Funny

ကိုယ့်ကိုယ်ကိုကံဆိုးလှပြီထင်ရင်ဒီလူတွေရဲ့အဖြစ်ကိုကြည့်လိုက်ပါ

တစ်ခါတစ်ရံ ပေါင်မုန့်မီးကင်ရင်း တူးသွားတာမျိုးတွေ၊ ဘတ်စ်ကား လွတ်သွားတာမျိုးတွေ၊ မိုးမိတာမျိုးတွေ ဖြစ်ပြီဆိုရင် သင့်ရဲ့ တစ်နေ့တာဟာ ကံဆိုးလှပြီ ထင်တတ်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ သင့်ထက်ကံဆိုးနေတတ်တာကို ဒီပုံတွေက ပြနေပါလိမ့်မယ်။

ဒီလူတွေဟာ သူတို့ရဲ့ ကံဆိုးမှုတွေကို အကောင်းဘက်က ကြိုးစားမြင်ပြီး ရယ်စရာအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ကြပါတယ်။ တချို့တွေက အချိန်မတော်မှာ ခဏမှေးအိပ်မိပြီး တချို့က လက်ထဲက မုန့်ကိုတောင် ငှက်လုစားတာခံရပါတယ်။ သူတို့ရဲ့ ငိုအားထက် ရယ်အားသန် လွဲချော်မှုတွေကို အောက်မှာဖော်ပြပေးထားပါတယ်။ စာလေးတွေနဲ့အတူ ဖော်ပြပေးထားတယ်နော်။

နံရံကပ်ဗီရိုတွေ ကွာကျသွားတာတစ်ခုတည်းနဲ့ကို မီးဖိုချောင်တစ်ခုလုံး ဗြောင်းဆန်ကုန်ပါပြီ

ဒီတစ်ယောက်ကတော့ သူစားခါနီးရေခဲမုန့်ကို စင်ရော်ငှက်က ဝင်လုတာကို အမိအရရိုက်ကူးနိုင်ခဲ့ပါတယ်

ဒီလူကတော့ ရုံးမသွားခင် ကော်ဖီနောက်တစ်ခွက် လိုနေပြီထင်ပါတယ်။ ဖိနပ်နှစ်ဖက်ညီအောင်ရှာဖို့ ဒီလောက်မခက်ခဲသင့်ပါဘူး

ဒီတစ်ယောက်ကတော့ ပေါင်ပေါ်မှာ မုန့်ပန်းကန်တင်ပြီး နေရောင်ထွက်ခံရင်း အိပ်ပျော်သွားခဲ့မိလို့ပါ

ရွက်ဖျင်တဲ ထိုးပြီးပြီးချင်းမှာ မြေကြီးနဲ့ အခိုင်အမာ ငုတ်ရိုက်ပြီး တွယ်ထားသင့်ကြောင်း ဒီပုံက သက်သေပြနေပါတယ်

မျက်နှာကို အသားညိုစေတဲ့ စပရေးဖျန်းထားချိန်မှာ ဝမ်းမနည်းသင့်ကြောင်း ဒီမိန်းကလေးရဲ့ ပုံက ပြနေပါတယ်

ပင့်ကူကို နှိမ်နင်းဖို့ ဒီအင်းဆက်စပရေးဘူးထက် အားပြင်းတဲ့အရာ လိုနေပြီထင်ပါတယ်

ဒီလူကတော့ ဖျာကို မီးပူတိုက်ဖို့ ကြိုးစားခဲ့ပုံပေါ်ပါတယ်

ဖန်ခွက်ကျကွဲတာနဲ့ လုံလောက်နေပါပြီ။ ဖန်ခွက်နဲ့ အိမ်သာခွက်ကို ထပ်ခွဲတာကတော့

ဒီကားပိုင်ရှင်ကတော့ အရသာရှိတဲ့ ရေခဲမုန့်ကို စားရမယ့်အစား ကားကို သန့်ရှင်းရေးလုပ်ရပါတော့မယ်

White (Shwemom)

Ref: The Sun

Leave a Reply

Your email address will not be published. Required fields are marked *