Sport News

ကမ္ဘာ့စံချိန်တင်လစာဖြင့် ကမ်းလှမ်းမှုကို မက်ဆီငြင်းဆိုခဲ့

ဘာစီလိုနာအသင်းတိုက်စစ်မှုးမက်ဆီသည် အသင်းနှင့်စာချူပ်သစ်မချူပ်ဆိုမီ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်း၏ စံချိန်တင်လစာငွေဖြင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

အဆိုပါတရုတ်ကလပ်က မက်ဆီကိုတစ်ပတ်လစာ ပေါင်၁.၇သန်းအထိပေးကာကမ်းလှမ်းခဲ့ပြီး မက်ဆီကငြင်းဆန်ပယ်ချခဲ့သည်။

မက်ဆီနှင့်ဘာစီလိုနာအသင်းတို့ ချူပ်ဆိုထားသောစာချူပ်သစ်အရ တစ်ပတ်လျှင် ပေါင် ၅သိန်းအထိရရှိမည်ဖြစ်ပြီး သစ္စာစောင့်သိကြေးနှင့်ပုံရိပ်အသုံးပြုခွင့်များလည်း ထပ်မံရရှိမည်ဖြစ်သည်။ ထို့ပြင် ၎င်း၏စာချူပ်လျော်ကြေးမှာ ယူရိုသန်း၇၀၀ထိရှိပြီး ၂၀၂၁ခုနှစ်အထိသက်တမ်းတိုးစာချူပ်ချူပ်ဆိုခဲ့ကြောင်း သိရသည်။

သို့သော်ထိုစာချူပ်လျော်ကြေးပမာဏကိုပေးချေရန် တရုတ်ကလပ်များကလည်းအသင့်ဖြစ်နေပြီး ကမ္ဘာ့စံချိန်တင်လစာ ၁နှစ်လျှင်ပေါင် ၈၈သန်းထက်ပိုသော ပမာဏဖြင့် ထပ်မံကမ်းလှမ်းဖွယ်ရှိနေသည်။

Source-Marca

Leave a Reply

Your email address will not be published. Required fields are marked *