Sport News

စည်သူအောင်ဟာ မြန်မာပြည်ကထိုင်းလိဂ်သို့ နောက်ဆုံးပို့ကုန်လား

ရတနာပုံအသင်းရဲ့တောင်ပံကစားသမားစည်သူအောင်ဟာထိုင်းပရီးမီးယားလိဂ်အတွက်မြန်မာပြည်ရဲ့နောက်ဆုံးပို့ကုန်တစ်ခုလားဆိုတာစိတ်ဝင်စားစရာပါ။မနေ့ကထိုင်းကလပ်အသင်းတစ်သင်းဟာစည်သူအောင်ကိုခေါ်ယူဖို့ သဘောတူညီမှုရထားပြီလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရစည်သူအောင်အပြောင်းအရွှေ့ သတင်းဟာမြန်မာဘောလုံးရပ်ဝန်းဆီကအတွင်းလူတွေဆီကလာတယ်လို့ဆိုပါတယ်။တစ်ခြားသတင်းတွေအရတော့စည်သူအောင်ဟာထိုင်းT-2ကလပ်အာမီယူနိုက်တက်ကိုပြောင်းရွှေ့ ခဲ့ပြီလို့ ဆိုပါတယ်။ ထိုင်းကစားသမားအပြောင်းအရွေဟာဖေဖော်ဝါရီငါးရက်မှာပိတ်မှာဖြစ်ပြီးအချိန်သိပ်မကျန်တော့ပါဘူး။စည်သူအောင်သာတကယ်ပြောင်းဖြစ်ခဲ့ရင်ဒီရက်ပိုင်းတွင်းအပြောင်းအရွှေ့ ဖြစ်လာမှာပါ။စည်သူအောင်ဟာအမြဲတစေလိုလိုထိုင်းကလပ်တွေနဲ့သတင်းထွက်ပေါ်နေတတ်သူဖြစ်ပါတယ်။လက်ရှိမြန်မာနေရှင်နယ်လိဂ်မှာလည်းခြေစွမ်းပြနေပြီးသုံးပွဲမှာငါးဂိုးသွင်းယူထားပြီးရတနာပုံအတွက်ခြေစွမ်းပြနေသူပါ။ ရတနာပုံအသင်းဟာလက်ရှိဘောလုံးရာသီမှာအောင်သူကိုလက်လွတ်ထားရပြီးစည်သူအောင်ကိုထပ်ပြီးလက်လွတ်ခံမလားဆိုတာတော့စိတ်ဝင်စားစရာပါ။ လက်ရှိမှာစည်သူအောင်နေရာမှာအစားထိုးဆော့ဖို့အတွက် လူငယ်ကစားသမားပြည့်စုံနိုင်ရှိနေတာမို့ အပြောင်းအရွှေ့ ဟာ ရတနာပုံအသင်းကလက်ခံရင်ဖြစ်လောက်ပါတယ်။ ထိုင်းလိဂ်ဟာဖေဖော်ဝါရီကိုးရက်နေ့ ဆိုရင်ရာသီသစ်ပြန်စပါပြီ။ မနှစ်ကဘောလုံးရာသီမှာထိုင်းလိဂ်ကိုရောက်ဖို့ရေပန်းအစားဆုံး သူသုံးယောက်ရှိခဲ့ပါတယ်။ သူတို့ကတော့အောင်သူ၊ကျော်ကိုကိုနဲ့စည်သူအောင်ပါ။ လက်ရှိအနေအထားအရအောင်သူနဲ့ကျော်ကိုကိုဟာ ထိုင်းကိုရောက်သွားပါပြီ။ စည်သူအောင်ကတော့ဘယ်လိုဆက်ဖြစ်သွားမလဲစောင့်ကြည့်ရမှာပါ။ အပြောင်းအရွှေ့ ကလည်းမကြာခင်ပိတ်သိမ်းတော့မှာဖြစ်လို့ထိုင်းလိဂ်ကိုစည်သူအောင်ပြောင်းမပြောင်းမကြာခင်သိကြရတော့မှာပါ။ ဒါပေမယ်လက်ရှိမှာသတင်းထွက်ပေါ်နေတဲ့အာမီယူနိုက်တက်ဟာထိုင်းဒုတိယတန်းကလပ်သာဖြစ်တာမို့သူ့အတွက်အဆင်ပြေပါ့မလားဆိုတာပရိသတ်တွေကတွေးပူနေကြပါတယ်။ from Sports TH Sports

Sport News

ဟယ်ရီကိန်းနဲ့လူကာကူရဲ့ ကွာခြားချက်ကို ထောက်ပြခဲ့တဲ့ ဖာဒီနန်

မန်ယူအသင်းရဲ့ အထင်ကရ နောက်တန်းခံစစ်မှုးဟောင်း ဖာဒီနန်ကတော့ စပါး – မန်ယူပွဲအပြီးမှာ ဟယ်ရီကိန်းကို ချီးကျူးလိုက်ပါတယ်။ ဟယ်ရီကိန်းရဲ့ အသင်းနဲ့  ချိတ်ဆက်တွဲကစားတတ်ပုံကို ဖာဒီနန်က ကြိုက်နှစ်သက်ခဲ့တာလည်းဖြစ်ပါတယ်။ ဖာဒီနန်က ဟယ်ရီကိန်းကို  တကယ့် No.9 ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ မန်ယူနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံပေါ်တော်တော်လေး အကျိုးပြုခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ပထမဆုံး ၁၁စက္ကန့်မှာရခဲ့တဲ့ အဲရစ်ဆင်ရဲ့ ဂိုးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ ခေါင်းဦးမှုကြောင့် စပါးတို့ ဘောလုံးရခဲ့တာဖြစ်ပါတယ်။ “ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်မှုးဖြစ်ကြောင်း ဒီနေ့သက်သေပြခဲ့ပါတယ်။ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦးဆိုတာ သက်သေပြခဲ့ပါတယ်။ သူဟာ မန်ယူအသင်းရဲ့ ဗဟိုခံစစ်သမားတွေကို အနိုင်ယူခဲ့ ပါတယ်။” “သူက မန်ယူခံစစ်ကစားသမားတွေကို ကာယအားဖြင့် […]

Sport News

ပီအက်စ်ဂျီနဲ့ပွဲအတွက် အခက်တွေ့နေတဲ့ ရီးရဲမက်ဒရစ်

ရီးရဲမက်ဒရစ်အသင်းဟာ ယခုလအတွင်းမှာ ပီအက်စ်ဂျီ အသင်းနဲ့ ယှဉ်ပြိုင်ကစား ရတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ခံစစ်ပိုင်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာရာနီဟာ ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လာမယ့်၁၄ရက်နေ့မှာ ကစားရမယ့် ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားဖို့ မသေချာပဲ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိလို့နေပါတယ်။ ဒါ့ပြင် အသင်းရဲ့ အဓိကနောက်ခံလူ ရာမို့စ်ဟာလဲ ဒဏ်ရာကနေ သက်သာလာပြီဖြစ်ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်ဝခြင်း မရှိသေးဘူးလို့ ရီးရဲအသင်းဘက်က ကြေညာထားပါတယ်။ အဆိုးဆုံး အချက်ကတော့ ဗဟိုခံစစ်မှာ ၀င်ရောက်ကစားနိုင်တဲ့ ညာနောက်ခံလူ ကာဗာဂျယ်ဟာလဲ ပီအက်စ်ဂျီနဲ့ ပထမအကျော့ ပွဲစဉ်မှာ ပွဲပယ်ခံထားရလို့ ရီးရဲမက်ဒရစ် အတွက်တော့ တိုက်စစ်အားသန်တဲ့ ပီအက်စ်ဂျီလို အသင်းနဲ့ […]

Sport News

သူသာလျှင်နံပါတ်တစ်ပင်နတီသွင်းသူဖြစ်တယ်လို့တုံ့ပြန်ပြောကြားလိုက်တဲ့နေမာ

ပရိသတ်အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံနေရတဲ့ ပီအက်စ်ဂျီစတား နေမာက သူသာလျှင် အသင်းရဲ့ နံပါတ်တစ် ပင်နတီကန်သွင်းသူ ဖြစ်တယ်လို့ တုံ့ပြန်ပြောကြား သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဒီဂျွန်ကို ၈-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နေမာဟာ ဟက်ထရစ် ရပြီးသားဖြစ်ပေမယ့်လဲ ရရှိခဲ့တဲ့ ပင်နတီကို အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်မယ့် ကာဗာနီကို ပေးမကန်ခဲ့ပဲ ကိုယ်တိုင်ကန်သွင်းယူခဲ့ကာ တစ်ပွဲထဲ ၄ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပရိသတ်အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာပါ။ ဒါ့ပြင် ပြီးခဲ့တဲ့ မောင့်ပယ်လီယာနဲ့ ပွဲစဉ်မှာလဲ ရရှိခဲ့တဲ့ပင်နတီကို နေမာကပဲ ကန်သွင်းသွားခဲ့ပါတယ်။ အဆိုပါ ပင်နတီကိစ္စနဲ့ ပက်သက်ပြီး ဝေဖန်ခံခဲ့ရတဲ့ နေမာကတော့ “လှောင်ပြောင်ခံရတာကို ကျွန်တော်စိတ်ပျက်မိပါတယ်။ ဒါပေမယ့် နည်းပြက နံပါတ်တစ် ပင်နတီကန်သွင်းသူအဖြစ် ကျွန်တော့ကို ရွေးချယ်ပြီးသားပါ။ ဒါကို အသင်းဖော်တွေ […]

Sport News

အပြောင်းအရွှေ့မပိတ်မီ နာရီပိုင်းအလို နောက်ဆုံးရ Football Transfer သတင်းများ

ဘောလုံးရာသီရဲ့ လူအပြောင်းအလဲ (သို့) အရောင်းအဝယ်ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့အချိန်ကာလမပြည့်မီ နာရီပိုင်းအလိုမှာ လက်ရှိအတည်ဖြစ်သွားတဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေနဲ့အတူ၊ ဖြစ်ပေါ်ဖို့ရှိနေတဲ့ အပြောင်းအရွှေ့သတင်းတွေကို Shwemom ရဲ့ ဘောလုံးချစ်ပရိသတ်ကြီးအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ # ချယ်လ်ဆီး ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အိုလီဗာဂီရော့ကို ပြောင်းရွှေ့ကြေး ပေါင် (၁၈)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ အလားတူပဲ တိုက်စစ်မှူးအူဘာမီယန်ရဲ့ လစ်လပ်သွားတဲ့နေရာကို ချယ်လ်ဆီးတိုက်စစ်မှူး Michy Batshuayi နဲ့ အစားထိုးဖို့ ဒေါ့မွန်အသင်းက ကြိုးစားခဲ့ရာ အခုအခါမှာ Michy ဟာ အငှားနဲ့သွားရောက်ကစားဖို့ သဘောတူညီသွားပြီ ဖြစ်ပါတယ်။ # လက်စတာ လက်စတာအသင်းဟာ အသင်းကစားသမား မာရက်ဇ်ကို ပေါင်သန်း (၇၀)ထက် တစ်ပြားမှမလျှော့ဘဲ ရောင်းချသွားမှာမဟုတ်ကြောင်း ဆိုပါတယ်။ လက်စတာဟာ မန်စီးတီးအသင်းမှ မာရက်ဇ်ကို ပေါင်သန်း (၅၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ပယ်ချခဲ့ပြီး၊ မြင့်မားတဲ့ပြောင်းရွှေ့ကြောင်း ပေါင်သန်း (၇၀)အထိ အလိုရှိနေပါတယ်။ # အဲဗာတန် အဲဗာတန်တိုက်စစ်မှူး Sandro Ramirez က လာလီဂါကလပ် […]

Sport News

ဘက်ခမ်းရဲ့ မေဂျာလိဂ် အသင်းသစ်အတွက် ဂုဏ်ပြုစကားဆိုလိုက်တဲ့ မက်ဆီ

မေဂျာလိဂ်မှာ ကိုယ်ပိုင် ကလပ်အသင်း တည်ဆောက်တော့မည်ဖြစ်ကြောင်း ဒေးဗစ်ဘက်ခမ်းက ကြေငြာပြီးနောက် မက်ဆီက ဘက်ခမ်းကို လှမ်းပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဘက်ခမ်းဟာ မေဂျာလိဂ်က LA Galaxy အသင်းမှာ ၅နှစ်လောက် ကစားခဲ့ပြီးနောက် ယခု အချိန်မှာတော့ ကိုယ်ပိုင်ကလပ် အသင်းထောင်တော့မှာ ဖြစ်ပါတယ်။ ဘက်ခမ်းက အသင်းနာမည်ပေးဖို့ဆုံးဖြတ်ဆဲဖြစ်ပါတယ်။ မက်ဆီကတော့ ဘက်ခမ်းဆီကို လှမ်းပြီး လူမှုကွန်ရက်ကနေ ဂုဏ်ပြု စကားဆိုရင်း နောက်နှစ်အနည်းငယ်အတွင်း သူ့ဆီလည်း ဖုန်းဆက်နိုင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ “ဟိုင်း..ဒေးဗစ်ရေ..အရင်ဦးဆုံး Congratulations လို့ပြောပါရစေ။ ခင်ဗျားရဲ့ စီမံကိန်း အသစ် အရာရာအောင်မြင်စေဖို့ မျှော်လင့် ပါတယ်။ ခင်ဗျားရဲ့ ခြေလှမ်းအသစ်အတွက် အားလုံး အဆင်ပြေပါစေ။ နောက်နှစ်အနည်းငယ်ကြာရင် ခင်ဗျား ကျွန်တော့်ကို ဖုန်းခေါ်ရင်လည်း ခေါ်မှာပေါ့။” ဆိုပြီး ရေးခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းရဲ့ ကလပ် အသစ်အတွက် အခြားနာမည်ကြီးများစွာကလည်း လှမ်းပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဂျနီဖာလိုပက်ဇ်၊ ဝီစမစ်၊ ဂျေးဇီ၊ အူစိန်ဘော့ စတဲ့နာမည်ကျော်တွေကလည်း […]

Sport News

နေမာသာရီးရဲကိုရောက်သွားခဲ့ရင် ဖြစ်လာနိုင်တဲ့ အရာ၅ခု

ရီးရဲမက်ဒရစ် အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးနေမာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေ ပြုလုပ်နေတယ်ဆိုတာ ပရိသတ်တွေ အားလုံးအသိပါ။ ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ တွေမှာကလဲ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာ ပရိသတ်တွေ မျက်မြင်ပါပဲ။ ဒီတော့ နေမာသာ ရီးရဲမက်ဒရစ်ကို ရောက်သွားခဲ့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အချက်၅ချက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ဖီဂိုလက်သစ် နေမာသာ ရီးရဲမက်ဒရစ်ကို ရောက်သွားမယ်ဆိုရင် ဖီဂိုတုန်းကလို ဘာစီလိုနာ ပရိသတ်တွေရဲ့ မုန်းတီးခြင်းကို ခံရမှာ သေချာပါတယ်။ ဖီဂိုတုန်းက ဘာစီလိုနာကနေ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဘာစီလိုနာ ပရိသတ်တွေက ဖီဂိုကို ၀က်ခေါင်းနဲ့ ပစ်ပေါက်ခဲ့တဲ့အထိ ဖြစ်ခဲ့ကာ ဘောလုံးလောကရဲ့ အကျည်းတန်ဆုံး ဖြစ်ရပ်တွေထဲမှာ ပါဝင်သွားခဲ့ပါတယ်။ ဒီတော့နေမာဟာလဲ ရီးရဲမက်ဒရစ်ကို ရောက်သွားမယ်ဆိုရင် ဖီဂိုလက်သစ် ဖြစ်လာနိုင်ပါတယ်။ ၂။ ချဲလ်ဆီးအတွက် […]

Sport News

အချမ်းသာဆုံးဘောလုံးကစားသမားများ

အချမ်းသာဆုံး စာရင်းဝင် ဘောလုံးသမားတွေက ဘယ်သူလဲ ။ ဘောလုံး Crazy တွေရော ကိုယ်ကြိုက်တဲ့ဘောလုံးသမားတွေဟာ အချမ်းသာဆုံး စာရင်းထဲမှာပါနေလား ၊ အချမ်းသားဆုံး ဘောလုံးအားကစားသမားတွေက ဘယ်သူတွေဖြစ်မလဲဆိုတာအောက်ကပုံတွေမှာသိရှိနိုင်ပါလိမ့်မယ်။ 1. Cristiano Ronaldo – Net worth €250 Million ($321.5 million) 2. Lionel Messi — Net worth £230 million ($295 million) 3. Neymar Jr – Net worth €135 Million ($148 million) 4. Zlatan Ibrahimović — Net worth £110 million ($141 million) […]

Sport News

ပင်နတီသွင်းဂိုး ၁၀၀ပြည့်ခဲ့တဲ့ ရော်နယ်ဒို

ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဗလင်စီယာနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ပင်နတီကြောင့် ကစားသမား ဘ၀တစ်လျှောက် ပင်နတီသွင်းဂိုး ၁၀၀ပြည့်မြောက် သွားခဲ့ပြီလို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပွဲကစားချိန် ၁၆မိနစ်နဲ့ ၃၈မိနစ်မှာ ပင်နတီ၂လုံး ကန်သွင်းသွားခဲ့ပြီး ၁၆မိနစ်မှာ သွင်းယူခဲ့တဲ့ ပင်နတီဂိုးဟာ ကစားသမား ဘ၀တစ်လျှောက် ပင်နတီသွင်းဂိုး ၁၀၀ပြည့်မြောက်ခဲ့တဲ့ သွင်းဂိုးဖြစ်ပါတယ်။ အခုဆိုရင် ရော်နယ်ဒိုဟာ ပင်နတီသွင်းဂိုး ၁၀၁ဂိုး ရှိသွားခဲ့ပါပြီ။ အသက်၃၃နှစ် ပြည့်တောမှာဖြစ်တဲ့ ရော်နယ်ဒိုဟာ ကစားသမား ဘ၀တစ်လျှောက်မှာ ကလပ်အသင်းအတွက် ပင်နတီသွင်းဂိုး၉၄ဂိုး၊ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ပင်နတီသွင်းဂိုး၇ဂိုး သွင်းယူပေးထား နိုင်ခဲ့တယ်လို့ သိရပါတယ်။ #ထက်အောင်

Sport News

နောက်တန်းမှာကစားရပေမယ့်ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေတဲ့၁၇နှစ်အရွယ်ချာတိတ်လေး

နောက်တန်း ကစားသမား တစ်ယောက်အတွက် သွင်းဂိုးတစ်ဂိုး ရရှိဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုအချိန်မှာ နောက်တန်း ကစားသမားတစ်ဦးဟာ အသင်းတစ်သင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေမယ်ဆိုရင် ပရိသတ်တွေ အံ့သြမိမှာ သေချာပါတယ်။ ဒီထက်ပိုပြီး အံသြစရာ ကောင်းတာဟာ အဆိုပါ ကစားသမားဟာ အသက်၁၇နှစ်သာ ရှိသေးတဲ့ လူငယ်လေးတစ်ဦး ဖြစ်နေတာပါပဲ။ သူကတော့ ဖူလ်ဟမ်းအသင်းရဲ့ ဘယ်နောက်ခံလူ ရိုင်ယန်ဆက်ဆဂ်နွန်ပဲ ဖြစ်ပါတယ်။ သူဟာ ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ သွင်းဂိုး၉ဂိုးအထိ သွင်းယူထားကာ ဖူလ်ဟမ်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ ဒ့ါပြင်သူဟာ ဂိုးဖန်တီးမှု ၄ကြိမ်လဲ ပြုလုပ်ထားပါသေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတုန်းက ရှက်ဖီးယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလဲ တစ်ဦးထဲ ၃ဂိုး (ဟက်ထရစ်) သွင်းယူနိုင်ခဲ့ပါတယ်။ ဒ့ါပြင်ဆက်ဆဂ်နွန်ဟာ ယခုလအတွင်း ကစားခဲ့တဲ့ အစ်ဆွစ်ခ်ျ၊ ဘာတန်တို့နဲ့ […]