Celebrities

၇ နှစ်ပြည့် မွေးနေ့ ကျရောက်လာတဲ့အကယ်ဒမီထက်ထက်မိုးဦးရဲ့သမီးလေး စစ်လွန်းဝတီထက်

ထက်ထက်မိုးဦးရဲ့ တစ်ဦးတည်းသော သမီးလေး စစ်လွန်းဝတီထက်ကတော့ ဒီနေ့ဆိုရင် အသက် ၇ နှစ်ပြည့် မွေးနေ့ ကျရောက်လာပြီလို့ သိရပါတယ်။

လူချစ်လူခင်များတဲ့ စစ်လွန်းဝတီထက်က ၇ နှစ်လို့တောင် မထင်ရအောင် ထွားပြီးလှပနေပါတယ်။ ပရိတ်သတ်တွေကတော့ ထက်ထက်မိုးဦးပုံတူလေးလို မြင်နေကြပါတယ်။

ဒီနေ့ (ဇန်နဝါရီလ ၁၁ ရက်) သူမရဲ့ မွေးနေ့လေးကိုတော့ အဖေဖြစ်သူနဲ့ပဲ မွေးနေ့ကိတ်ခွဲခဲ့ပါတယ်။ အမေ ထက်ထက်မိုးဦးကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ တောင်ကြီးမှာ သီလရှင်ဝတ်သွားခဲ့တာပါ။ သာသနာ့ဘောင်မှာ ပျော်နေတယ်လို့လည်း ကြာရပါတယ်။

ဖခင်ဖြစ်သူ စိုးင်းလွမ်းရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ သမီးလေးအတွက် မွေးနေ့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ထက်ထက်မိုးဦးပုံတွေ၊ သူ့အကြောင်းအရာတွေ မတင်တာတော့ ကြာပြီ ဖြစ်ပါတယ်။

Photos©Sai Hlwan,Sis Loon Wati Htet

[email protected]

Leave a Reply

Your email address will not be published. Required fields are marked *