Knowledge

သူငယ်ချင်းဖြစ်သူ ရေဗက္ကာဝင်းအကြောင်း ဖွင့်ဟပြောလာတဲ့ ခင်ဘုဏ်း

ခင်ဘုဏ်းပြန်လာတဲ့အချိန်မှာလည်း အတွဲများဖြစ်တယ်။

အဆိုတော်ခင်ဘုဏ်းတစ်ယောက်ကတော့ သူချစ်ရတဲ့ အနုပညာသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ရေဗက္ကာဝင်းနဲ့ ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုပြောပြခဲ့ပါတယ်။

” ရေဗက္ကာက အရမ်းတော်တဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်တယ်၊ လူမှုရေးမှာလည်း အရမ်းကိုဖော်ရွေပြီးတော့ ယဉ်ကျေးတဲ့သူငယ်ချင်း တစ်ယောက်ဖြစ်တယ်။ သူနဲ့ ခရီးတွေ လည်းအတူတူသွားဖူးတယ် တစ်ခန်းတည်း အတူတူတည်းပေါ့။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ပါ။ ခင်ဘုဏ်း ဒီကိုပြန်လာတဲ့အချိန်မှာလည်း ပိုပြီးတော့ တွဲမိကြတယ်။ သူအနုပညာအလုပ်တွေကို ပြန်လုပ်ဖြစ်တဲ့အချိန်မှာ အရမ်းကိုကြိုးစားထား တယ်၊ အရမ်းချစ်တဲ့ သူ့လူမျိုးအတွက် ကိုယ်စားပြုပြီး အခွေတစ်ခွေထွက်လာတဲ့အတွက် သူ့အပေါ် ဝမ်းသာဂုဏ်ယူတာကတော့ အရမ်းပါပဲ” လို့ပြောပါတယ်။

သူငယ်ချင်းတွေစုပြီးလုပ်ထားတဲ့ သီချင်းလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

” ခင်ဘုဏ်းရေးထားတဲ့ သီချင်းကို ယုဇနရယ်၊ ခင်ဘုဏ်းရယ်၊ ရေဗက္ကာရယ်၊ မေစံပယ်ညိုရယ် ၄ ယောက် စုပြီးတော့ သီချင်းလေး တစ်ပုဒ် ဖန်တီးထားပါတယ်။ အဲ့ဒီသီချင်းလေးကိုလည်း ပရိသတ်ဆီကို အရောက်ပို့ဖို့ ခင်ဘုဏ်းတို့ ကြိုးစားထားကြပါတယ်။ သီချင်းပုံစံလေးကလည်း အရမ်းလည်းမနှေးသလို အရမ်းလည်းမမြန်ပါဘူး။ ပုံမှန်လေးပဲ အသည်းကွဲသီချင်းဆိုပေမယ့် အရမ်းပျော်နေတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူး။ ခင်ဘုဏ်း တစ်ယောက်တည်း တစ်ကိုယ်တော် သီချင်းလေးတွေ MTV လေးတွေ ရိုက်ဖို့ကိုလည်း ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။

အဆိုတော်ခင်ဘုဏ်းတစ်ယောက်ကတော့ အခုလက်ရှိ အမေရိကမှာ နေထိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြည်ပမှာရှိတဲ့ ဂီတအကြောင်း တွေကိုလည်း လေ့လာဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ခင်ဘုဏ်းချစ်ရတဲ့ ပရိသတ်တွေအတွက် သီချင်းတွေလည်း ဆက်လုပ်ဖြစ် နေတယ်လို့ သိရပါတယ်။

Photo: ခင်ဘုဏ်းဖေ့စ်ဘုတ်

[email protected]

Leave a Reply

Your email address will not be published. Required fields are marked *