Lifestyle

ဘတ်စ်ကားပေါ်မှာ ခုံလွတ်ရှိနေပေမယ့် မတ်တပ်ရပ်စီးခဲ့တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အတုယူဖွယ် စိတ်ဓာတ်

လူတိုင်းဟာ ခုလို စိတ်ဓာတ်ထားဖို့ မလွယ်လှပါဘူး။ ဒီအဖြစ်အပျက်လေးကတော့ တရုတ်ပြည်မှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး ဖြစ်ပြီး လူတိုင်းကို အတုယူဖွယ်ကောင်ကာင်းအောင် သင်ခန်းစာ ပေးခဲ့သလိုပါပဲ။

အသက် ၅၈ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အမျိုးသမီးကြီး Wang Zhenzhen ဟာ သူ့ရဲ့ အမျိုးသားနှင့် အတူ ဆောက်လုပ်ရေး ဆိုက်ထဲမှာ အလုပ်လုပ်ရပါတယ်။ အသက်ကြီးပြီ ဖြစ်သော်လည်း မိသားစု စားဝတ်နေရေးအတွက် အမျိုးသားနှင့် တန်းတူ အလုပ်လုပ်ရပါတယ်။

သူဟာ ညနေဆို ဘတ်စ်ကားနဲ့ အိမ်ပြန်ရပါတယ်။ အမျိုးသမီး ဖြစ်ပေမယ့် ဆိုက်ထဲမှာ အဝတ်လဲ ကိုယ်လက်သန့်စင်ဖို့ မလွယ်တာကြောင့် ညစ်ပတ်နေတဲ့ အဝတ်များနဲ့သာ အိမ်ပြန်ပါတယ်။ တစ်နေ့တော့ သူမဟာ ဘတ်စ်ကားပေါ်မှာ နေရာလွတ်တဲ့ ခုံတွေ အများကြီး ရှိပေမယ့် မတ်တပ်ရပ်ပြီးသာ စီးလိုက်ခဲ့ပါတယ်။ နောက်တော့ ဘေးက ခရီးသည်တွေဟာ သူမကို ဘာလို့ ခုံလွတ်တွေမှာ မထိုင်ပဲ မတ်တပ်ရပ်တဲ့ အကြောင်းကို မေးလာပါတယ်။

သူမကတော့ သူရဲ့ ညစ်ပတ်နေတဲ့ အဝတ်တွေကြောင့် သန့်ရှင်းတဲ့ ခုံတွေကို မပေစေချင်တာရယ် တခြားသူတွေကို အညစ်အကြေးတွေ မပေးစေချင်တာကြောင့် ခုလို မတ်တပ်ရပါသာ စီးခဲ့တယ်လို့ ပြောပါတယ်။

Source – pthonlinemedia

Leave a Reply

Your email address will not be published. Required fields are marked *