Celebrities

ပရိသတ်တွေ ဂျင်းထည့်မခံရစေဖို့ သတိပေးလိုက်တဲ့ စိုင်းစိုင်း

စိုင်းစိုင်းခမ်းလှိုင်ကတော့ မိန်းကလေးပရိသတ်တွေ သဲသဲလှုပ်ဝန်းရံခြင်း အခံရဆုံး အနုပညာရှင်တစ်ယောက်ပါ။ အောင်မြင်မှုကို အခုထိ အချိန်အကြာကြီး ဆုပ်ကိုင်ထားနိုင်သူပါ။ စိုင်းစိုင်းက သူ့ရဲ့ FB မှာဆိုရင် မကြာခဏ ဆိုသလို Post အသစ်တွေ တင်လေ့ရှိသူပါ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် အချစ်၊ ဘ၀နဲ့ ပတ်သက်တဲ့ စာလေးတွေကိုပါ တင်လေ့ရှိပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နာမည်နဲ့ပုံကို အသုံးပြုပြီး Page အတုတွေ အများကြီး ထွက်ပေါ် လာနေပါတယ်။ တော်တော်များများက အဲ့ဒီ Page တွေကို အတုလို့ မသိကြပဲ စိုင်းစိုင်းရဲ့ Page အစစ်လို့ထင်ပြီး “စိုင်းစိုင်းက ဒီလိုပြောတယ်..” ဆိုပြီး ရှယ်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့် စိုင်းစိုင်းက သူ့ရဲ့ ပရိသတ်တွေအညာ မခံရစေဖို့ သူ့ရဲ့ FB ကတစ်ဆင့် အခုလို သတိပေးထားပါတယ်။

“SAISAI အယောင်ဆောင် Page အတုတွေ ဂျင်းထည့်တာ မခံကြပါနဲ့
Online ပေါ်မှာ အလိမ်ခံရတာ သိပ်များနေပါတယ်
SAI SAI KHAM LENG Page အစစ်က 
အပြာရောင်အမှန်ခြစ်လေးပါတယ်
သေချာကြည့်ပြီး ချင့်ချိန်ပြီးမှ Share ပါ……….” ဆိုပြီး တင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *