Funny

Photoshop အပြင်ကောင်းလို့ရယ်စရာဖြစ်ခဲ့ရတဲ့ဆယ်လီတွေရဲ့ဓာတ်ပုံများ

အောက်မှာတွေ့ရမယ့်ဓာတ်ပုံတွေကတော့ Oprah Winfrey ၊ Kylie Jenner နဲ့ Ariana Grande တို့ကိုဖိုတိုရှော့နဲ့ ပြုပြင်ရာကနေ ရယ်စရာကောင်းတဲ့ဓာတ်ပုံတွေအဖြစ်ထွက်လာတာဖြစ်ပါတယ်။ အသက်(၆၃)နှစ်ရှိတဲ့ Oprah ကဒီနေ့မှာတော့ Vanity Fair သတင်းခေါင်းကြီးတစ်ခုမှာ လက်(၃)ဖက်နဲ့တက်လာခဲ့ပါတယ်။

သူမရဲ့ တင်ပါးပေါ်မှာလက်တစ်ဖက် ၊ တစ်ဖက်က ပေါင်ပေါ်မှာရှိပြီး နောက်တစ်ဖက်ကတော့ Reese ရဲ့ခါးနားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မျက်စိရှင်ကြတဲ့ ပရိသတ်တွေဟာ Big Little Lies စတားဖြစ်သူ အသက်(၄၁) နှစ်အရွယ် Reese ကို ထုတ်ဝေရေးကာဗာရိုက်တဲ့အခါမှာ ခြေထောက်သုံးချောင်းနဲ့ တွေ့မြင်ရပါတယ်။

ဒါကို Reese က Twitter မှာသူမအနေနဲ့ ပရိသတ်တွေအကုန်လုံးက သူမခြေထောက်(၃)ချောင်းရှိနေတာကို တွေ့ရလိမ့်မှာဖြစ်ကြောင်းနဲ့ သူမကိုလက်ခံနိုင်ဖို့မျှော်လင့်ကြောင်း အရွှန်းဖောက်ထားပါတယ်။ သူမက Oprah ကိုလည်း သူမလို အခွင့်အရေးမျိုး Oprah ရခဲ့မရခဲ့ကို Oprah ဆီရေးသားထားပါသေးတယ်။ Reese ကို Oprah ကပြန်လည်ပြီး Reese ရဲ့ခြေထောက်(၃)ချောင်းကိုသူမလက်ခံမယ့်အကြောင်းနဲ့ သူမလက်(၃)ချောင်းကိုလည်း လက်ခံဖို့ ရယ်စရာပြက်လုံးတစ်ခုအနေနဲ့ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်Kylie Jenner ရဲ့ပရိတ်သတ်တွေက Calvin Klein ကြော်ငြာမှာသူမရဲ့ခြေထောက်တွေပြတ်ကျန်နေခဲ့တာကို သတိပြုမိခဲ့ကြပါတယ်။ သူမက အစ်မနှစ်ယောက်ဖြစ်တဲ့ Khloe နဲ့ Kim Kardashian တို့ကိုဖက်ထားနေတာပါ။ ဖိုတိုရှော့သမားတွေက မော်ဒယ်တွေရဲ့မျက်နှာတွေအပြင် ခြေထောက်တွေကိုပါ မမှတ်မိနိုင်လောက်အောင်ပြင်ပေးခဲ့တာဖြစ်ပါတယ်။

Ariana Grande ရဲ့ပရိတ်သတ်တွေကတော့ တွေ့ရတဲ့အလှဓာတ်ပုံမှာ အသက်(၂၄)နှစ်အရွယ် ပေါ့ပ်စတားရဲ့ လက်ဟာ သာမန်ထက်(၂)ဆကြီးနေကြောင်း ထောက်ပြခဲ့ကြပါတယ်။ တဖန် Fifth Harmony ချစ်သူတွေက Billboard မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ Ally Brooke ရဲ့ခြေနှစ်ဖက်စလုံးက ညာဖက်ချည်းပဲဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

Victoria’s Secret ကြော်ငြာတစ်ခုမှာတော့ အသက်(၂၈)နှစ်အရွယ် Martha Hunt ရဲ့တံတောင်ဟာ အသက်(၂၆)နှစ်အရွယ်မော်ဒယ် Stella Maxwell ရဲ့နောက်ကွယ်ကနေ ပုံမကျ ပန်းမကျနဲ့ထွက်နေတာမြင်ရမှာပါ။

အလားတူ Lindsay Lohan ရဲ့ဓာတ်ပုံမှာတော့ သူမရဲ့ပေါင်ကိုပိန်သွယ်သွားအောင် လုပ်ရာကနေ သူမနောက်ကနံရံပါ တွန့်ခေါက်ပြီးသိမ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။

အသက်(၃၇)နှစ်ရှိတဲ့ Kim ရဲ့သူငယ်ချင်းဖြစ်သူ Jonathan Cheban နဲ့ရွက်လှေပေါ်မှာရိုက်ထားတဲ့ဓာတ်ပုံမှာတော့ လက်အဖြတ်ခံထားရတာကို တွေ့ရပါတယ်။

လင်းလင်း(ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *