Knowledge

ယာကူဇာနဲ့ မတူတဲ့ ဆာမူရိုင်းတွေရဲ့ စရိုက်လက္ခဏာနဲ့ ဂိုဏ်းဖွဲ့စည်းပုံများ

ဆာမူရိုင်းဟာ ဂျပန်နိုင်ငံရဲ့ အရှိန်အဝါကြီးတဲ့ ဂိုဏ်းကဏ္ဍနဲ့ မျိုးနွယ်စုဖြစ်ပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိဟာ ကြောက်မက်ဖွယ် မြင့်မားပြင်းထန်ပါတယ်။ယာကူဇာနဲက မတူတဲ့အချက်ကတော့ သူတို့ဟာ သမာသမတ်ကျသူတွေဖြစ်ပြီး တိုင်းပြည်ကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ကာကွယ်တဲ့ မျိုးချစ်အုပ်စုဖြစ်ပါတယ်။ဒီလို အရှိန်အဝါ ကြီးမားခဲ့တဲ့ ဆာမူရိုင်းတွေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

10 Female “Samurai”

female

ဆာမူရိုင်းတွေဟာ အမျိုးသားတွေသာမဟုတ်ပဲ အမျိုးသမီးဆာမူရိုင်းတွေပါရှိပြီး ဆာမူရိုင်းရဲ့ စည်းမျဉ်းတွေကို သင်ကြားပေးတာမျိုး လုပ်ခဲ့ပါတယ်။ဒီအမျိုးသမီးတွေကို “Onna-Bugeisha,” လို့ ခေါ်ကြပြီး အဆိုပါ အမျိုးသမီးတွေရဲ့ ဓားချက်တွေဟာ စစ်ပွဲမှာဆို ကြောက်မက်ဖွယ် တွေ့ရပါတယ်။အရင်ခေတ်ထဲက ဂျပန်အမျိုးသမီးတွေဟာ အိမ်ထောင်မှုတာဝန်ကိုသာ ယူသူတွေမဟုတ်ပဲ စစ်ထွက်တိုက်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။

9 The Armor

armor

ဆာမူရိုင်းတွေရဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ချပ်ဝတ်တန်ဆာတွေဖြစ်ပြီး အဆင့်အလိုက်ပုံစံတွေ ကွာခြားပါတယ်။သူတို့ရဲ့ အဆိုပါ ဝတ်စုံတွေဟာ စစ်ပွဲထဲမှာ အထောက်အကူပြုပါတယ်။သူတို့ရဲ့ သံဦးထုပ်နဲ့ လည်တိုင်ကာတွေဟာ ဓားချက်က ကောင်းမွန်စွာကာကွယ်ပေးနိုင်တာဖြစ်ပြီး သူတို့ရဲ့ စစ်မြေပြင်အားသာချက်က သားရေနဲ့ သတ္တုတွေ တွဲစပ်ထားတဲ့ သူတို့ရဲ့ သူတို့ရဲ့ ဝတ်စုံတွေ ပါဝင်ပါတယ်။ရွေ့လျားမှုနဲ့ အကွေးအဆန့်ပိုင်းမှာ လည်သာထားရှိပြီး လှုပ်ရှားရလွယ်ကူတာမျိုးနဲ့ ကြံ့ခိုင်တဲ့ အကာအကွယ်တခုအနေနဲ့ ကောင်းမွန်တဲ့ ချပ်ဝတ်တန်ဆာဖြစ်လာပါတယ်။

8 Homosexuality

wakashudo

ဆာမူရိုင်း အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ ခွင့်ပြုမှုရှိပါတယ်။ဒါကတော့ ဆာမူရိုင်းအဖွဲ့ဝင်ထဲမှာ လိင်တူချစ်ကြိုက်မှုကို ကန့်ကွက်ထားခြင်းမရှိပါဘူး။သူတို့ဟာ ရှေးဟောင်းအယူသည်းမှုကို ဆန့်ကျင်ခဲ့ကြပြီး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းအသစ်တရပ်ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ wakashudo ဆိုတဲ့ လူငယ်အဖွဲ့အစည်းဖက်မှာ ဒါကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရင် ဆာမူရိုင်းဟာ သိသိသာသာ အဖွဲ့အစည်းအင်အား လျော့ကျသွားမှာဖြစ်လို့ သူတို့ဟာ မကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

7 Western Samurai

west

The Last Samurai ရုပ်ရှင်ထဲကလို ဂျပန့်ကာကွယ်ရေးအတွက် တိုက်ခိုက်ခဲ့တဲ့ အနောက်ပိုင်းလွင်ပြင်က ဆာမူရိုင်းတွေရဲ့တပ်ဟာ အင်အားအကြီးမားဆုံးနဲ့ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ အဖွဲ့ဖြစ်ပါတယ်။သူတို့ရဲ့ ခပ်ကြမ်းကြမ်းတိုက်ခိုက်မှုတွေနဲ့ စီမံခန့်ခွဲမှုတော်တဲ့ ခေါင်းဆောင်တွေပါရှိပါရှိပြီး တာမကျိုးပဲ ဝင်မဖောက်နိုင် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

6 The Numbers

numbers

ဆာမူရိုင်းအရေအတွက်ဟာ တရားဝင်ဂျပန်စစ်တပ်နဲ့ အင်အားအပြိုင်ရှိခဲ့ပြီး သူတို့ဟာ စစ်တပ်ကို အားပြိုင်ခြင်းမပြုပဲ တော်လှန်ရေးကာလမှာ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်မှုကြောင့် တပ်မတော်မှာ ပြန်လည်ပြီး ရာထူးရာခံတွေ ရရှိလာတာဖြစ်ပါတယ်။ဒါတောင် ဆာမူရိုင်းဖြစ်ခွင့်ဆိုတာ လူတိုင်းမှာ မရှိတဲ့အတွက် သူတို့ဟာ နိုင်ငံ့အာဏာနဲ့ အပြိုင်လောက်သာ ရှိခဲ့တာဖြစ်ပြီး ဝင်ခွင့်ပေးလိုက်ရင် သူတို့ဟာ ဂျပန်မှာ စစ်တပ်ထက် အင်အားအကြီးဆုံးဖြစ်လာမှာဖြစ်ပါတယ်။

5 Fashion

fashion

ဆာမူရိုင်းတွေဟာ သီးသန့်ဖက်ရှင်ရှိပါတယ်။ဒါကတော့ သူတို့ဟာ ဂျပန်ကီမိုနိုနဲ့ အပွင့်ရိုက်တွေကို ဝတ်ဆင်တတ်သလို ရိုးရာဖျင်ကြမ်းကို ပေါ့စွာ ဝတ်ဆင်နိုင်အောင် ချုပ်ဝတ်တာမျိုးရှိပါတယ်။တကယ်တော့ ရုပ်ရှင်ထဲကလို ကီမိုနိုတွေဝတ်ပြီး ခြေထောက်တွေ တုပ်ပြီး ဖြေးဖြေးလေး သွားနေကြသူတွေမဟုတ်ပါဘူးလွတ်လပ်ပေါ့ပါးတဲ့ ဝတ်စုံနဲ့ ဓားရေးကို လျင်လျင်မြန်မြန် ကစားနိုင်တဲ့ ဝတ်စုံတွေသာ ဝတ်ဆင်တာဖြစ်ပါတယ်။ဒီလို ဝတ်စုံတွေကတော့ လက်ရှိမှာ ကမ္ဘာကျော်ခဲ့ပြီဖြစ်ပြီး တခြားနိုင်ငံတွေမှာတောင် ဝတ်ဆင်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

4The Weapons

katana

ဂျပန်စစ်သားတွေကိုင်တဲ့ ကင်ဒိုဓားတွေရဲ့ ခမ်းနားထည်ဝါတဲ့ သမိုင်းကြောင်းတွေဟာ ပြောမကုန်အောင်ဖြစ်ပြီး သံတောင်ပြတ်လောက်တဲ့အထိ ဓားသွားတွေ ကောင်းတာဖြစ်ပါတယ်။အရိုးတွေ နှစ်ပိုင်းပြတ်အောင် ခုတ်နိုင်တဲ့ ဒီ ကင်ဒိုဓားတွေကို ဆာမူရိုင်းတွေ အရင်ကိုင်ခဲ့တာဖြစ်ပြီး သူတို့မှာ ဓားနဲက ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ကိုယ်ပိုင်ပန်းပဲဖိုတွေပါ ရှိတာဖြစ်ပါတယ်။ဓားသမားတစ်ဦးကို လက်ခံပြီး ရိုက်ပေးတဲ့ပုံစံနဲ့ နောက်တစ်ယောက်လာအပ်လို့ ရိုက်ပေးတဲ့ပုံစ့မှာ မူအနည်းငယ်ကွဲတာဖြစ်ပါတယ်။

3 Education

educ

ဆာမူရိုင်းတွေဟာ သူတို့ရဲ့ အဖွဲ့အတွက် ရေရှည်စီမံကိန်းလုပ်ခဲ့ပါတယ်။သူတို့ရဲ့ အကြီးအကဲတွေဟာ ဆာမူရိုင်းအဖွဲ့ရဲ့ တိုက်ရည်ခိုက်ရည်ကောင်းပေမယ့် ပညာမတတ်ရင် လမ်းကြောင်းလွဲချော်ကာ လူမိုက်လူရမ်းကားသာသာဖြစ်သွားမှာ စိုးရိမ်ပြီး ပညာပိုင်းကို အထူးဦးစားပေးသင်ကြားခဲ့ရာမှ ဆာမူရိုင်း မျိုးဆက်ပြတ်လုနီးပါးဖြစ်သွားတာဖြစ်ပါတယ်။အကုန်လုံးဟာ ပညာတတ်တွေ ဖြစ်ကုန်ပြီး ဆာမူရိုင်းအဖွဲ့ထက် စီးပွားရေးကို ပိုအာရုံစိုက်လာတာဖြစ်ပါတယ်။

2Physical Characteristics

phys

ဆာမူရိုင်းတစ်ယောက်ဖြစ်ဖို့ ကျန်းမာကြံ့ခိုင်ဖို့လိုအပ်ပါတယ်။16ရာစုက ဆာမူရိုင်း ရွေးချယ်မှုက အနည်းဆုံး အရပ်ကတော့ 5 ပေ 3 လက်မလောက်ရှိရမှာဖြစ်ပြီး ဓားရဲ့ ဝိတ်နဲ့ အရှည်ကို ထမ်းနိုင်တဲ့ ကျန်းမာကြံ့ခိုင်တဲ့ လက်တွေရှိရတာဖြစ်ပါတယ်။ဒါမှ ခြောက်ပေကျော်လောက်ရှိတဲ့ ဥရောပသားတွေကို တိုက်ခိုင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့ ပက်သတ်တဲ့ စစ်ချက်တွေ အမြဲယူပြီး လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

1 Suicide

seppuku

ဆာမူရိုင်းတွေဟာ စစ်မြေပြင်မှာ အမှားအယွင်းလုပ်မိတာနဲ့ စစ်ပွဲမှာ ရုံးနိမ့်သွားတဲ့အခါ ရန်သူ့လက်နဲ့ အသတ်မခံပဲ သူတို့ကို သူတို့ ဗိုက်ကို ကင်ဒိုဓားနဲ့ ခွဲကာ သတ်သေတတ်ပါတယ်။ဒီနာကျင်မှုကို သူတို့မကြောက်ပါဘူး။သူတို့ဟာ ဆာမူရိုင်းအဖြစ်သို့ရောက်လာခြင်းအပေါ် သူတို့အသက်တွေကို စွန့်လွှတ်ဖို့ စိတ်ဓာတ်နေ့တိုင်း ထားရှိခဲ့တာဖြစ်ပါတယ်။

Source – cantwait2say

Leave a Reply

Your email address will not be published. Required fields are marked *