Funny

မိန်းမတွေကို ဘယ်တော့မှ အရက်မတိုက်နဲ့ 😁

“မိန်းမ မောင် ဒီနေ့လစာ ထုတ်ပြီးပြီ”

“ဟုတ်လား အဲ့ဒါဆို ညနေ ကျရင် မောင့်မိဘ တွေကို အတူတူ သွားကန်တော့ မယ်လေ ပြီးရင် ဈေးလေး ဘာလေး ဝယ်တာပေါ့”

“အွမ်း အဲ့ဒါ ကောင်းတယ် မိန်းမ
ရော့ မောင့်လစာ တစ်ပြားမှ မလျှော့ဘူး နော်”

“အင်းပါ ယောက်ျားရဲ့ ယောက်ျား လိမ္မာတယ် ဆိုတာ မိန်းမ သိပါတယ်”

စကားပြောရင်း သူက ပိုက်ဆံလေးတွေ ရေနေတယ်
ကျွန်တော်က လကုန်ရက် ဆိုတော့ ရှကီ ကစ်ချင် နေတာ
သူ့ကို ဘယ်ကနေ စပြောလို့ ပြောရမှန်း မသိဘူး

“မိန်းမ”

“ပြောလေ ယောက်ျား”

“ဟိုဟာလေ ဟိုဟာ”

“ဘာ ဟိုဟာတုန်း မောင်သုံးစရာ မရှိလို့လား
ရော့ နှစ်ထောင် ယူထား လေ”

ခွီး တော်တော် များတဲ့ ပိုက်ဆံ တစ်လလုံး သုံးရင်တောင် မနည်း ကုန်အောင် သုံးရမှာ
နှစ်ထောင်တဲ့

“အဲ့ဒါ မဟုတ်ဘူး မိန်းမရဲ့”

“အဲ့ဒါဆို ဘာလဲ”

“မောင် ညကျရင် သူငယ်ချင်း တွေနဲ့ အရက် နည်းနည်းလေး သောက်ချင် လို့”

“ဘာ!!!!”

“အောင်မလေး သောက် ပလုတ်တုပ် ဖြည်းဖြည်း အော်ပါ မိန်းမရဲ့
မောင့် နားစည်တွေ ကွဲထွက် ကုန်ဦးမယ်”

“ရှင်က အရက် သောက်မယ် ဟုတ်လား”

“ဟုတ်တယ်လေ အဲ့ဒါ မောင့်ကို နှစ်သောင်း လောက်”

“ဘာပြောတယ်!!!! နှစ်သောင်းလောက် ဟုတ်လား”

“အောင်မလေး သောက်ခွေး ငါ သေတော့ မှာပဲ”

အစောနက ကြည်နူး နေတာလေး တွေတောင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်
အာဗြဲကြီးနဲ့ထအော်တာ
ဒီတစ်ခါအော်တာ ပိုကျယ်တယ်
စာကျက်နေတဲ့ကျောင်းသူတွေတောင် လင်မယားချင်း ရန်ဖြစ်တယ်ထင်ပြီး စာကျက်နေတဲ့အသံတွေတိတ်
သွားတယ်

“တိုးတိုးအော်ပါ မိန်းမရယ် ဟိုမှာ ကျောင်းသူတွေလန့်ကုန်ပြီ”

“အော် ရှင် မဟုတ်တာ လုပ်မှာကျ လူသိမှာ ကြောက်နေတယ်ပေါ့ ဟုတ်လား
အော်မှာပဲ အော်မှာပဲ ကျောင်းသူတွေမကလို့ တစ်ရပ်ကွက် လုံးပါလန့်လန့် အော်မှာပဲ”

ခက်ပြီ တောင်းပန်လို့မရ တိုးလျှိုးလို့မရ
ပြောလေကဲလေ မန်းလေပြဲလေဆိုတာ သူ့လိုလူစားမျိုး
အရက်လေးသောက်မယ့် ကိစ္စကို ရေးကြီး ခွင်ကျယ် လုပ်နေတာ
ကိုယ်ကလည်း ပိုက်ဆံမရသေးတော့ သည်းခံနေရတာပေါ့ နို့မို့ဆိုရင်တော့ ဟွင်း ဟွင်း
လက်စွမ်းပြ လိုက်မှာ ဒါပေမဲ့လည်း ယောက်ျားဟာ ယောက်ျားပါပဲ ဟီး ဟီး

“မိန်းမ”

“ပြောလေ”

ဒါမျိုးကျရင် သူက အိနြေ္နသိပ်ကြီးတာ ထူးတာတောင် ကိုယ့်ဘက်မလှည့်ဘူး ပိုက်ဆံသိမ်းတာလိုလို အဝတ်ခေါက်တာလိုလိုနဲ့ ပိုက်ဆံပေးရမှာကြောက်လို့ဥာဏ်တွေများနေတာ မသိရင်တော့ တည်ငြိမ်သူကြီးပေါ့လေ

တစ်ချို့လည်းဒါမျိုးကြုံဖူးမှာပါ ကိုယ့်အတွက်အရေးကြီးနေတဲ့ကိစ္စကို အရေးမကြီးတဲ့ ကိစ္စဖြစ်အောင် ဥပေက္ခာပြုနေတဲ့အကွက် မိန်းမတွေအများစုသုံးတာ
ဒါကထားပါ ကိုယ်ကလိုချင်တာဆိုတော့ ချော့ရမှာပဲ

“မိန်းမရယ် မောင်က တစ်ခါတစ်လေ လေး သောက်မှာကို ခွင့်ပြုပေးလိုက် ပါလားကွာ”

“မရဘူး မရဘူး အရက်သောက်တာ မကောင်းဘူး
ရှင်တို့က အစမှာ အရက်ဝိုင်းဖွဲ့ သောက်မယ်
မူးလာရင် KTV သွားမယ် မာဆတ် သွားမယ်
ပြီးရင် ပြသနာရှာမယ် ဒါပဲ မလား”

“အရက်သောက်ရုံ ပဲပါကွာ ကျန်တာတွေ မပါဘူး”

“အဲ့ဒါဆိုကျွန်မလည်း လိုက်ခဲ့မယ်လေ”

“ဘယ်သင့်တော် မလဲ မိန်းမရယ်”

“မသင့်တော်ရင် ကျွန်မလဲ မလိုက်ဘူး ရှင်လည်း မသွားနဲ့ မနေနိုင် မထိုင်နိုင် မဟားဒယား သောက်ချင်နေတယ် ဆိုရင်တော့ အိမ်မှာပဲသောက်”

“ဟာကွာ မိန်းမကလည်း ဆိုင်မှာ သောက်တော့ သူငယ်ချင်းတွေနဲ့ အလ္လာပသလ္လာပ လေးတွေပြောရတာပေါ့ အိမ်မှာသောက်ရင် အမြည်းလဲမစုံဘူး ပြီးတော့ မောင်တစ်ယောက်ထဲ သောက်ရမှာ အဖော် မပါတော့ပျင်းစရာကြီး”

“ရှင်စားချင်တဲ့ အမြည်းကို ပြော ကျွန်မ အားလုံး လုပ်ပေးမယ် အဖော် မရှိလို့ပျင်းနေရင် ရှင်စသောက်တာနဲ့ သောက်ပြီးတဲ့အထိဘေးမှာ ထိုင်နေ ပေးမယ် ရှင်အချိုးပြေရင် အရက်ပါငှဲ့ပေးဦးမယ် ဟုတ်ပြီလား
အဲ့ဒါကျွန်မဘက်က လုပ်ပေးနိုင်တာ အကုန်ပဲ ရှင် သောက်ချင်ရင်သောက် မသောက်ချင်ရင် လဲသဘောပဲ”

“အေးပါမိန်းမရယ်”

နောက်ဆုံးတော့ ကိုယ်ပဲ လက်လျှော့ပေး လိုက်ရတယ်
ဒါကြောင့် ယောက်ျားဟာ ယောက်ျားပါပဲလို့ပြောတာ

ညနေရောက်တော့ အဖေနဲ့အမေကို သွားကန်တော့ပြီးတော့ ဈေးဝင် သူကသူဝယ်ချင်တာဝယ် ကိုယ်ကတော့ နောက်ကနေ အထုပ်ဆွဲပေါ့ ခြေထောက်တွေကိုညောင်းလို့ သူတစ်ဈေးလုံးမွှေလို့နှံ့ပြီဆိုမှ အသံ ထွက်လာတယ်
“ရှင်ဝယ်ချင်တာ ဝယ်လေ” တဲ့

ဘာမှ ထွေထွေထူးထူး ဝယ်မနေတော့ဘူး
ညစာအတွက် ဂရမ်းအပြာတစ်ထောင့် ဝယ်လိုက်တယ်
ကိုယ်ကလည်း အကြံနဲ့ တစ်ပြား ၀ယ်ရင် တစ်ရက်ပဲ သောက်ရမှာ
တစ်ထောင့်ဝယ်တော့ ဘာပဲပြောပြောနှစ်ရက်စာငြိမ်ပြီလေ
ပြီးတော့ ယိုးဒယားသဘောင်္သီးထောင်း တစ်ပွဲ လမ်းမှာ ပါဆယ် ဆွဲလိုက်တယ် ဒီလောက်ပဲ
ကြက်ဥကြော်တို့ လက်ဖက်သုပ်တို့က သူ အိမ်မှာ လုပ်ပေးမယ် ဆိုတာနဲ့ မဝယ်တော့ဘူး

အိမ်ရောက်တာနဲ့သူက ကတိအတိုင်းမီးဖိုချောင်ဝင်ပြီး အမြည်းလုပ်နေတယ် ကိုယ်တွေလည်း
အရက်ပုလင်းကို ရေခဲသေတ္တာထဲ ထည့် ဖန်ခွက် ရေ ဆေးလိပ် မီးခြစ် တစ်ရှူး အကုန်အသင့်လုပ်ထားတယ် ပြီးတော့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး မလာနိုင်တော့တဲ့အကြောင်း တောင်းပန်ရတယ်
သူငယ်ချင်းတွေ ကလည်း တော်တော်မေတ္တာ ရှိပုံရတယ် ဆဲလိုက်တာ မှ မိုးမွှန် နေတာပဲ
မတတ်နိုင်ဘူးလေ ကိုယ်က အိမ်မပိုင်ပဲ ဂေါ်လီ လုပ်ချင်တာကိုး
သူတို့ ဆဲလည်း ခံယုံပဲ

ယောက်ျားရေ ရပြီနော်

အမြည်းတွေ အကုန် လုပ်ပြီးတော့
သူက ဝိုင်းဘေးမှာ ယပ်တောင်လေး ကိုင်ပြီး လှမ်းအော်တယ်

အေးအေး လာပြီမိန်းမ

ဒါမျိုးကျတော့လည်း ငါ့မိန်းမက အလိုက် သိသားပဲလို့ တွေးရင်း သူငှဲ့ထားပေးတဲ့ အရက်လေးကို မော့ချ
ရေလေး နည်းနည်းသောက်ပြီး ယိုးဒယား သဘောင်္သီးထောင်း တစ်ဖတ်လောက် ကောက်ဝါးလိုက်တာ
ဝိုးးးး အရသာရှိလိုက်တာ

သူက ဘေးကနေ ယပ်တောင်လေး ခပ်ပြီး ကျွန်တော့်ကို ကြည့်နေတယ် ကျွန်တော်ကတော့ တစ်လောကလုံးကို မေ့ထားပြီး ဇရက်မင်း စည်းစိမ်ခံ စားနေတာပေါ့

သုံးခွက်လောက် သောက်ပြီးတဲ့အချိန်
သူလည်း ပျင်းလာလို့ ထင်တယ် အသံထွက်လာတယ်

“ယောက်ျား”

“အွမ်း ပြောလေ မိန်းမ”

“အရက်သောက်တာ ကောင်းလား”

“ဟာ ကောင်းလို့သောက်တာပေါ့ မိန်းမရဲ့”

“ဟုတ်လား အဲ့ဒါဆို မိန်းမလည်း သောက်ကြည့်မယ်လေ”

“မလုပ်ပါနဲ့မိန်းမရယ် မင်းက ကျောင်းဆရာမလေ
မင်းတပည့်တွေ သိသွားရင် မကောင်းဘူး”

“အို ဘာဖြစ်ဖြစ်
ရှင်လည်း ကျောင်းဆရာမ ယောက်ျားပဲ ရှင်တောင်သောက်သေးတာ ကျွန်မလည်း နည်းနည်းတော့ သောက်ကြည့်ချင်တာပေါ့”

“မင်းအမေသိသွားရင် မကောင်းဘူးလေ”

“အမေ မသိပါဘူး အမေက အိပ်နေပြီ”

“အရက်သောက်တာမကောင်းဘူး မိန်းမရဲ့”

“ရှင်ခုနကပြောတော့ ကောင်းတယ်ဆို”

“အဲ့ဒါ ယောက်ျားလေးတွေအတွက်ပြောတာလေ”

“အရက်က ကျား ၊ မ ခွဲထားသေးလို့လား
နိုင်ငံခြားမှာဆို မိန်းကလေးတွေလည်း သောက်နေတာကို”

“အဲ့ဒီ အရက်တွေက ပျော့တယ်မိန်းမရဲ့ ဒါက အပြင်း မိန်းကလေးတွေသောက်လို့မရဘူး
မိန်းမ သောက်ချင်ရင် မောင် spy ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ် သွားဝယ်ပေး မယ်လေ”

“မရဘူးကွာ အဲ့ဒီအပြင်းပဲ သောက်ချင်တာ”

“ဟာကွာ ပြောမရလည်း သောက် သောက်
ပြသနာတော့ မရှာနဲ့”

ဘယ်လိုမှ တားမရတဲ့အဆုံး သောက်ခိုင်းလိုက်တယ် မဟုတ်ရင် ဘေးနားကနေမသောက်ပဲ ထိုင်ရစ်နေတာ အရက်သောက်တာမမူးဘူး သူရစ်တာနဲ့ မူးပြီး တစ်ခါထဲ အသက် ထွက်လောက်တယ်

“သောက် သောက်”

ဖန်ခွက်ထဲ တစ်ပက်ငှဲ့ပေးလိုက်တယ် စကေးကြမ်းချက် တစ်ခါထဲ မော့ပစ်တယ်
ပြီးတော့ ရေတောင်မသောက်ဘူး မျက်နှာကြီး ရှုံ့မဲ့နေတာ ရင်တွေ ဘယ်လောက်တောင် ပူနေလဲ မသိဘူး

ဟာ သေတော့မှာပဲ မိန်းမရော့ ရေသောက်
အဝသောက်ချလိုက် ဆိုပြီး ရေတိုက်လိုက်မှ သက်သာသွားတယ်

“ကောင်းလား မိန်းမ”

“ဟင့်အင်း မကောင်းဘူး
အနံ့ကလဲ တစ်မျိုးကြီး ဗိုက်ထဲမှာလဲ အရမ်းပူတယ်”

“အေး အဲ့ဒါကြောင့်ပြောတာ မသောက်နဲ့လို့
ခုရင်တွေ ပူနေပြီမလား ဆက် မသောက်တော့နဲ့ နော်”

“သောက်ဦးမှာ”

” အမ် ဘုရား ဘုရား
ခုနက ပြောတော့ ရင်တွေ ပူတယ်ဆို”

ဟုတ်တယ် အဲ့ဒါ မသောက်တတ် သေးလို့
ခု သောက်တတ်သွားပြီ အရက် သောက်ပြီးတာနဲ့ ရေသောက် ရမယ် ပြီးရင် အမြည်းစားရမယ်
ဒါပဲလေ ကျွန်မ အဲ့ဒီလောက်တော့ မအပါဘူး ယောက်ျားရယ်

“အေး သောက်တတ် သွားရင်လည်း ဆက်သောက်ကွာ မောင်ဘာမှ မပြောတော့ဘူး”

ဘယ်ပြောကောင်းမလဲ လင်မယားနှစ်ယောက် သူတစ်ပက် ကိုယ်တစ်ပက် အပြိုင်ကစ်တာပေါ့

အရက် တစ်ထောင့် ကျိုးခါနီး လက်နှစ်လုံးလောက် အလို လောက်ရောက်တော့ ကျွန်တော်က ဇက်ကျိုးနေပြီ သူလည်း ဘယ်လောက်သောက်လို့ ဘယ်လိုဖြစ်နေပြီမှန်းကို မသိတော့တာ
အဲ့ဒီမှာ ပြသနာကစတာပဲ

“ဒုန်းး”

သောက်ပလုတ်တုပ်
စားပွဲခုံကို လက်သီးနဲ့ထုတာ
မူးနေတဲ့ ကျွန်တော်တောင် လန့်သွားတယ်

“ဘာဖြစ်တာလဲ မိန်းမရဲ့”

“ပျောက် နေတယ်”

“အမ် ဘာပျောက်တာလဲ
ပိုက်ဆံလား ဖုန်းလား”

“မဟုတ်ဘူး ဦးထင်ကျော်”

“ဟာ သောက်ပြသနာ တွေတော့ တက်ကုန်တော့ မှာပဲ
ငပိကြော်နံ့တွေ ရနေပြီ”

“ဦးထင်ကျော်ကို ရှာပေးး”

“ဟာ မိန်းမရယ် မိုးချုပ်နေပြီလေ
မနက်ကျမှ မောင်ရှာပေးမယ် ဟုတ်ပြီလား”

“ပြီးတာပဲ ရှင်အခု အိပ်ယာပေါ် ကိုသွား”

“အိပ်ယာပေါ်ကို မိန်းမ သွားရ မှာလေ
မိန်းမ မူးနေပြီ အိပ်တော့နော်”

“ဟျောင့် ငါမမူးသေး ဘူးကွ
ငါ့ခေါင်းအုံး အောက်မှာ ဓါးရှိတယ် သွားယူ”

“ဘုရားဘုရား ဓါးယူပြီး ဘာလုပ်မလို့လဲ”

“ကျောင်းအုပ်ကြီး ကို သွားသတ် မလို့”

“ဟာ အဲ့ဒါမှ အကြီးကြီး ပြသနာ တက်မှာ
မလုပ်ပါနဲ့နော် သနားပါတယ် မိန်းမ သတ်လိုက်ရင် သူသေသွားမှာ”

“သေသွား နားအေးတယ်
အဲ့ကောင် ငါ ခွင့်တစ်ရက်လေး ယူတာကို ခွင့် မပေးဘူးလေ
ဆရာမ အပျိုလေးတွေ ကျ ခေါင်းကိုက်တယ် လို့ ပြောတာနဲ့ ချက်ချင်း အိမ်ပြန် ခိုင်းတာ နှာဗူးကြီး”

“အေးပါမိန်းမရယ် မောင်ခဏနေ သွားသတ် ပေးမယ်နော်”

“အေး ပြီးတာပဲ အဲ့ဒါဆို အုပ်ချုပ်ရေးမှူး ကို အခု ဖုန်းခေါ်”

“ဘာလုပ်ဦးမှာလဲ မိန်းမရယ် ဆယ့်တစ်နာရီ ထိုးတော့မယ် လေ”

“အကြွေးတောင်း မလို့”

“သေချာလို့လား မိန်းမရယ်”

“ဟျောင့် သားရီး မင်း စောက်စကား သိပ်များတာပဲကွာ
ခေါ်ဆို ခေါ်လိုက်

“အေးပါ မိန်းမရယ် မောင်ခေါ် ပေးပါ့မယ်”

စိတ်ကျေနပ်အောင် ခေါ်ပေးလိုက်တယ်
MPT များ လိုင်းကောင်းချက် ချက်ချင်းကို တန်းဝင်တာ
ကံက ဆိုးချင်တော့ အုပ်ကြီး ကလည်း ချက်ချင်းကို ဖုန်းကိုင်တာ

အုပ်ချုပ်ရေးမှူးက သူ့မောင့် တစ်ဝမ်းကွဲ ဆိုတော့ သူ့ဖုန်းမှန်း တန်းသိ တယ်လေ
ကျွန်တော်လဲ ဘာတွေပြောမလဲ သိချင်လို့
စပီကာ ဖွင့်ပြီး သူ့ကို ဖုန်းပေး လိုက်တယ်

“ဟဲလို အမ ပြော ဘာကိစ္စ ရှိလို့လဲ”

“ဟျောင့် အုပ်ကြီး မောင်နှမက မောင်နှမပဲ ငွေရေး ကြေးရေးက ငွေရေး ကြေးရေးပဲ ဒါကို မင်းနားလည်းထားကွ”

“ဟာ အမ ဘာတွေ လာပြော နေတာတုန်း
ကျွန်တော် အမနဲ့ ငွေရေး ကြေးရေး ရှင်းတယ်နော်

“အောင်မာ မင်းအခုမှ ရူးချင်ယောင်ဆောင်မနေနဲ့
လမ်းခင်းတုန်းက မင်းငါ့ဆီက ရှစ်သောင်း တောင်းသွားပြီး
ငါးသောင်းပဲ စာရင်း ပြတာလေ ငါအကုန် သိပြီးပြီ ဟျောင့်”

“ဟာ အမ နည်းနည်းတော့ များသွားပြီ”

“များတော့ မင်း ဘာလုပ်ချင်လဲ ဟျောင့်
ငါ့ယောက်ျားနဲ့ မင်းထိုးရဲ လား”

“ဟာ မိန်းမ မောင်မပါဘူးလေ
မောင့်ကို ဆွဲမထည့်နဲ့လေ”

“အသာ နေစမ်းပါ အဲ့ကောင် ငကြောက် ငါ့မောင် အကြောင်း ငါသိတယ် မင်းမထိုးရဲ ဘူးလား”

“ထိုးရဲတယ် လေ”

“အေး အဲ့ဒါဆို ပြီးတာပဲ ဟျောင့် အုပ်ကြီး ကြားတယ်နော် ငါ့ ယောက်ျားက မင်းနဲ့ ထိုးမယ်တဲ့ မင်းအခုလာခဲ့ဟျောင့်”

“အေးလာခဲ့မယ် အခုစောင့်နေ
အမမို့လို့ သည်းခံနေတာ စော်ကားတာ နည်းနည်း များသွားပြီ”

“ဂွတ်”

“ဖုန်းချ သွားတယ်”

မကြာပါဘူး
အုပ်ချုပ်ရေးမှူးကော အရံ မီးသတ်တွေရော
ရာအိမ်မှူး တွေရော ရောက်လာတယ်

ဒါကို မယ်မင်းကြီးမက ဓါးနဲ့ပြေး ခုတ်မယ် ချည်း လုပ်နေလို့မနည်း ဆွဲထားရတယ်
သောက်ထားတဲ့အရက်တောင် ဘယ်ရောက်သွားမှန်း မသိဘူး

အဲ့ဒီညက သောက်ရှက်တွေလဲ ကွဲလို့
ယောက္ခမကို ဘယ်လို မျက်နှာ ပြရမှန်းကို မသိတော့တာ

တော်သေးတာပေါ့ အုပ်ချုပ်ရေးမှူးက သူ့မောင်ဖြစ်နေလို့
ခံဝန် လောက်နဲ့ပြီးတာ
နို့မို့ဆို လင်မယားနှစ်ယောက် ဂျေးထဲ သွားအိပ်ရမှာ

မနက်ကျတော့ သူမဟုတ်တဲ့အတိုင်းပဲ အရက်နာ ကျနေတဲ့ရုပ်နဲ့
ညက မိန်းမ နည်းနည်း များသွားတယ် တဲ့
ဘာမှ ပြောမနေတော့ဘူး ဆောင့်ကန်ပစ် လိုက်တယ်လေ
ဆောင့်ကန်ပစ် လိုက်တယ် အေးရော

တောင်းပန်လွှာ – ဤစာထဲတွင် ပါဝင်သော လူပုဂ္ဂိုလ် များအား စော်ကားလိုသည့် စိတ်ဖြင့် မဟုတ်ပဲ ဟာသ သဘောဖြင့်သာ ထည့်သွင်း ရေးသား ထားသော ကြောင့် ဟာသ အမြင်ဖြင့်သာ မြင်ပေးကြပါရန် ကိုယ်နှုတ် နှလုံး သုံးပါးဖြင့် ဤနေရာမှ အနူး အညွှတ် တောင်းပန်အပ်ပါသည်

😁😁😁
Credit _ ဖန်အိမ်

Leave a Reply

Your email address will not be published. Required fields are marked *