Lifestyle

တရုတ်ထုတ် ပြိုင်ကားအတုစီးလို့ အွန်လိုင်းကချစ်သူကိုစွန့်ပစ်ခဲ့တဲ့ တရုတ်မိန်းကလေး

အချစ်နဲ့ စည်းစိမ်ဥစ္စာကို ရွေးချယ်ကြပါဆိုရင် တချို့သော အချစ်စစ်မဟုတ်တဲ့ အတုအယောင်အချစ် တွေဟာ စည်းစိမ်ဥစ္စာကိုပဲ ရွေးချယ်ကြပါတယ်။ အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့်လည်း တချို့အချစ် တွေက စည်းစိမ်းဥစ္စာမြင်မှလည်း အချစ်ဆိုတာကို မြင်နိုင်တာကိုးနော်။

တရုတ်နိုင်ငံက ချစ်သူလူငယ်စုံတွဲတစ်တွဲရဲ့ အချစ်ရေးက အတုအယောင်တွေအောက်မှာ အဆုံးသတ် သွားခဲ့ပါတယ်။ မမြင်ဖူးသေးတဲ့ မသိဖူးတဲ့ သူစိမ်းတစ်ယောက်ကို အထင်ကြီးမိရာကနေ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ပါ။ တရုတ်မိန်းကလေးငယ်တစ်ဦးဟာ ဒေါ်လာ သိန်းကျော်တန် ပေါ်ရှေးကားစီးနိုင်တယ် ဆိုတဲ့ အွန်လိုင်းပေါ်က လူငယ်ကောင်လေးတစ်ယောက်ကိုတွေ့ပြီး ချစ်ကြိုက်မိသွားကာ သမီးရည်းစား တွေဖြစ်သွားခဲ့ကြပါတယ်။

ခေတ်ကြီးကပဲ မြန်သလား၊ ပစ္စည်းဥစ္စာပြလိုက်တာနဲ့ လွယ်ကူသလား ဆိုရမလားတောင်ပါပဲ။ ကောင် လေးရဲ့ Porsche sport ကားအလန်းစားကြီးကိုမြင်ပြီး နှစ်ပတ်အတွင်းမှာပဲ အတူနေဖြစ်ခဲ့တဲ့အဆင့် ထိရောက် ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့အထင်နဲ့အမြင်ဟာလုံးဝကို ကွာခြားသွားခဲ့ တာက လူ ငယ်ကောင်လေး စီးနင်းပိုင်ဆိုင်ထားတဲ့ Porsche sport  ပြိုင်ကားဟာ ဂျာမန်နိုင်ငံထုတ် ကားအကောင်းစားမဟုတ်ပဲ တရုတ်နိုင်ငံထုတ် ကလုန်းကား အမျိုးအစားဖြစ်နေခဲ့တာပဲ။

ဒီတော့ သူမအတွက် ကံကောင်းမခဲ့ပါဘူး။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်လို့ ရှက်ရှက်နဲ့ပဲ လူငယ်ကောင် လေးကို သမီးရည်းစားအဖြစ် ကနေ ရပ်စဲဖြစ်ခဲ့ပြီး အဆက်အသွယ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒေါ်လာသိန်းချီတန်တဲ့ ကားစီးနိုင်တဲ့ သူဌေးသားမဟုတ်ပဲ သာမန်တရုတ်နိုင်ငံ ထုတ် ကားစီးပြီးလိမ်ညာခဲ့သူဖြစ်လို့ ရည်းစားအဖြစ်ကနေ ရပ်စဲပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Leave a Reply

Your email address will not be published. Required fields are marked *