Lifestyle

ကားထဲမှာနေထိုင်ရပြီး အမှိုက်ပုံကရှာဖွေစားသောက်နေရတဲ့အသက်၅၆နှစ်အရွယ်မသန်မစွမ်းအမျိုးသမီး

Ann Cumberland-Quinn အမည်ရှိ အသက်၅၆နှစ်အရွယ် သူနာပြုဟောင်းအမျိုးသမီးတစ်ဦးဟာ မသန်စွမ်းသူတွေအတွက်ထောက်ပံ့ကြေးအဖြတ်ခံခဲ့ရတာကြောင့် သူမရဲ့ချီဟွာဟွာခွေးလေး Chanel နဲ့အတူ ဟွမ်ဒါကားထဲမှာပဲ အိမ်သဖွယ်နေထိုင်နေတာကို The Sun အွန်လိုင်းသတင်းဌာနမှာတွေ့ရှိထားပါတယ်။

မေလမှာတုန်းကလဲ သူမဟာ အသက်ဆက်နိုင်ဖို့အတွက် ခွေးစာတွေစားခဲ့ရတယ်လို့ဆိုပါတယ်။ ၂၀၁၅ခုနှစ် ဇွန်လကတည်းက သူမကို နေထိုင်ခွင့်ပေးထားတဲ့ လူမှုဖူလုံရေးဘန်ဂလိုကလေးကနေ ထွက်ခွာလာခဲ့ရတာပါ။ ချိုင်းထောက်မပါပဲ လမ်းမလျှောက်နိုင်ပေမယ့် ကောင်စီက သူမကိုအိမ်နေရာချမပေးခဲ့ဘူးလို့ Ann ကဆိုပါတယ်။

သူမဟာ ကားထဲမှာနေထိုင်နေရတဲ့အတွက်ကြောင့် အိပ်တဲ့အခါအဆင်မပြေဖြစ်နေပြီး ဇက်ခိုင်နေတတ်ကြောင်းပြောပြပါတယ်။ ကားအိုထဲမှာနေထိုင်ရတာကြောင့်လည်း ထိုင်ခုံတွေကိုသက်တောင့်သက်သာဖြစ်အောင် ပြုလုပ်လို့မရပါဘူး။ သူမက အမှိုက်ပုံးရှိတဲ့နေရာ ဘယ်နေရာကိုမဆိုသွားပါတယ်။ မနက်၃နာရီမှာ လူနေအိမ်တွေဘက်ဆီ စားကြွင်းစားကျန်လေးတွေသွားရှာလေ့ရှိပြီး ရာသီဥတုစိုစွတ်နေတဲ့အခါမျိုးမှာတော့ အဆင်မပြေကြောင်း Ann ကပြောပြခဲ့ပါတယ်။

အာရုံကြောဝေဒနာခံစားနေရတဲ့ Ann မှာယခုလက်ရှိကားလေးပဲရှိပြီး မှီခိုစရာမိသားစုလည်းတစ်ယောက်မှ မရှိပါဘူး။ သူမဟာ ယခင်တုန်းက Princess of Wales ဆေးရုံမှာအလုပ်လုပ်ခဲ့တဲ့သူနာပြုဟောင်းတစ်ဦးဖြစ်ပြီး အကျိုးခံစားခွင့်အနေနဲ့ ပေါင်၅၅၀ရရှိပါတယ်။

သို့ပေမယ့် ပင်စင်ဌာနက တာဝန်ရှိသူလူကြီးက သူမကိုအလုပ်လုပ်နိုင်သေးတယ်လို့ ယူဆတာကြောင့် အလုပ်ထောက်ပံ့ကြေးကိုသာပေးမည်ဖြစ်ပြီး မသန်မစွမ်းထောက်ပံ့ကြေးကို ရပ်စဲမယ့်အကြောင်းပြောပြပါတယ်။ အဆိုပါလူကြီးကတော့ ထောက်ပံ့ကြေးလျောက်ထားသူ ၊ ကျန်းမာရေးစစ်ဆေးပေးသူစတဲ့သူတွေဆီကရတဲ့ သတင်းအချက်အလက်တွေအပေါ်ကို အခြေခံပြီးမှ ဆုံးဖြတ်ချက်ချကြောင်းပြောခဲ့ပြီး သဘောမတူနိုင်ပါက ပြန်လည်စဉ်းစားပေးဖို့ထပ်မံလျောက်ထားနိုင်ကြောင်း ဆိုခဲ့ပါတယ်

SHARE FROM SHWEMON

Leave a Reply

Your email address will not be published. Required fields are marked *