Celebrities

အချစ်တွေ အသစ်တဖန်မွေးဖွားလာတော့မယ်လို့ အသိပေးလာတဲ့ ချမ်းချမ်း

ဂီတခရီးလမ်းမှာ အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ယနေ့တိုင် ပရိသတ်အကြိုက် အချစ်သီချင်းချိုချိုလေးတွေကို အမြဲသီဆိုတက်သူ ချမ်းချမ်းတစ်ယောက်တော့ ဒီနေ့ပျော်နေပုံပါပဲ ပရိသတ်ကြီးရေ ။

သူမရင်ထဲက ခံစားချက်လေးတစ်ချို့ကို ဒီလိုပဲလွတ်လပ်စွာရေးသားရင်း သူမချစ်တဲ့ ပရိသတ်ကြီးကို မျှဝေထားတာ တွေ့ရပါတယ်။

“ စိတ်ဆိုတာ ထွက်ပေါက်ပေးရတယ်သင့်ကိုဘယ်သူက ဘယ်အရာကအခုပျော်စေတာလဲ? သင်သိမြင်လာတဲ့နေ့က နေ့သစ်တစ်နေ့ကို စတင်လိုက်ခြင်းပါပဲပျော်တယ် အချစ်အတွက် တဖန်မွေးဖွားတော့မယ် ကိုယ့်ကိုချစ်တဲ့သူတွေဆီ အပြေးအလွှား နားနေလိုက်တော့မယ်” လို့ဆိုတာ လတ်တလောခံစားချက်ကလေးတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

ဒီစကားလေးအတွက် ပရိသတ်တွေကတော့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားနေသလို သူမကိုချစ်တဲ့ ပရိသတ်တွေကလည်း မိသားစုပုံကလေးတွေမြင်ရတော့မယ်ဆိုပြီး မှတ်ချက် ကလေးတွေ ဝင်ပေးထားတာတွေ့ရပါတယ်။ သူမတို့ဘယ်လိုပဲဆုံးဖြတ်ပါစေ သူမကိုချစ်နေဆဲ ပရိသတ်ကြီးနဲ့ အောင်မြင်မှုတွေက ဘယ်တော့မှရပ်တန့်သွားမှာ မဟုတ်တာတော့ အသေအချာပါပဲ။ဒါကတော့ အဆိုတော်ချမ်းချမ်းရဲ့ လတ်တလောလှုပ်ရှားမှု အကြောင်း အရာများပဲ ဖြစ်ပါတယ်။

Source – Chan Mya Nyein FB

Leave a Reply

Your email address will not be published. Required fields are marked *