Knowledge

ဥာဏ်ရည်မြင့်မားတဲ့သူတွေမှာသာ ရှိသောအကျင့်စရိုက်(၄)မျိုး

ငယ်ငယ်တုန်းကဆိုရင် အခန်းမရှင်းလို့ အိပ်ယာကရှုပ်ပွနေလို့ အမေကဆူတာ၊ လူကြီးတွေဆူတာ မကြာခဏခံခဲ့ရဖူး မှာပါ။တခါတလေ လူကြီးတွေရှေ့မှာ ရုတ်တရက်အော်မိပြောမိတာမျိုးရှိဖူးကြသလို ညဘက်တွေဆိုလည်း တော်တော် နဲ့မအိပ်နိုင်အောင် အလုပ်တွေလှုပ်နေတတ်တာမျိုးတွေက သာမန်လူတွေအမြင် မှာတော့ တော်တော်ဆိုးတဲ့ အကျင့် စရိုက်တွေလို့ဆိုနိုင်ပါတယ်။ဒါပေမယ့်ဥာဏ်ရည်မြင့်တဲ့သူတွေမှာ ဒီလိုအကျင့်စရိုက်တွေတွေ့ရလေ့ရှိတယ်လို့ သိပ္ပံပညာ ရှင်တွေရဲ့လေ့လာတွေ့ရှိချက်အသစ်တွေမှာ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးကို ဗဟုသုတမှတ်စုတို အဖြစ်လေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

ဆဲရတာကိုကြိုက်ခြင်း

Woman-swearing-1024x538

ဆဲတယ်ဆိုတာ မသိတဲ့သူတွေကို သွားဆဲနေတာကိုပြောတာမဟုတ်ပါဘူး။ သူ့ဘာသာ သူတစ်ခုခုကိုမကျေနပ်တဲ့အခါတစ်ယောက်တည်း ဆဲဆိုပြီးပေါက်ကွဲနေတတ်တဲ့သူမျိုးကိုပြောတာပါ။ တစ်ခါတစ်လေ သူအ၇မ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ဆိုရင်လည်း ဆဲပြီးပေါင်းနေတာ တွေ့ရပါလိမ့်မယ်။ သူတို့ သူငယ်ချင်းတွေကြားထဲမှာ ဆဲတယ်ဆိုတာ ရိုင်းတာမဟုတ်ပါဘူး။ ဘယ်လောက် ခင်မင်လဲဆိုတာကို ဖော်ပြနေတဲ့အရာတစ်ခုပါ။ ထူးထူးခြားခြား သုတေသနလုပ်သူတွေရဲ့အဆိုအရ အဲ့ဒီလိုဆဲဆိုသူတွေဟာ ဥာဏ်ရည်ကောင်းသူတွေဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။

နိုးနိုးကြားကြားရှိခြင်း

Related image

ဥာဏ်ကောင်းတဲ့သူတွေက သူများထက်ပိုပြီး နိုးနိုးကြားကြားလည်းရှိပါတယ်။အိပ်ပျော်နေရင်တောင် ဆတ်ခနဲနိုးတတ်ကြ ပါတယ်။အဲ့လို အမြဲတမ်းနိုးကြားတက်ကြွနေခြင်းကြောင့်ညဘက်တွေမှာ လည်း တော်တော်နဲ့မအိပ်နိုင်ကြပါဘူး။ သူတို့ ဟာ ပြဿနာကို အမှန်ဆုံးနဲ့အမြန်ဆုံးဖြေရှင်းနိုင်ကြသူတွေလည်း ဖြစ်ပါတယ်။

တစ်ယောက်တည်းစကားပြောခြင်း

Related image

သူတို့ဟာ လမ်းလျှောက်နေရင်းနဲ့ အလွန်ကောင်းတဲ့ စိတ်ကူးအကြံဥာဏ်တွေထွက်ပေါ်လာတတ်တဲ့သူတွေပါ။အဲဒီလို ရုတ်တရက်ထွက်ပေါ်လာတဲ့ စိတ်ကူးအကြံဥာဏ်ကောင်းတွေစဉ်းစားမိတိုင်း တစ်ယောက်တည်းပါးစပ်ကနေရေရွတ်နေ တတ်ပါတယ်။ဘေးလူတွေအမြင်မှာတော့ရယ်စရာကောင်းတဲ့ အရူးတစ်ယောက်လိုအထင်ခံရနိုင်ပေမယ့် အမှန်တော့ သူတို့တွေဟာ တကယ့်ကိုဥာဏ်ရည်မြင့်တဲ့သူတွေဖြစ်နေပါတယ်။

ရှုပ်ပွစွာနေတတ်ခြင်း

Related image

စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ရှုပ်ပွတဲ့အလုပ်စားပွဲ၊ အိပ်ခန်းတွေမှာ နေတတ်တဲ့သူတွေဟာတီထွင် ဥာဏ်ကောင်းသလို စိတ်ကူးသစ်၊အတွေးသစ်တွေကို စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့သူတွေလို့ဆိုပါတယ်။ရှုပ်ပွနေတဲ့ အခန်းကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ညစ်မနေပါနဲ့။ဒီလို ပတ်ဝန်းကျင်တွေက သင့်ကို သာမန်နဲ့ကွဲထွက်ပြီး ထူးခြားတဲ့ အတွေးသစ်တွေကို ဖန်တီးနိုင်စွမ်းရှိစေမှာပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lifehack.org

Leave a Reply

Your email address will not be published. Required fields are marked *