News

အကြော်သည် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နွယ်ဦးရဲ့ ဘ၀အကြောင်း

အမရပူရမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရာလမ်းဘေးတစ်နေရာတွင် နာမည်ကြီးသည့် အကြော်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုအကြော်ဆိုင်လေးသည် နံနက်လင်းပြီဆိုသည်နှင့် အကြော်ဝယ်လာသူအပေါင်းဖြင့် အုံခဲကာစည်ကားနေလေ့ရှိသည်။ ဘုန်းကြီးဆွမ်းလောင်းရန်ဖြစ်စေ၊ နံနက်ခင်းအဆာပြေစားသုံးရန်ဖြစ်စေ လာဝယ်ကြသူများရှိသကဲ့သို့ အမရပူရမြို့လေးရှိ နံနက်ခင်းဖွင့် မုန့်တီ၊ ခေါက်ဆွဲသုပ်ဆိုင်လေးများကလည်း ထိုအကြော်ဆိုင်လေးမှတစ်ဆင့် ဖောက်သည်ယူကာ ပြန်လည်ရောင်းချကြသည်။ ထိုသို့ လက်လီလက်ကား ၀ယ်ယူသူများဖြင့် စည်ကားနေသည့် အကြော်ဆိုင်လေးကို ဆရာမအကြော်ဆိုင်ဟု လူသိများလေသည်။ ဆရာမအကြော်ဆိုင်ဟု လူသိများရခြင်းမှာ အကြောင်းရှိသည်။ အကြော်ကြော်ရောင်းနေသူ မျက်နှာပြုံးရွှင်ရွှင် အသားအရေ ခပ်ဝင်းဝင်းဖြင့် ရုပ်ရည်ရူပကာအဆင်းခံ့ညားလှသူ အသက် (၅၀)ခန့် အမျိုးသမီးကြီးမှာ အကြော်သည်အများစုလို အတန်းပညာ ကောင်းစွာမသင်ယူခဲ့ရသူ တစ်ယောက်မဟုတ်ပေ။ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဖြင့် B.Sc ဘွဲ့ရခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံ ပြောရမည်ဆိုလျှင် လက်ရှိတွင် အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်နေလေသည်။ […]

News

သက်ငယ်မုဒိန်းမှုများကို သေဒဏ်ပေးဖို့ သီချင်းလေးနဲ့တောင်းဆိုလိုက်တဲ့ ညီမငယ်လေး

သီချင်းဖိုင်ကြည့်ရန် နဝမတန်းကျောင်းသားက ပဉ္စမတန်းကျောင်းသူကို မုဒိမ်းကျင့် မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၉ မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌ နဝမတန်း ကျောင်းသားတစ်ဦးက ပဉ္စမတန်း ကျောင်းသူကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မုဒိမ်းကျင့်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ဥယျာဉ်ကုန်းကျေးရွာမှ အသက် ၁၁ နှစ်အရွယ်ရှိ ပဉ္စမတန်းကျောင်းသူသည် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေးအိမ်ကျော်ရှိ သူငယ်ချင်း၏ အိမ်သို့ တစ်ဦးတည်း သွားခဲ့ကြောင်း၊ ခွေးဟောင်သဖြင့် ပြန်လှည့်လာစဉ် အိမ်ချင်းကပ် နေအိမ်မှ အသက် ၁၅ နှစ်ကျော်အရွယ် နဝမတန်းကျောင်းသား ရောက်လာပြီး ပါးစပ်ကိုပိတ်၍ ဘောလုံးကွင်းအနီးရှိ ချုံပုတ်အတွင်းသို့ ခေါ်ဆောင်ကာ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမဆက်ဆံမှုပြုခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့မ ရဲစခန်းထံမှလည်း သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ နဝမတန်းကျောင်းသားကို […]

News

အိမ်ပြန်ချိန် ဝိညာဉ်

အိမ်ပြန်ချိန်ဝိညာဉ် အိမ်မပြန်နိုင်ခဲ့ဘူးအမေ ငွေကြေးဝန်ဆောင်မှုတွေလုပ်ရင်း ဗုံးဝန်ဆောင်မှု လာအပ်တော့ ခေါင်းမော့ရင်ကော့ အိမ်ကိုတော့မပြန်နိုင်တော့ဘူးအမေ။ မြန်မာပြည်မှာ ဗုံးတွေ ကျည်တွေအစား ငွေတွေများ ဖြစ်ခဲ့ရင် မနက်ဖန် ငွေကြေးဝန်ဆောင်မှုအတွက် ဆက်လုပ်နေတာ အမေမြင်ရမှာပါ။ ကောလဟာလတွေကြားရင်အမေမယုံလိုက်နဲ့ နော် သမီးကဘဏ်ဝန်ထမ်းပါအမေရဲ့ ဗုံးကွဲပြီးသေစရာလား ခွင့်လွှတ်ပါအမေသမီးဒီညအိမ်ပြန်မလာနိုင်တော့ဘူး အခုတော့ ငွေတွေအစား ဗုံးကျည်တွေများတော့ ပြန်မလာနိုင်တော့ဘူးအမေ။ နောင်ဘဝဆိုတာရှိခဲ့ရင် မြန်ပြည်တွင်ပဲ လူဖြစ်ချင်ရဲ့ ဒါပေမယ့် ဗုံးတွေမဲ့တဲ့မြန်မာပြည် ကျည်တွေမဲ့တဲ့မြန်မာပြည်။ အကြမ်းဖက်အားလုံး ရှုတ်ချပါသည်။ သော်နေဇော်(ဥပဒေ)

Knowledge

နွားနို့သည် တစ်ယောက်

တခါတုန်းက နွားနို့သည်တစ်ယောက်ဟာ မသမာတဲ့နည်းနဲ့ အလွန်ပဲ ချမ်းသာကြီးပွားနေပါတယ်။ နေ့စဉ် သူ့ဖောက်သည်တွေရှိတဲ့ မြို့ကိုရောက်အောင် မြစ်ကိုဖြတ်ကူးသွားရပါတယ်။ အဲဒီအချိန်မှာ နွားနို့သည်ဟာ အမြတ်များများရရှိဖို့ နွားနို့ထဲကို မြစ်ရေရောပြီးမှ ရောင်းပါတယ်။ တနေ့မှာတော့ သူရဲ့သား မင်္ဂလာဆောင်အခမ်းအနား ကျင်းပဖို့အတွက် ရစရာအကြွေးတွေကို လှည့်လည်တောင်းပါတယ်။ အကြွေးရလာတဲ့ ပိုက်ဆံတွေနဲ့ ဆန်းပြားတဲ့ အဝတ်အစားတွေ၊ အဖိုးတန် ရွေထည်၊ငွေထည် ပစ္စည်တွေကို ဝယ်ယူခဲ့ပါတယ်။ အိမ်အပြန် မြစ်ကိုဖြတ်ကူးချိန်မှာတော့သူစီးလာတဲ့လှေဟာ ရုပ်တရက် တိမ်းမှောက်ကာ ဝယ်လာသမျှ ပစ္စည်တွေအားလုံး ရေထဲမှာ မြောပါကုန်ပါတော့တယ်။ နွားနို့သည်မှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘာစကားတလုံးမှ မဆိုနိုင်အောင် ပူလောင်ခံစားနေပါတယ်။ ဒီအချိန်မှာ မြစ်ထဲက အသံကြီးတစ်ခုကို သူကြားလိုက်ရပါတယ်။ “မငိုပါနဲ့ကွာ။ ဆုံးရှုံးသွားတာတွေက မင်းရဲ့နွားနို့ကို ဝယ်သောက်တဲ့လူတွေဆီက လိမ်လည်လှည်ဖြားပြီး မသမာတဲ့နည်းနဲ့ ရယူထားတဲ့ အမြတ်အစွန်းတွေပါပဲ။” ********* […]

News

ဘရာဇီးနိုင်ငံသားကို နှစ်ချီအတွင်း အနိုင်ထိုးမယ်လို့ကြုံးဝါး လိုက်တဲ့ အောင်လအန်ဆန်

မြန်မာတစ်နိုင်ငံလုံးရဲ့ အားပေးထောက်ခံမှု အခိုင်အမာရရှိထားတဲ့ အမ်အမ်အေ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကတော့ မနက်ဖြန် ဖေဖော်ဝါရီလ ၂၃ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရာဇီးနိုင်ငံသား မချာဒိုက နှစ်ချီအတွင်း အနိုင်ထိုးသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ခန့်က စတင်တာ လူသိများ နာမည်ကြီးလာတဲ့ အောင်လအန်ဆန်က မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဆုက ရယူပေးခဲ့ပြီး သူ့ရဲ့ ပထမဆုံးမျှော်လင့်ချက်ပြည့်ခဲ့ပြီး ဒုတိယမျှော်လင့်ချက်ကို ဆက်လက် အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက် ဘရာဇီးနိုင်ငံသား မချာဒိုကလည်း အောင်လအန်ဆန်၏ မိခင်နိုင်ငံတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကြောက်ရွံ့နေမည် မဟုတ်ကြောင်း အလက်ဇန္ဒားမာချာဒို ပြောကြားထားပါတယ်။ ဘရာဇီးလ် MMA ကစားသမား အလက်ဇန္ဒားမာချာဒိုက ဖေဖော်ဝါရီ ၂၃ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် လိုက်ဟဲဗီး ၀ိတ်ကမ္ဘာ့ချန်ပီယံလုပွဲအား အောင်လအန်ဆန်၏ မိခင်နိုင်ငံ (မြန်မာနိုင်ငံကို […]

Celebrities

လေဒီဂါဂါဆိုတာသူမနောက်မှ ဖြစ်လာတာပါဆိုတဲ့ ဖြူဖြူကျော်သိန်း

အမှန်ကတယ်တော့ ဖြူဖြူက တတိယကမ္ဘာကအဆိုတော်ပါ ဒါပေမဲ့ ဖြူဖြူက ၂၀၀၃ ခုနှစ်တည်းက ပရိသတ်တွေကိုဒီလိုမျိုးဖျော်ဖြေပေးလာနေတယ်ဆိုတာ ကိုယ့်ပြည်တွင်းပရိသတ်ကတော့သိတာပေါ့ ဒါပေမဲ့အဲ့လိုသွားပြောရင် ဘယ်သူကယုံမှာလဲ ကမ္ဘာကျော်ထက်စောပြီးပေါ်တယ်လို့ပြောရင်ဘယ်သူကယုံမလဲ ကိုယ့်ပြည်တွင်းကပရိသတ်တွေနဲ့ကိုယ်နဲ့ပဲသိကြတယ်လေ ကမ္ဘာကြီးကတော့ ဘယ်ယုံမှာလဲ ရယ်တောင်ရယ်ဦးမယ် ရူးနေလားမသိဘူးဆိုပြီးပြောမှာပေါ့နော် ဒါပေမဲ့ ကိုယ့်အရပ်ကိုယ့်ဇာတ်မှာတော့ ဒါက အမှန်တရားဆိုတာသိကြတယ် အမှန်တော့ဖြူဖြူနဲ့ သူနဲ့ဆိုရင် ယှဉ်စရာတောင်မဟုတ်ပါဘူး။ သူက ကမ္ဘာကျော် ပြီးတော့ သူ့နိုင်ငံအနေအထားနဲ့ သူ့ကိုပံပိုးပေးထားတဲ့ဝန်းကျင်နဲ့ ဖြူ့ဖြူ့ကိုပံ့ပိုးပေးထားတဲ့ဝန်းကျင်မှာရှိတဲ့ အခြေအနေလုပ်ပိုင်ခွင့်တွေက အရမ်းကွာခြားပါတယ်။ နိုင်ငံဆင်းရဲချမ်းသာတာက အစ အရမ်းကွာခြားပါတယ်။ဖက်ရှင်ပိုင်းကတော့အစတည်းက ကိုယ်လုပ်လာတာ ဒါပေမဲ့လေ ကမ္ဘာကြီးကကျတော့ ကိုယ်အရင်လုပ်လာတယ်လို့ဘယ်ထင်မှာလဲ။ ၂၀၀၃ ခုနှစ်တည်းက ဖြုဖြုကျော်သိန်းဟာ ဘာလဲဆိုတာသိလာတဲ့ ပရိသတ်ကလည်း ဘယ်သူ့ကိုမှ အတုခိုးပြီးတော့လုပ်လာတာမဟုတ်ဖူးဆိုတာကိုလည်းအားလုံးကသိကြပါတယ် Source – Akonthi

News

တခေတ်ဆန်းလာသော ရုရှားတပ်မတော်

ရုရှားနိုင်ငံသည် ဧရိယာစတုရန်းမိုင် ၆.၆ သန်းခန့် ကျယ်ဝန်းပြီးဥရောပတိုက်နှင့်အာရှတိုက်ရှိဒေသအများ အပြားသည် ရုရှားနိုင်ငံထဲတွင်ပါဝင်သည် ။ ပထ၀ီတည်နေရာ အနေအထားအရအာရှ တိုက်မြောက်ဘက်၊ အာတိတ်သမုဒ္ဒရာနှင့် ထိစပ်နေပြီး ဥပရောနှင့် မြောက်ပစိဖိတ် သမုဒ္ဒရာတို့ကြားတွင် တည်ရှိနေသည်။ Ural တောင်တန်းကြီးက ရှရှားအား အာရှနဲ့ဥရောပဟု၍ ပိုင်းခြားထား လေသည်။ ရှရှားအား ၁၉-ရာစုအချိန်က ကကြည့်မည်ဆိုပါလျှင် ဥရောပနှင့်အာရှတွင်လည်း နယ်ပယ်များရရှိပိုင်ဆိုင်ခဲ့သည်။ ၁၉၀၄- ခုနှစ်ချိန်တွင် ဖြစ်ပွားခဲ့သော ရုရှား-ဂျပန် စစ်ပွဲတွင် ရှုံးနိမ့်ပြီး နောက် ၁၉၀၅ တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ပါလီမန် ဖွဲ့စည်းပုံ ပြန်လည်ပြင်ခဲ့ကာ အခြားသော ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ခဲ့သည်။ ထိုချိန်မှစ၍ အင်ပါယာနိုင်ငံ တစ်နိုင်ငံအနေဖြင့် ရှင်သန်ခဲ့သော ရုရှားသည် အမျိုးသားရေး နိုင်ငံတစ်နိုင်ငံ အနေဖြင့်သာ ဆက်လက်ရှင်ခဲ့ရသည်။ ဂျာမနီနိုင်ငံကို ဒုတိယကမ္ဘာစစ် အတွင်းသို့ ဦးဆောင်ခေါ်ယူခဲ့သည့် […]

Lifestyle

ကမ္ဘာ့ဖလားဆုရ စကိတ်စီးသမားကနေ အပြာမင်းသမီးဖြစ်သွားသူ

နှင်းလျောစကိတ် အားကစားမယ်တစ်ဦးအဖြစ် ဂျပန်နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ Melo Imai ဟာ သူမရဲ့ ဘဝကို တဆစ်ချိုးပြောင်းလဲခဲ့ပြီးနောက် စကိတ်စီး အားကစားသမားဘဝကို တဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြန်ပြီလို့ သိရပါတယ်။ ၂၀၀၆ခုနှစ်ခန့်က အသက် ၁၈နှစ်သာရှိသေးတဲ့ ဂျပန်နိုင်ငံသူလေး Melo Imai ကို အီတလီနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် တူရင်အိုလံပစ်မှာ နှင်းလျောစကိတ်စီးပြိုင်ပွဲနဲ့ ရွှေတံဆိပ်ဆု ရရှိလိမ့်မယ်လို့ အများက မျှော်လင့်ယုံကြည်ထားခဲ့ကြပါတယ်။ ဒီလို မျှော်လင့်ရတာကလည်း သူမရဲ့ အရည်အချင်းကြောင့်ဖြစ်ပြီး ဒီအိုလံပစ်ပွဲမတိုင်ခင်မှာလည်း Melo Imai က ကမ္ဘာ့ဖလားဆုကို ရရှိဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ Melo Imai ဟာ အိုလံပစ်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး နောက်ဆုံးနေရာသာ ရရှိခဲ့ပါတယ်။ အဲ့နောက်မှာ သူမဟာ စကိတ်အားကစားမယ်ဘဝကို စွန့်လွှတ်ပြီး အိမ်ထောင်ပြုခဲ့ကာ […]

Celebrities

ကျန်းမာရေးမကောင်းလို့ အမောဖောက်နေတဲ့ ဟာသသရုပ်ဆောင် ဦးမန်းဝင်း

နာမည်ကျော် ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့တဲ့ လူရွှင်တော် ဦးမန်းဝင်းကတော့ ကျန်းမာရေးမကောင်းတော့လို့ ဆေးရုံတက်နေရပြီး အမောဖောက်နေကြောင်း သူမရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားပြီး ပရိတ်သတ်တွေကို ပြောပြထားပါတယ်။ ဦးမန်းဝင်းက အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ကျန်းမာရေးက ချူချာခဲ့ပြီဖြစ်ပါတယ်။ ကြည်ဖြူမန်းဝင်းက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီရက် ထဲမှာ အ ဖေ တော် တော် မော နေတယ် ။စိတ် တွေညစ် နေတယ် ။အား ပေးကြပါဦး သူငယ် ချင်းတို့ရယ် ။ ဆိုပြီး မနေ့ ဖေဖော်ဝါရီ ၂၂ ရက်ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။ သူမကလည်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် မန်းဝင်းက လူရွှင်တော်နေရာမှာလည်း ပရိတ်သတ်နှစ်သက် အားပေးမှုရရှိထားသလို […]

Celebrities

ကွယ်​လွန်​သွား​ပြီးဖြစ်​တဲ့ ဖခင်​ကို သတိရ​ကြောင်း​ပြောပြလာတဲ့ လူကြမ်းသရုပ်ဆောင် နိုင်လူ

သရုပ်ဆောင်ဦးကြူးမားသို့ မဟုတ်ကျွန်တော်၏ဖခင် ဦးစိန်တင့်(အထက်တန်းရှေ့နေ) တခေတ်တစ်ခါလွန်ခဲ့သော၁၀စုနှစ်များကအနုပညာ လောကတွင်သရုပ်ဆောင်မှု့ အတတ်ပညာဖြင့် ပြည်သူလက်ခံခဲ့သောသူသည်ကျွန်တော်၏အဖေဖြစ် သည်အထက်တန်းရှေ့နေဘဝဖြင့်မိသားစုတာဝန်ကို ယူကာကျွေးမွေးစောင့်ရှောက်ရင်းဝါသနာပါရာအနု ပညာလောကကိုဝင်ရောက်ခဲ့သော်လည်း၁၉၇၅ခုနှစ် လောက်တွင်ရပ်နားခဲ့ပြီး၁၉၉၉ခုနှစ်တွင် ဦးကြူးမား ဆိုသောအမည်ဖြင့်ပြန်လည်ဝင်ရောက်လာခဲ့သည် ဇာတ်ပို့ နေရာတွင်ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ် ဆောင်နိုင်မှု့ တို့ ကြောင့်နာမည်ရလာကာဗီဒီယိုဇာတ် ကားပေါင်းများစွာရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးခဲ့ပါ သည်/စာပေ/မဂ္ဂဇင်း/ဂျာနယ်များတွင်မြင့်လူဆိုသော ကလောင်နာမည်ဖြင့်ရေးသားခဲ့ပါသည် စံပြကြက်ခြေနီ ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပြီးသူကွယ်လွန်သွားချိန်တွင် တော့သူချစ်သောပြည်သူများသိပ်မသိလိုက်ကြပါ မိသားစုအပေါ်တွင်တာဝန်ကျေခဲ့သောအဖေ အခုအချိန်အဖေအနားမှာမရှိတော့ပေမဲ့အဖေရဲ့သွေး အဖေချစ်သောအနုပညာသွေးကတော့ကျွန်တော့ ကိုယ်မှာစီးဆင်းနေလျှက်ပါအဖေ အဖေ့ ကိုနေ့ စဉ် သတိရလျှက်ပါအမေ့ ကိုလည်းနေ့ စဉ်တမ်းတလျှက်ပါ လူမှန်းသိတတ်စအရွယ်တည်းကလက်နဲ့ တောင်မရွယ် မရိုက်ခဲ့သောအဖေပါတစ်ခါတလေမိုးလင်းပေါက် အောင်စကားတွေထိုင်ပြောခဲ့ပြီးပြောဆိုဆုံးမခဲ့တာ တွေကိုအမြဲသတိရလျှက်ပါ အဖေပြုသမျှကုသိုလ် ကောင်းမှု့ မှန်သမျှကိုအဘိုးအဘွားများနှင့်တကွ အဖေနဲ့အမေ့ ကိုအမျှအတန်းပေးဝေလျှက်ပါအဖေ တစ်ခါတလေသမီးလေးခေတ်ဆည်းဆာဟာ အဖေများပြန်ဝင်စားသလားလို့ တောင်ထင်နေမိတယ် မကြာသောနှစ်အတွင်းမှာအဖြေမှန်တော့သိရတော့မယ် […]