Celebrities

“ရွှေပိုးအိမ်ကို အားနာပါတယ်” လို့ဆိုလာတဲ့ ဘုဏ်းသိုက်

သရုပ်ဆောင် ဘုဏ်းသိုက်က ချမ်းချမ်းနှင့် သူတို့အိမ်ထောင်ရေးအကြား စွပ်စွဲခံနေရသော ရွှေပိုးအိမ်ကို အားနာပါတယ် လို့ ပြောလာပါတယ်။

နိုဝင်ဘာလ ၂၄ ရက်က ချမ်းချမ်းထည့်လိုက်သော ကြေမုံသတင်းစာပါ ကွာရှင်းစာချုပ်နှင့်အတူ သူတို့နှစ်ယောက်အိမ်ထောင်ရေးကို လူစိတ်ဝင်စားမှုများခဲ့တာ ဖြစ်ပါတယ်။

ဒီပြဿနာကြားမှာ ထူးဆန်းတာ တစ်ခုကတော့ ချမ်းချမ်းအကောင့် အတုနဲ့ ကြားဝင်ရေးသားချက်အချို့ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

သတင်းစာပါ ကွာရှင်းစာချုပ်အကြောင်း အွန်လိုင်းပေါ် ပြန့်လာပြီး နာရီပိုင်းအတွင်းမှာ ချမ်းချမ်း ရေးသားချက်ဆိုပြီး ဖေ့စ်ဘွက်မှာ စခရင်ရှုအချို့ ပြန့်လာပါတယ်။ ဒါပေမယ့်လည်း ချမ်းချမ်းအသုံးပြုတဲ့အကောင့်က ထိုစာကို ရေးသားခြင်း မရှိခဲ့သလို၊ ချမ်းချမ်းအကောင့် ပရိုဖိုင်ပုံနှင့်လည်း တူညီခြင်း မရှိပါဘူး။

ထိုရေးသားချက်တွင် ရွှေပိုးအိမ်ဟု နာမည်တပ်မထားသော်လည်း သူလို့ ယူဆစရာ အချက်အလက်များဖြင့် ရေးသားခဲ့သည်။ ဘုဏ်းသိုက်ကို လှူဒါန်းလိုက်ပါတယ် ကဲ့သို့သော စကားကွန့် ရေးသားမှုများလည်း ပါဝင်သည်။

ထိုစာကြောင့် ရွှေပိုးအိမ်ဟာ ဘုဏ်းသိုက်နှင့် သမုတ်ခံခဲ့ရပြီး မဆဲကြဖို့ တောင်းပန်ရတဲ့အထိ ဖြစ်ခဲ့သည်။ မနေ့က စန်းဒေးဂျာနယ်နှင့် အင်တာဗျူးတစ်ခုမှာတော့ ရွှေပိုးအိမ်ကို အားနာပါတယ်လို့ ဘုဏ်းသိုက်က ပြောလာပါတယ်။

“စစချင်း မသိဘူး၊ သူရေးလိုက်တယ်ပဲ ထင်တာ၊ သူနဲ့ ကျွန်တော်ဖုန်းရတော့မှ မဟုတ်ဘူး၊ သူ့ဟာမဟုတ်ဘူး ” သူက နာမည်မရေးဘူးပေါ့နော်၊ ဒါပေမယ့် တခြားပေ့ခ်ျတွေက တင်တဲ့အပေါ် ဟို ညီမကိုလည်း အားနာပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photos©Bone Thaik,Shwe Poe Eain

Leave a Reply

Your email address will not be published. Required fields are marked *