Celebrities

ကြော်ငြာရိုက်ဖို့အတွက် ဟောင်ကောင်ကို သွားခဲ့ကြတဲ့သူတို့နှစ်ယောက်

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ စုံတွဲကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းအနုပညာရှင် စုံတွဲတစ်တွဲပါ။ နှစ်ယောက် စလုံးက အနုပညာလောကမှာ အောင်မြင်မှုအသီးသီးရရှိထာပြီး၊ အကယ်ဒမီရွှေစင်ဆုတွေကိုလည်း အမြောက်အများ ပိုင်ဆိုင်ထားကြတဲ့ သရုပ်ဆောင်စုံတွဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဟောင်ကောင်ကို ကြော်ငြာရိုက်ဖို့ ထွက်ခွာသွားတယ်လို့ အူဝဲက သူမရဲ့ FB မှာ ဖော်ပြထားပါတယ်။ နှစ်ယောက်စလုံး လုံးဝစတိုင်အလန်းတွေနဲ့ လေဆိပ်ကနေ ထွက်ခွာသွားတဲ့ ပုံလေးတွေကိုပါ တင်ထားတာပါ။

သူတို့ စုံတွဲဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက “ညစ်တွန်း” ဆိုတဲ့ ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒီကားမှာတော့ လူမင်းက ဒါရိုက်တာပါ။ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်းတို့ အပြင်တခြား အနုပညာရှင်တွေ အများကြီး ပါဝင်ထားပါတယ်။

သူတို့ဇနီးမောင်နှံ ပါဝင်သရုပ်ဆောင်ထားတဲ့ “ရင်ဘတ်ထဲကဓား” ဇာတ်ကားကတော့ ဒီနှစ် အကယ်ဒမီဆုပေးပွဲ အတွက် တစ်ပြေး နေပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း ပရိသတ်အားပေးမှု တခဲနက်ရခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။ အူဝဲအတွက် အကယ်ဒမီဇာတ်ကား၊ တစ်ချို့ကလည်း ပြေတီဦးနဲ့အူဝဲ နှစ်ယောက်စလုံးအတွက် အကယ်ဒမီဇာတ်ကား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

FROM အူဝဲရဲ့ FB

Leave a Reply

Your email address will not be published. Required fields are marked *