Celebrities

အောင်ရဲထွေးနဲ့ ဗီဒီယိုတစ်ခု အတူဖန်တီးချင်ခဲ့ပေမယ့် အခွင့်မသာခဲ့တဲ့ ဖြူဖြူထွေး

Facebook ပေါ်မှာ ဟာသဗီဒီယိုတွေတင်ရင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိလာခဲ့သူ  အောင်ရဲထွေးကတော့ (၂၀၁၈) ဇန်န၀ါရီလ (၂)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ရုတ်တရက် ခွဲခွာသွားမှုအတွက် ပရိသတ်တွေရော၊သူ့ရဲ့ မိတ် ဆွေ အသိုင်းအ၀ိုင်းတွေ၊အနုပညာနယ်ပယ်မှ သူတွေ အကုန်လုံး မယုံကြည်နိုင်ဖြစ်ခဲ့သလို ၀မ်းနည်း ကြေကွဲ ခဲ့ကြတာ တွေကို တွေ့ရပါတယ်။

အောင်ရဲထွေးဟာ နှစ်သစ်ကူးညက ကလပ်တစ်ခုမှာ အမည်မသိ လူတစ်စုက ဖိနပ်နဲ့ ခေါင်းကိုဝိုင်းကန်တာ ခံခဲ့ ရ တဲ့အတွက်ကြောင့် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင်ခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုတွေခံယူခဲ့ရပေမယ့် ဒဏ်ရာ အရမ်းပြင်းထန်တာကြောင့် ဇန်န၀ါရီ (၂) ရက်နေ့ နေ့လည်ပိုင်းက ကွယ်လွန်သွားခဲ့တာပါ။

ဟာသဗီဒီယိုဖိုင်တွေနဲ့ အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ ဖြူဖြူထွေးက အောင်ရဲထွေး ကွယ်လွန်သွားမှုနဲ့ပတ်သက်ပြီး သူမရဲ့ FB ပေါ်မှာ ၀မ်းနည်းစကား ဆိုထားပါတယ်။အောင်ရဲထွေးနဲ့အတူ ဗီဒီယို အတူရိုက်ဖို့ messenger ကနေ ပြောခဲ့ဖူးတာကို ss ရိုက်ထားတဲ့ ပုံနဲ့အတူ……..

ဟာကွား Aung Yell Htwe ရာ
ညီမနဲ့ video တောင် မရိုက်ရသေးဘူး😭ကြားကြားချင်း ရင်ကို ဆို့သွားတယ် ……” ဆိုပြီး တင်ထားပါတယ်။

from ဖြူဖြူထွေးရဲ့ fb

Leave a Reply

Your email address will not be published. Required fields are marked *