News

သုံးနှစ်သမီးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသားအား လူပုံအလယ်တွင် ကွပ်မျက်

ယီမင်နိုင်ငံမှာ ၃ နှစ်အရွယ် ကလေးတဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတဦးကို လူပုံအလယ် သေနတ်နဲ့ပစ်ခတ်ပြီး ကွပ်မျက်ခဲ့ပါတယ်။

"Beautiful': Safaa al-Matari was abducted, raped and murdered in al-Rakab, near the Yemini capital Sana'a in November 2015

ရဲတွေဟာ ပြစ်မှုကျူးလွန်သူ အသက် ၄၁ နှစ်အရွယ် မူဟာမက်ဒ် အယ်လ်မာဂရာဘီကို ရိုင်ဖယ်သေနတ်ကျည် ၅ တောင့်နဲ့ ရာနဲ့ချီတဲ့ လူအုပ်စုကြား ပစ်သတ်ခဲ့တာပါ။

အဲဒီအမျိုးသားကို မြေပြင်ပေါ်က အခင်းတခုပေါ်မှာ လက်ပြန်ကြိုးတုပ်လျက်သား အခြေအနေနဲ့ ထားခဲ့တာကို တွေ့ရပါတယ်။

Executed: Safaa's killer Hussein al-Saket, 25, was shot five times before his body was strung up from a crane in front of a large crowd in the Yemeni capital Sanaa's Tahrir Square, pictured

ဒီမတိုင်ခင်ကတော့ သူ့နောက်ကို လက်နက်ကိုင်စစ်သားတွေက အုပ်စုလိုက် ဝိုင်းဖွဲ့စောင့်ကြပ် လိုက်လာခဲ့ကြတာလို့ ဆိုပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် မြေပြင်မှာ မီးခိုးတွေ ဝေနေခဲ့တာတွေကို တွေ့ရပါတယ်။

Joy: Speaking exclusively to MailOnline Safaa's mother Amal al-Matari told of her relief as she watched al-Saket being marched out in blue overalls. She said that justice had been done

ဒီကွပ်မျက်မှုကို ယီမင်နိုင်ငံမြို့တော် ဆန်နာရဲ့ တာဟရီရ်ရင်ပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တရားသူကြီးက ရှာရီယာဥပဒေအရ သေဒဏ်ချမှတ်မှု ဖတ်ကြားသံအပြီးမှာ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ခုလို ကွပ်မျက်စီရင်နိုင်ဖို့အတွက် တရားခံအမျိုးသားကို သေဆုံးသူ ကလေးငယ်ဘက်မှ ဆွေမျိုးသားချင်းတွေက ရန်ပြုတာမျိုး မလုပ်နိုင်အောင် လုံခြုံရေးကား ၅ စီးနဲ့အတူ ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။

Justice: Safaa's family said they had waited 20 months for the execution their daughter's killer. Al-Saket, pictured strung up to a crane, had initially helped with the search, they added

သေဆုံးသူ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူကတော့ ခုမှ သူ့အနေနဲ့ စိတ်သက်သာရာ ရသွားခဲ့တာလို့ ပြောပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို မုဒိမ်းကျင့် သတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်တာဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုအတွက် ယီမင်နိုင်ငံသား အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

Source – DVB

Leave a Reply

Your email address will not be published. Required fields are marked *