Knowledge

အမျိုးသားများ လိင်အင်္ဂါ ကောက်ကွေးနေပါက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေပိုများ





Unicode

အမျိုးသားတွေအတွက် တကယ့်ကို အရေးကြီး သတိထားသင့်စရာ သတင်းတစ်ပုဒ်ပါ။ အဲ့ဒါကတော့ တချို့အမျိုးသားတွေရဲ့ လူမမြင်ကွယ်ရာမှာ ရှိနေတဲ့ အရာတစ်ခုပါ။ မွေးရာပါ ပစ္စည်း ကောက်ကွေးနေ တဲ့အမျိုးသားတွေမှာ ကင်ဆာရောဂါပိုမိုဖြစ်ပွားနိုင်ချေရှိနေတယ်ဆိုတဲ့ စစ်ဆေးမှုရလာဒ်တစ်ခုကို သုတေသနပြု အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ထားပါတယ်။ ကျားလိင်အင်္ဂါတံဟာ ဖြောင့်တန်းနေတာ မျိုးမဟုတ်ပဲ ကောက်နေမယ်ဆိုပါက ကင်ဆာရောဂါပိုမိုဖြစ်ပွားလွယ်တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဟူစတန်ဆေးဝါးကောလိပ်တစ်ခုက ဆရာဝန် အလက်ဇန္ဒားရဲ့ ဆေးပ ညာဆိုင်ရာ လေ့လာစစ်တမ်းကောက်တွေ့ရှိမှုအရ ဗြိတိန်မှာရှိနေတဲ့ အမျိုးသား တစ်သိန်းခွဲ ကျော်မှာ အဆိုပါ လိင်တံကောက်ကွေးနေတဲ့ ပြဿနာကြောင့် ကင်ဆာရောဂါဝေဒနာတွေခံစားနေ ရာတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ penile fibrosis လို့ ခေါ်တဲ့ ရောဂါလက္ခဏာဖြစ်ပွားမှု အခြေနေကနေ ၄၀ ရာခိုင်နှုန်းမှာ မျိုးပွားအင်္ဂါကင်ဆာဖြစ်ပွားမှု ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေ ခံစားနေရပြီးတော့ အ ချို့ကတော့ အစာအိမ်ကင်ဆာဖြစ်ပွားနိုင်တဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။

အမျိုးသားအများစု သတိမထားမိတဲ့ မျိုးပွားအင်္ဂါအခြေအနေနဲ့ ကင်ဆာရောဂါဖြစ်ပွားလာမှုကို ဆက် စပ်ပြီးတော့ ဖြစ်ပေါ်လာနိုင်ခြင်းကို သတိမထားမိလာတာကြောင့်လည်းဖြစ်ကာ ရောဂါဖြစ်ပွားမှုအပြင် ကို လိင်အင်္ဂါမှာဖြစ်ပေါ်နေတဲ့ ပြဿနာကြောင့် အိမ်ထောင်ရေးသုခဘဝနဲ့ တစ်ကိုယ်ရည်နေထိုင်မှုအ အပေါ်တွေမှာလည်း ချို့ယွင်းမှုပြဿနာတွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီ့အတွက် ကြောင့် အမျိုးသားတွေမှာ မျိုးပွားအင်္ဂါပုံသဏ္ဍာန်မူမမှန်တာမျိုး၊ ကောက်နေတဲ့ ပုံသဏ္ဍာန်တွေ ရှိလာ တာမျိုး ဖြစ်ပေါ်လာခဲ့ပါက မပေါ့ဆသင့်ပဲ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသ မှု ခံယူသင့်တယ်လို့ အကြံပေးပြောကြားထားပါတယ်။

သဒ္ဒါချို(ရွှေအင်းလေး)

Leave a Reply

Your email address will not be published. Required fields are marked *