Celebrities

မန္တလေးက ကောင်မလေးကို V Day လက်ဆောင် ကိုယ်တိုင်သွားပေးခဲ့တဲ့ စိုင်းစိုင်း

စိုင်းစိုင်းကတော့ Valentine နေ့လေးမှာ ပရိသတ်တွေကို အံ့သြအောင် လုပ်လိုက်ပါပြီ။ စိုင်းစိုင်းက Valentine နေ့လေးမှာ Valentine လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားပေးခဲ့တာ တွေ့ရပါတယ်။

Image may contain: one or more people, people standing, car and outdoor

သူသွားပေးခဲ့တဲ့ ကောင်မလေးက ရန်ကုန်က မဟုတ်ပါဘူး ။ မန္တလေးက ကောင်မလေး တစ်ယောက်ကို Valentine လက်ဆောင်သွားပေးခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ လက်ဆောင်ကို ရသွားတဲ့ ကောင်မလေးကလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလိုလေး ရေးသားထားတာတွေ့ရပါတယ်။

“Perfect Valentines Day!!!!!!   ❣

Love u Bae G” ဆိုပြီး ပြောထားတာပါ။ သူမအတွက်ကတော့ ချစ်သူများနေ့လေးဟာ လုံးဝကို ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။

Image may contain: 1 person, standing and outdoor

စိုင်းစိုင်းက သူရဲ့ ပရိသတ်ကို Valentineလက်ဆောင်နဲ့ Surprise တိုက်လိုက်တာပါ။ အရုပ်ကြီးတွေ ဘောလုံးတွေနဲ့ စိုင်းစိုင်းနှုတ်ခမ်း နီလေးတွေကို ထည့်ထားတဲ့ ခြင်းလေးကို လက်ဆောင်ပေးခဲ့တာတွေ့ရပါတယ်။စိုင်းစိုင်းဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

Image may contain: one or more people, people standing, shoes and outdoor

ဒီနေ့ (ဖေဖော်ဝါရီ ၁၄ရက်)မှာ စိုင်စိုင်းရဲ့ SAI Sexy and Intelligent Valentine’s  Day ရှိုးလေးကို ပြည့်သူရင်ပြင်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Image may contain: one or more people, people standing, shoes, child and outdoor

၁၉၇၉ ခုနှစ် မှာ မွေးဖွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ  ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Image may contain: 1 person, smiling

Image may contain: 1 person, smiling, standing

Image may contain: 3 people, people smiling

မကြာခင်မှာလည်း သူ့ရဲ့ နောက်ထပ်အခွေအသစ်ထွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo : Sai Sai FB

Leave a Reply

Your email address will not be published. Required fields are marked *