News

“WLK” ဆိုင်ကယ်ထုတ်ကုန်သစ်အတွက်စာချုပ်ချုပ်ဆိုခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေကြောင့် တိုင်းသိပြည်သိ ပုဂ္ဂိုလ်တစ်ဦးပါ။ အခု နောက်ပိုင်းမှာတော့ ဇာတ်ကားတွေ ရိုက်ကူးတာတော့ မတွေ့ရပေမယ့် ပရဟိတအလုပ်တွေကိုတော့ နေ့မနား ညမနား ဆက်တိုက်လုပ်ကိုင်နေသူပါ။

သူ့ရဲ့ ပရဟိတအလုပ်တွေကြောင့် ပရိသတ်တွေရဲ့ ချီးကျူးပြောဆိုမှုတွေကို အပြည့်အ၀ရရှိထားသူပါ။ အခုတော့ ဝေဠုေ ကျာ် တစ်ယောက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်နေပါတယ်။ WLK ဆိုတဲ့ ဆိုင်ကယ်ထုတ်ကုန်သစ်အတွက် တရုတ်ပြည်ကို ရောက်နေပါတယ်။ ထုတ်ကုန်သစ်အတွက် တရုတ်ကုမ္ပဏီ ပိုင်ရှင်သူဌေးနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

“WLK ဆိုင်ကယ် ထုတ်ကုန်သစ်အတွက် တရုတ်ကုမ္ပဏီ ပိုင်ရှင်သူဌေးနဲ့ စာချုပ်,ချုပ်ဆို … ခေတ္တ China….” ဆိုပြီး ဝေဠုကျော်က သူ့ရဲ့ FB မှာ တင်ထားပါတယ်။ ဆိုင်ကယ်ကြော်ငြာကိုတော့ ဖခင်ဖြစ်သူနဲ့ အတူ တွဲရိုက်ထားတာကို တွေ့ရပါတယ်။

FROM ဝေဠုကျော်ရဲ့ FB

Leave a Reply

Your email address will not be published. Required fields are marked *