Knowledge

“ဆရာကြီးဦးအောင်သင်းပြောပြတဲ့ ဗိုလ်ချူပ်အောင်ဆန်းအကြောင်း”

စစ်တိုက်ခါနီးပေါ့ကွာ
ဗိုလ်ချူပ်က သူ့ရဲဘော်တွေကိုပြောတယ်
“မင်းတို့ စစ်မြေပြင်ကိုသွားရမယ်
မင်းတို့အတွက်ဘာရမလဲဆိုတော့
ပင်ပန်းမယ် ဆင်းရဲမယ်
ဒါဏ်ရာရမယ် သေမယ်
ငါလည်းမင်းတို့နဲ့အတူလိုက်မယ် ”

ကြည့်စမ်း
ငါလည်းမင်းတို့နဲ့အတူလိုက်မယ် ဆိုတဲ့စကား
သူမလုပ်နိုင်ပဲ သူများကိုမခိုင်းဘူး
ဘယ်လောက်ကောင်းတဲ့ ခေါင်းဆောင်လဲ

နောက်တစ်ခုပြောရဦးမယ်
လွပ်လပ်လေးရပြီးတော့
လွပ်လပ်ရေး ရန်ပုံငွေထည့်ကြတယ်
မိန်းမတွေဆို
သူတို့ဝတ်ထားတဲ့
နားဆွဲတွေ လက်စွပ်တွေ
ဆွဲကြိုးတွေ လက်ကောက်တွေ
အကုန်ချွတ်ထည့်ကြတာ
ဒါက လွပ်လပ်ရေးရန်ပုံငွေအတွက်
ပြီးတော့
လွပ်လပ်ရေးဖခင်ကြီးဖြစ်တဲ့
ဗိုလ်ချူပ်အောင်ဆန်းကိုလည်း
သိပ်ချစ် သိပ်ကြည်ညိုကြတော့
လွပ်လပ်ရေးရန်ပုံငွေထည့်တဲ့ဖလားအပြင်
ဗိုလ်ချူပ်အောင်ဆန်းအတွက်ဆိုပြီး
ဖလားသတ်သတ်တစ်လုံးထားပြီး
ထည့်ကြတယ်

ထည့်ပြီးကြတော့
ဗိုလ်ချူပ်အောင်ဆန်းက
လွပ်လပ်ရေးရန်ပုံငွေထည့်တဲ့အတွက်ရော
သူ့အတွက်သတ်သတ် ဂုဏ်ပြုကြတဲ့အတွက်ရော
ကျေးဇူးတင်ပါတယ်ဆိုပြီး
ကျေးဇူးတင်စကားပြောလိုက်တယ်

ရန်ပုံငွေပွဲပြီးတော့
တစ်ဖြည်းဖြည်းနဲ့ လူစုကွဲသွားတဲ့အချိန်မှာ
ဗိုလ်ချူပ်ဘာလုပ်တယ်ထင်လဲ
သူ့အတွက်ထည့်ထားတဲ့ဖလားထဲက
ရွှေတွေငွေတွေ အကုန်လုံး
လွပ်လပ်ရေး ရန်ပုံငွေဖလားထဲ
အကုန်သွန်လောင်းထည့်လိုက်တယ်
သူတစ်ပြားမှ ယူမသွားဘူး

တိုင်းပြည်အတွက်
တစ်ကယ်စေတနာအမှန်နဲ့
အနာခံလုပ်တဲ့ဗိုလ်ချူပ်
သူ့ကိုယ်သူထက် တိုင်းပြည်ကိုပိုချစ်တဲ့ဗိုလ်ချူပ်
သူသည်တိုင်းပြည်အတွက်
တိုင်းပြည်သည်သူ့အတွက်မဟုတ်ဘူးဆိုတဲ့ဗိုလ်ချူပ်

တစ်ချို့ကပြောတယ်ကွ
ဗိုလ်ချူပ်အောင်ဆန်းလိုဗိုလ်ချူပ်မျိုး
ရှားတယ်တဲ့
အမှန်က ရှားတာမဟုတ်ဘူး
ရှိကိုမရှိတာ

ဗိုလ်ချူပ်အောင်ဆန်းကိုကြည့်စမ်း
ပြည်သူတွေက သဒ္ဒါလို့ပေးတာကို
တစ်ပြားမှ ယူမသွားဘူး
အဲ့ဒီလို စိတ်ဓာတ်မြင့်မားလွန်းတဲ့လူမို့လည်း
ပြည်သူတွေရင်ထဲက မထုတ်နိုင်တာ
သမိုင်းကြိုက်သလောက်ဖျောက်
မတစ်ထောင်တောင်တစ်ကောင်မဖွားနိင်တဲ့
ဗိုလ်ချူပ်အောင်ဆန်းဆိုတဲ့လူသားတစ်ယောက်
ငါတို့ရင်ထဲကဘယ်တော့မှပျောက်မသွားဘူး

**********************&*********************
ဆရာကြီးဦးအောင်သင်းပြောခဲ့တဲ့
ဗိုလ်ချူပ်အောင်ဆန်းအကြောင်းဖြစ်ပါတယ်ဗျာ

ဗိုလ်ချူပ်အောင်ဆန်းအား
လေးစားကြည်ညိုလျက်ပါ..

Leave a Reply

Your email address will not be published. Required fields are marked *