေစွမ်းသိပ်မပြ နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အုပ်စုပွဲစဉ်၆ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး၉ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူပါ။

ရီးရဲနဲ့ပွဲမှာ ပီအက်စ်ဂျီ အသင်းရဲ့ စောင့်ကြည့်ရမယ့် ကစားသမားဖြစ်တဲ့ နေမာဟာလဲ မနေ့ညက တူးလော့စ်အသင်းကို ၁-၀နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်ကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

ထက်အောင်

Leave a Reply

Your email address will not be published. Required fields are marked *