News

မြန်မာနိုင်ငံမြေပုံအား လူများဖြင့် ပုံဖော်မှုမှာ ဂင်းနစ်စံချိန်သစ် တင် မတင်၄၈ နာရီအတွင်း သိရမည်ဟုဆို

တယ်လီနောက စီစဉ်ပြုလုပ်သည့် မြန်မာနိုင်ငံမြေပုံအား လူအများဖြင့် ပုံဖော်မှုမှာ ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်မတင်ကို ၄၈ နာရီအတွင်း အဖြေသိရမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သိရသည်။

No automatic alt text available.

(၇၁) ကြိမ်မြောက်အဖြစ် ကျရောက်သည့် ပြည်ထောင်စုနေ့ဖြစ်သော ၂၀၁၈ ဖေဖော်ဝါရီ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ တယ်လီနောက ကြီးမှူးကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဂင်းနစ်ကမ္ဘာ့စံချိန်သစ် (Guinness World Record) တစ်ခုအဖြစ် မှတ်တမ်းဝင်နိုင်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ကမ္ဘာ့အကြီးဆုံး မြန်မာနိုင်ငံမြေပုံကို လူအင်အား အများအပြားဖြင့် ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပုံဖော်မှုတွင် လူဦးရေ ၃၄၀၀ ကျော် ပါဝင်ပြီး မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သူများ၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများလည်း ပါဝင်ကြကြောင်း သိရသည်။

No automatic alt text available.

No automatic alt text available.

“ပါဝင်တဲ့လူ အရေအတွက်က ၃၄၀၀ ကျော်ရှိပါတယ်။ အတိအကျကို ထပ်ထုတ်ပြန် ပေးသွားဖို့ ရှိပါတယ်။ ရလဒ်အတည်ပြုချိန်ကို စောင့်နေပါတယ်။ ပါဝင်တဲ့ လူအရေအတွက်အရ များတယ်ဆိုပေမယ့် စံချိန်သစ်တင်နိုင်ဖို့က ဂင်းနစ်အဖွဲ့ရဲ့ သတ်မှတ်ချက် စံချိန်စံညွှန်းတွေ ရှိပါသေးတယ်။ မြေပုံကိုကြည့်လိုက်ရင် ကြားထဲမှာ ကွက်လပ်ဖြစ်နေတာမျိုး မရှိရဘူးတို့၊ ပါဝင်တဲ့သူတွေက တူညီဝတ်စုံဖြစ်ရမယ်တို့ စတာတွေ ရှိပါတယ်။ ဒီအချက်တွေ အကုန်လုံးနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီရင်တော့ ဂင်းနစ်စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။လက်ရှိတွင် တိုက်မြေပုံ၊ နိုင်ငံမြေပုံအား လူအင်အား အများအပြားဖြင့် ပုံဖော်မှုတွင် စံချိန်တင်ထားခြင်းအဖြစ် ၂၀၁၆ ခုနှစ် စက် တင်ဘာ ၂၃ ရက်တွင် လူအင်အား ၈၁၁ ဦးဖြင့် အာဖရိကတိုက်မြေပုံကို ပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယူကေနိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Belron International က ဦး ဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: EMG

Leave a Reply

Your email address will not be published. Required fields are marked *