Sport News

ဆယ်ကျော်သက်အရွယ်အပြောင်းအရွှေ့မှာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားများ (၁၀) ဦး

ငယ်ရွယ်ထူးချွန်သူ ဆယ်ကျော်သက်ကစားသမားများကို ကလပ်အသင်းတွေက အနာဂတ်ရေရှည်စီမံကိန်း အတွက် ပြောင်းရွှေ့ကြေးများစွာပေးပြီး ခေါ်ယူခဲ့ကြပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာဆိုရင်ပဲ ပီအက်ဂျီအ သင်းဟာ ပြင်သစ်လူငယ်ကစားသမားအမ်ဘက်ပီကို လက်ရှိမှာအငှားဖြင့်ခေါ်ယူထားပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူသွားမယ်လို့သိရပါတယ်။ အဲ့ဒီအပြောင်းအရွေ့ကြောင့်ပဲ လက်ရှိမှာအမ်ဘက်ပီဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပြီး သူ့လိုပဲဆယ်ကျော်သက်အရွယ်မှာ အသင်းကြီးတွေက မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲဖြစ် ပါတယ်။

၁။ အမ်ဘတ်ပီ (ယူရို ၁၄၅ သန်း)

ယခုနှစ်နွေရာသီတုန်းက ပြင်သစ်ကလပ်မိုနာကိုကနေ ပီအက်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ယခုဘောလုံးရာသီမှာတော့ အငှားဖြင့်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ ပီအက်ဂျီအသင်းကအပြီး သတ်ခေါ်ယူသွားမှာပါ။ အမ်ဘတ်ပီဟာ ၂၀၁၆-၁၇ ဘောလုံးရာသီတုန်းက မိုနာကိုအသင်းအတွက် သွင်းဂိုး (၂၆) ဂိုးအထိသွင်းယူပေးထားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

၂။ မာရှယ် (ယူရို ၅၁ သန်း)

မိုနာကိုအသင်းကနေ မန်ယူအသင်းထံ ပြောင်းရွှေ့ကြေးပေါင် (၃၆) သန်းဖြင့် ရောက်ရှိလာသူပါ။ ၂၀၁၅ ခုနှစ် မှာ မန်ယူအသင်းဆီကို ရောက်ရှိလာသူဖြစ်ပြီး မာရှယ်ဟာလည်း ပြင်သစ်လူမျိုးလူငယ်တိုက်စစ်မှူးတစ်ဦး ဖြစ် ပါတယ်။ သူဟာ မိုနာကိုအသင်းမှာကစားခဲ့စဉ်က (၄၈) ပွဲကစားခဲ့ရာမှာ (၁၂) ဂိုးအထိသွင်းယူခဲ့ပါတယ်။

၃။ ဗီနစ်ဆီးရတ် ဂျူနီယာ (ယူရို ၄၅ သန်း)

တောင်အမေရိက ယူ-၁၇ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ဘရာဇီးလူငယ်ကစားသမား တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆုကို ရရှိထားသူပါ။ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းရဲ့ကစားသမားဖြစ်ပြီး စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူစာချုပ်ချုပ်ဆိုထား ပါတယ်။ ဒါပေမယ့်စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့စည်းမျဉ်းအရ အသက် (၁၈) နှစ်မပြည့်သေးသူကို တရားဝင်ခေါ်ယူ ခွင့်မရှိတာကြောင့် သူ့ကိုဘရာဇီးကလပ်မှာပဲ ရီးရဲအသင်းကအငှားချထားခဲ့ရပါတယ်။ ဗီနစ်ဆီးရတ်ဟာ (၂၀၁၉) ပထမနှစ်ဝက်မှာမှ ရီးရဲအသင်းထံပြန်လာဖြစ်မယ်လို့ သိရပါတယ်။

၎။ လူးကပ်မိုရာ (ယူရို ၄၅ သန်း)

မိုရာဟာ (၂၀၁၂) ခုနှစ်၊ နွေရာသီမှာ ပီအက်ဂျီအသင်းကိုရောက်ရှိခဲ့တာဖြစ်ပြီး သူ့ကိုပီအက်ဂျီအသင်းနဲ့အပြိုင် မန်ယူ၊အင်တာတို့က ကမ်းလှမ်းခဲ့ပါတယ်။ သူဟာ ပီအက်ဂျီအသင်းနဲ့အတူ ပြင်သစ်လီဂူး-၁ ချန်ပီယံ (၄) ကြိမ် အထိရရှိထားသူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ပွဲ (၂၀၀) ကျော်ကစားပေးခဲ့ပါတယ်။ မိုရာဟာ ယခုဇန်န၀ါရီဈေး ကွက်မှာတော့ ပီအက်ဂျီအသင်းကနေ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းထံ ပြောင်းရွှေ့ကြေးပေါင် (၂၅) သန်းဖြင့် ရောက်ရှိသွားပြီဖြစ်ပါတယ်။

၅။ လုခ်ရှော (ယူရို ၃၈.၇ သန်း)

အင်္ဂလန်လူမျိုး ဘယ်နောက်ခံအစွန်လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ဆောက်သမ်တန်အသင်းကနေ မန်ယူ အသင်းထံပြောင်းရွှေ့လာတာပါ။ မန်ယူအသင်းရဲ့ခေါ်ယူခဲ့မှုကြောင့် (၂၀၁၄) ခုနှစ်မှာတုန်းကဆိုရင် သူဟာ ဆယ်ကျော်သက်လူငယ်အပြောင်းအရွှေ့ထဲမှာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ လုခ်ရှော ဟာထူးချွန်သူလူငယ်တစ်ဦးဖြစ်ပေမယ့် ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ယခုနောက်ပိုင်းမန်ယူ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရသူ ဖြစ်ပါတယ်။

၆။ ၀ိန်းရူနီ (ယူရို ၃၈.၇ သန်း)

အဲဗာတန်အသင်းကနေ မန်ယူအသင်းထံ ၂၀၀၄ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး ရူနီဟာ အဲ့ဒီတုန်းက အသက် (၁၈) နှစ်အရွယ်သာရှိပါသေးတယ်။ သူဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချိန်ပီယံ (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်၊ ယူရိုပါလိဂ်ဖလား (၁) ကြိမ်ရရှိအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာ သီမှာတော့ ရူနီဟာ အဲဗာတန်အသင်းထံ ရာသီအစကပြန်လည်ပြောင်းရွှေ့သွားခဲ့ပါပြီ။

၇။ ရီနာတိုဆန်းချက်စ် (ယူရို ၃၅ သန်း)

ရီနာတိုဆန်းချက်စ်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာကနေ ဘိုင်ယန်မြူးနစ်အသင်းထံရောက်ရှိလာသူဖြစ်ပြီး အဲ့မတိုင်ခင်မှာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၁၆ ချန်ပီယံဆုကို ရရှိခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါ တယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်ရာသီကြာကစားခဲ့ရသူဖြစ်ကာ ယခုနှစ်ဘောလုံးရာသီမှာတော့ ပရီးမီး ယားလိဂ်ကလပ် ဆွမ်ဆီးအသင်းထံအငှားဖြင့်လာရောက်ကစားနေပါတယ်။

၈။ ဂါဘရီရယ် ဂျီးဆပ် (ယူရို ၃၃ သန်း)

အိုလံပစ်ချိန်ပီယံဘရာဇီးအသင်းနဲ့အတူ ထွန်းတောက်လာတဲ့လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘရာဇီး ကလပ်ပါးမီးရက်စ်ကနေ မန်စီးတီးအသင်းထံပြောင်းရွေ့လာခဲ့တာပါ။ ယခုနှစ်ဘောလုံးရာသီမှာ နည်းပြဂွာဒီယို လာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက်ဂိုးများလည်း သွင်းပေးထားသူ ဖြစ်ပါတယ်။ အသင်းဖော်တိုက်စစ်မှူး အဂူရိုကို ကျော်ဖြတ်၍ပွဲထွက်ခွင့်ရရှိနေသူဖြစ်သော်လည်း လက်ရှိမှာ ခရစ္စတယ်ပဲလေ့ နဲ့ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာပြသနာကြောင့် အနားယူနေရသူပါ။

၉။ အန်ဒါဆင် (ယူရို သန်း ၃၀)

သူ့ကိုနည်းပြဖာဂူဆန်က မန်ယူကွင်းလယ်မှာအကောင်းဆုံးအစားထိုးဖို့ ၂၀၀၇ ခုနှစ်မှာ ပေါ်တိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာမျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲ အခုဆိုရင်ခြေစွမ်းမပြနိုင်မှုတွေ ကြောင့် မန်ယူအသင်းကနေထွက်ခွာခဲ့ရတာ အတန်ကြာနေပါပြီ။ ဒါပေမယ့် အန်ဒါဆင်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၁၀၀) ကျော် ကစားထားသူတစ်ဦးဖြစ်ပါတယ်။

၁၀။ ပယ်လီဂရီ (ယူရို ၂၅ သန်း)

မက်ဆီလက်သစ်လို့ တင်စားခံရတဲ့ ပယ်လီဂရီဟာ စီးရီးအေရဲ့အသက်ငယ်ဆုံး ပွဲထွက်ခွင့်ရသူတစ်ဦးဖြစ်ပါ တယ်။ ယခုဇန်န၀ါရီအပြောင်းအရွေ့ကာလမှာ စီးရီးအေကလပ် ဂျီနိုအာအသင်းကနေ ပြင်သစ်ကလပ် မိုနာကို အသင်းထံပြောင်းရွှေ့ခဲ့သူဖြစ်ကာ ဂျီနိုအာအသင်းအတွက် စီးရီးအေ (၁၀) ပွဲအထိကစားပေးခဲ့ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး အခုမှ အသက် (၁၆) နှစ်ကျော်သာရှိပါသေးတယ်။

[email protected] PWAL

Leave a Reply

Your email address will not be published. Required fields are marked *