Lifestyle

မိန်းမကို ဆေးလိပ် သွားဝယ်လိုက်ဦးမယ်လို့ပြောပြီး ရုရှားအထိ ဘောလုံးပွဲသွားကြည့်ခဲ့သည့် မက္ကဆီကိုအမျိုးသား

မက္ကဆီကိုနိုင်ငံမှ Puebla ပြည်နယ်မှ အမျိုးသားတစ်ဦးသည် ဇနီးသည်ကို စီးကရက်သွားဝယ်မည်ပြောကာ ရုရှားအထိ ဘောလုံးပွဲသွားကြည့်ခဲ့သည်ဟု သိရ သည်။

ဘောလုံးဝါသနာအိုးဖြစ်သည့် အန်တိုနီယိုဂါစီယာသည် Confederations Cup အတွက် ရုရှားနိုင်ငံ Kazan မြို့၌ ရုရှားနှင့် မက္ကဆီကိုအမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲကို အလွန်ကြည့်ချင်စိတ်ပြင်းပြနေခဲ့သည်။

ထို့နောက် ဇနီးသည်ကို စီးကရက်သွားဝယ်မည်ဟု ပြော၍ အိမ်မှထွက်လာကာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Monterey မြို့သို့သွား၍ ဂျာမနီနိုင်ငံ Wolfsburg အထိ လေယာဉ်စီးခဲ့သည်။

Image may contain: 3 people, people smiling, people standing, hat, text and outdoor

ဆွေမျိုးများနေထိုင်ရာ ၎င်းဂျာမနီမြို့လေးမှတစ်ဆင့် ရုရှားနိုင်ငံ Kazan မြို့အထိ ကားမောင်းသွားကာ အမျိုးသားဘောလုံးအသင်းကို အားပေးကြည့်ရှုခဲ့သည်။

နောက်ပိုင်းတွင် အန်တိုနီယိုသည် ရုရှားအထိ ရောက်ရှိသွားခဲ့သည်ကို ဇနီးသည်အား လှမ်းရှင်းပြခဲ့သော်လည်း ၎င်းခရီးစဉ်အတွက် မိမိစုထားသည့် ငွေများအားလုံးသုံးလိုက်ကြောင်း ဇနီးသည်ကိုပြောပြနိုင်ခဲ့ ခြင်းမရှိသေးဘဲ အန်တိုနီယို၏အဖြစ်အပျက်မှာ လှုမှုကွန်ရက်မီဒီယာ၌ ပျံ့နှံ့သွားသည့်အချိန်တွင် အန်တိုနီယိုအား အိမ်ပြန်လမ်းတွင် ဇနီးသည်အတွက်လက် ဆောင်ဝယ်သွားရန် တိုက်တွန်းပြောဆိုမှုများရှိခဲ့သည်။

Image may contain: 1 person, smiling, closeup

အန်တိုနီယိုသည် ဂျာမနီ၌ ဆွေမျိုးများနေအိမ်တွင် တည်းခိုနေစဉ် ဒေသခံများနှင့် ဘောလုံးသွားကစားရာမှ ချော်လဲကာ ခြေထောက်အရွတ်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်တိုင်အောင် ဆရာဝန်၏ အနားယူရန် အကြံပေးချက်ကို လက်မခံဘဲ ချိုင်းထောက်ဖြင့် ရုရှားအထိဘောလုံးပွဲ သွားကြည့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

OC,1.7.2017

မေဇွန်

Credit Pyi Myanmar

Leave a Reply

Your email address will not be published. Required fields are marked *