Celebrities

“ပရိတ်သတ်တွေမျက်လုံးပြူးသွားစေနိုင်တဲ့အရာလေးတစ်ခုဖန်တီးလိုက်တဲ့ ဧငြိမ်းဖြူ”

ဧငြိမ်းဖြူးလို့ပြောလိုက်တာနဲ့ ဗိုလ်ဆန်တဲ့မျက်နှာထားလေးနဲ့လှပတဲ့ မော်ဒယ်လေးတစ်ဦးဖြစ်တယ်ဆိုတာကတော့ ပရိတ်သတ်တွေသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ သူမကတော့ ပရိတ်သတ်တွေချစ်တဲ့ အဆိုတော် ရဲရင့်အောင်ရဲ့ ချစ်သူလေးလဲဖြစ်ပါတယ်။ သူမနဲ့ ရဲရင့်အောင်ကိုရောပရိတ်သတ်တွေသတောတူကြရဲ့လား။

သူမကတော့ ရဲရင့်အောင်ဆီကနေချစ်သူသက်တမ်း တနှစ်ပြည့် anniversary အထိမ်းအမှတ်တနေနဲ့ စုံတွဲပုံတက်တူးလေးကိုလဲ လက်ဆောင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေဝတ်ဆင်တိုင်းကျက်သရေရှိလှပလှတဲ့ သူမကတော့ သူမတတ်ကျွမ်းတဲ့အနုပညာတစ်ခုကို ပရိတ်သတ်တွေကိုထပ်မံချပြခဲ့ပါတယ်။ ထိုအရာလေးကတော့ သူမကိုယ်တိုင်ကထားတဲ့ အက ဗီဒီယိုလေးတစ်ခုကို ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။

လတ်တလောမှာ ပန်းကံ့ကော်ဒိုင်ယာရီ ဆိုတဲ့ ဇာတ်လမ်းတွဲလေးလဲရိုက်ကူးနေပြီး မအားတဲ့ကြားကနေ သူမရဲ့ပရိတ်သတ်တွေ ရှုမြင်ခံစားနိုင်စေဖို့ တင်ဆက်ပေးခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။

ပင်ပန်းမှာကိုမကြောက်ပဲ ပရိတ်သတ်တွေပျော်ရွှင်စေရဖို့ အနုပညာအသစ်အသစ်တွေ အမြဲတင်ဆက်ပေးနေတဲ့သူမရဲ့ စိတ်သဘောထားလေးက အရမ်းကြည်နူးစရာကောင်းလှပါတယ်။ ပရိတ်သတ်တွေခံစားကြည့်ရှုနိုင်စေဖို့အတွက်လဲ သူမရဲ့ အက ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source -A Nyein Phyu

Leave a Reply

Your email address will not be published. Required fields are marked *