Sport News

စီရော်နယ်ဒိုနဲ့ သူငယ်ချင်းဖြစ်လာနိုင်လားလို့ မေးတဲ့အပေါ် ပြန်ဖြေခဲ့တဲ့ မက်ဆီ

ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးဟာ အကောင်းဆုံး ကစားသမားတွေအဖြစ် တစ်ယောက်တစ်လှည့်နေရာယူထားခဲ့ကြတာနဲ့ အညီ ၄င်းတို့ရဲ့ ပရိသတ်တွေဟာလည်း မက်ဆီနဲ့ ဒိုလေး ဘယ်သူပိုကောင်းတယ်ဆိုတာကို အငြင်းပွားကြရင်း တစ်ဖက်နဲ့တစ်ဖက် မုန်းတီးလာခဲ့တာဟာ ဆယ်စုနှစ်တစ်ခု နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှ အထင်သေးခဲ့ခြင်းမရှိကြသလို ပြိုင်ပွဲစုံကွင်းထဲမှာထိပ်တိုက်တွေ့ဆုံတာ၊ ဆုပေးပွဲအခမ်းအနားတွေမှာ တွေ့ဆုံတာကလွဲလို့ အပြင်မှာတော့ တစ်ဦးနဲ့တစ်ဦး အဆက်အဆံ မရှိကြပါဘူး။

မက်ဆီက “အနာဂတ်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာနိုင်လားဆိုတာ မပြောတတ်ပါဘူး ၊ သူငယ်ချင်းဆိုတာကတစ်ယောက်အကြောင်းတစ်ယောက်သိအောင် အချိန်တွေတူတူကုန်လွန် ပြီး တည်ဆောက်ရတာမျိုးလေ” “ပြီးတော့ အခုကျွန်တော်တို့ဟာ အဲလိုဆက်ဆံရေးမျိုး မရှိသေးပါဘူး ၊ သူနဲ့ကျွန်တော်တွေ့ဖြစ်ကြတဲ့အချိန်တွေကလည်း များသောအားဖြင့်ဆုပေးပွဲအခမ်းအနားတွေမှာပဲလေ၊

“အဲဒီအချိန်အတောအတွင်းမှာပဲ ကျွန်တော်တို့ စကားပြောဖြစ်ကြတာ၊ ကျွန်တော်တို့နှစ်ဦးက အဆင်ပြေပါတယ်၊
တစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည်တာလဲ မရှိပါဘူး” လို့ World Soccer မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ Ballon D’Ors ဆုကို ငါးကြိမ်စီရရှိကာ စံချိန်ချိုးထားကြပြီး အကောင်းဆုံးကစားသမားနှစ်ယောက်အဖြစ် ရပ်တည်နေတာလဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အဆိုပါ ဆုတွေကို ပြီးခဲ့တဲ့ ဘောလုံးရာသီ (၅)ခုမှာ (၄)ဆုအထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး လက်ရှိရာသီအကုန်မှာတော့ သူ့ရဲ့ ခြောက်ကြိမ်မြောက်ဆုကို မက်ဆီ ဆီကနေကာကွယ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မက်ဆီဟာလက်ရှိရာသီမှာတော့ ပွဲထွက်ခွင့်ရတဲ့ (၃၆)ပွဲမှာ သွင်းဂိုးပေါင်း (၂၇) ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၄) ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဘာစီလိုနာကို လာလီဂါမှာ(၂၃) ပွဲအထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရော်နယ်ဒိုကတော့ ရီးရဲမက်ဒရစ် အသင်းအတွက်(၂၈) ပွဲမှာ ဂိုးပေါင်း (၂၃) ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု(၅) ကြိမ် ပြုလုပ်ထားပါတယ်။ ဘာစီလိုနာဟာ လက်ရှိရာသီမှာ လာလီဂါပွဲ တစ်ပွဲမှ ရှုံးနိမ့်ထားခြင်း မရှိပဲ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ရီးရဲလ်ကတော့လက်ရှိရာသီမှာ ရုန်းကန်နေရပြီး အဆင့်(၄) နေရာအထိ ဆင်းထားပေးခဲ့ရပါတယ်။ အဲဒါကြောင့် လက်ရှိအမှတ်ပေးဇယားမှာတော့ နည်းပြဇီဒန်းရဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ထိပ်ဆုံးမှာရပ်တည်နေတဲ့ဘာစီလိုနာ အသင်းကိုတစ်ပွဲလျော့အနေအထားနဲ့ (၁၇)မှတ်ထိ ပြတ်ကျန်နေခဲ့ပြီဖြစ်ပါတယ်။

Source -goalreader

Leave a Reply

Your email address will not be published. Required fields are marked *