Sport News

စီရိုနယ်​ဒိုအား ကွင်းအတွင်း​ခြေစွမ်းပြနိုင်​​ရေးကိုသာ အာရုံစိုက်​ဖို့ ရီးရဲလ်​​နည်းပြ ဇီဒန်း​ပြောကြား

ရီးရဲလ်​မက်​ဒရစ်​နည်းပြ ဇီဒန်းက တိုက်​စစ်​မှူးစီရိုနယ်ဒိုသည်​ အသင်းမှထွက်​ခွာဖွယ်​ရှိသည့်​ဆိုသည့်​သတင်းများထက်​​ခြေစွမ်းပြနိုင်​​ရေးကိုသာ ပိုမိုအာရုံစိုက်​ရမည်​ ဖြစ်​​ကြောင်း ထုတ်​​ဖော်​​ပြောဆိုလိုက်​သည်​။

စီရိုနယ်​ဒိုသည်​ ယခုနှစ်​​ဘောလုံးရာသီတွင်​ လာလီဂါ၁၄ပွဲ ပါဝင်​ကစားခဲ့ရာ၌ ၄ ဂိုးသာ သွင်းနိုင်​ခဲ့သူဖြစ်​ပြီး ဇယားထိပ်​ဆုံးမှဘာစီလိုနာအသင်းနှင့်​လည်း ၁၉မှတ်​အထိကွာဟ​နေပြီးဖြစ်​သည်​။၎င်းသည်​ပီအက်​စ်​ဂျီတိုက်​စစ်​မှူး ​နေမာကို​ခေါ်ယူ​ရေး၌ အလဲအထပ်​လုပ်​ခံရဖွယ်​ရှိသည်​ဟု သတင်းများလည်းထွက်​​ပေါ်လာခဲ့သည်​။

သို့​သော်​လည်း ဇီဒန်းက လူ​တွေက​တော့အရာအားလုံးကို​ပြောနိုင်​တာပါပဲ။ဒါ​ပေမဲ့ စီရိုနယ်​​ဒိုဟာကွင်းအတွင်းမှာ ​ခြေစွမ်းပြနိုင်​ဖို့ကိုပဲ အာရုံစိုက်​သင့်​တယ်​။သူဟာအသင်းအတွက်​အများကြီးလုပ်​​ပေးနိုင်​တဲ့ကစားသမားပါ။စီရိုနယ်​ဒိုအသင်း​ပြောင်းသွားမယ်​လို့ ကျွန်​​တော်​စိတ်​​တောင်​မကူးနိုင်​ဘူး။သူက အသင်းရဲ့အဓိကကစားသမားဖြစ်​ပြီး၊အားလုံးကလည်းသူ့ကိုချစ်​ပါတယ်​။သူ့ရဲ့စာချုပ်​နဲ့ပတ်​သက်​ပြီး ကျွန်​​တော်​ဘာမှမ​ပြောလိုပါဘူး။အရာအားလုံးကို သူကိုယ်​တိုင်​ စီမံရမှာပါ။ဒါဟာစီးပွား​ရေးလည်းမဟုတ်​ပါဘူး ဟုထုတ်​​ဖော်​​ပြောဆိုသွားခဲ့သည်​။

Source- Marca

M2O

Leave a Reply

Your email address will not be published. Required fields are marked *