Sport News

၂ဂိုးသွင်းပြီး မင်းသားဖြစ်ခဲ့တဲ့ ရော်နယ်ဒို

ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ရီးရဲမက်ဒရစ် အသင်းက ၃-၁နဲ့ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ထင်မှတ်ထားတဲ့အတိုင်း အကြိတ်အနယ် ရှိခဲ့ပေမယ့် အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်ကပဲ အနိုင်ရလဒ်ကို ရယူသွားခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို ပီအက်စ်ဂျီ အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၃၃မိနစ်မှာ ကွင်းလယ်လူ ရာဘီယော့က သွင်းယူပေးခဲ့တာပါ။ ရီးရဲမက်ဒရစ်အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၅မိနစ်မှာ ရော်နယ်ဒိုက ပင်နတီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ တစ်ဖက်၁ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲမက်ဒရစ်အသင်း အနိုင်ဂိုးတွေ ဆက်တိုက်ရရှိသွားခဲ့ပြီး ပွဲကစားချိန် ၈၃မိနစ်မှာ ရော်နယ်ဒို၊ ပွဲကစားချိန် ၈၆မိနစ်မှာ မာဆယ်လိုတို့က သွင်းယူပေးခဲ့တာပါ။ ရီးရဲအသင်းရဲ့ တိုက်စစ်မှူး […]

Sport News

ကမ္ဘောဒီးယားနိုင်ငံမှ ဂုဏ်ပြုတင်ဆက်ထားသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူရဲ့ ဂိုးစကေးအလန်းများ

ကမ္ဘောဒီးယား နိုင်ငံမှ တင်ထားသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှုး အောင်သူ ရဲ့ ဂိုးနဲ့ စကေး အလန်းများ Credit-MFC

Sport News

မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ချန်ပီယံလိဂ် – မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိပ်(၁၆)သင်းအဆင့် ရှုံးထွက် ပထမကျော့ ပွဲစဉ်တွေအနက် ဂျူဗင်တပ်အသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ 2-2 ရလဒ်နဲ့ သရေကျပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ စပါးအသင်းဟာ ပထမပိုင်း ဆယ်မိနစ်အတွင်းမှာပင် ဂျူဗင်တိုက်စစ်မှူး ဟီဂူအင်ရဲ့ ဦးဆောင်ဂိုးနှစ်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန်(၃၅)မိနစ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ခြေပဂိုး ပြန်သွင်းပေးခဲ့သလို၊ ပွဲချိန်(၇၁)မိနစ်မှာ အဲရစ်ဆင်က ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘေဆယ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ ပရီမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ မန်စီးတီးကတော့ အဝေးကွင်းမှာ (0-4)ရလဒ်နဲ့ အနိုင်ပြတ်သားခဲ့ပြီး၊ နောက်တစ်ဆင့်အတွက် သေချာသလောက် ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် (၁၄-၁၄)မိနစ်မှာ ဂွန်ဒိုဂန်၊ ပွဲချိန်(၁၈)မိနစ်မှာ ဘာနာဒိုဆေးလ်ဗား၊ ပွဲချိန် (၂၃)မိနစ်မှာ အဂရိုတို့က […]

Sport News

စီရော်နယ်ဒိုနဲ့ သူငယ်ချင်းဖြစ်လာနိုင်လားလို့ မေးတဲ့အပေါ် ပြန်ဖြေခဲ့တဲ့ မက်ဆီ

ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးဟာ အကောင်းဆုံး ကစားသမားတွေအဖြစ် တစ်ယောက်တစ်လှည့်နေရာယူထားခဲ့ကြတာနဲ့ အညီ ၄င်းတို့ရဲ့ ပရိသတ်တွေဟာလည်း မက်ဆီနဲ့ ဒိုလေး ဘယ်သူပိုကောင်းတယ်ဆိုတာကို အငြင်းပွားကြရင်း တစ်ဖက်နဲ့တစ်ဖက် မုန်းတီးလာခဲ့တာဟာ ဆယ်စုနှစ်တစ်ခု နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တုန်းကမှ အထင်သေးခဲ့ခြင်းမရှိကြသလို ပြိုင်ပွဲစုံကွင်းထဲမှာထိပ်တိုက်တွေ့ဆုံတာ၊ ဆုပေးပွဲအခမ်းအနားတွေမှာ တွေ့ဆုံတာကလွဲလို့ အပြင်မှာတော့ တစ်ဦးနဲ့တစ်ဦး အဆက်အဆံ မရှိကြပါဘူး။ မက်ဆီက “အနာဂတ်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာနိုင်လားဆိုတာ မပြောတတ်ပါဘူး ၊ သူငယ်ချင်းဆိုတာကတစ်ယောက်အကြောင်းတစ်ယောက်သိအောင် အချိန်တွေတူတူကုန်လွန် ပြီး တည်ဆောက်ရတာမျိုးလေ” “ပြီးတော့ အခုကျွန်တော်တို့ဟာ အဲလိုဆက်ဆံရေးမျိုး မရှိသေးပါဘူး ၊ သူနဲ့ကျွန်တော်တွေ့ဖြစ်ကြတဲ့အချိန်တွေကလည်း များသောအားဖြင့်ဆုပေးပွဲအခမ်းအနားတွေမှာပဲလေ၊ “အဲဒီအချိန်အတောအတွင်းမှာပဲ ကျွန်တော်တို့ စကားပြောဖြစ်ကြတာ၊ ကျွန်တော်တို့နှစ်ဦးက အဆင်ပြေပါတယ်၊ တစ်ယောက်နဲ့ […]

Sport News

အောင်သူ့ခြေစွမ်းက ထိုင်းလိဂ်မှာကစားဖို့အဆင့်မီရဲ့လားဆိုတာကိုဒါလေးကြည့်ပြီး ဆုံးဖြတ်ပေးပါဦး ပရိတ်သတ်ကြီး

အောင်သူ့ခြေစွမ်းက ထိုင်းလိဂ်မှာကစားဖို့အဆင့်မီရဲ့လား? ……………………………………………………………………… ထိုင်းလိဂ်-၁ကလပ် Police Tero အသင်းမှာကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်အဖွင့်ပွဲမှာ သွင်းဂိုးတစ်ဂိုးရခဲ့ပေမယ့် အသင်းကတော့ရှုံးခဲ့ရပါတယ်။ ဒါဆိုရင် အောင်သူရဲ့ခြေစွမ်းက ထိုင်းလိဂ်မှာ ကစားဖို့အဆင့်မီရဲ့လား။ ထိုင်းလိဂ်အဖွင့်ပွဲက အောင်သူ့ခြေစွမ်းကို ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ရအောင် Credit-Mizzima TV

Sport News

ထိုင်းလိဂ်-၁ အဖွင့်ပွဲမှာ POLICE TERO အသင်းအတွက် ပထမဦးဆုံး ဂိုးစတင် သွင်းယူနိုင်ခဲ့တဲ့ အောင်သူ

ဖေဖော်ဝါရီ ၁၁ ရက်က ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် PT Prachuap FC အသင်းနဲ့ Police Tero အသင်းတို့ပွဲမှာ အောင်သူက ပွဲချိန် ၉ မိနစ် မှာ လူကျွန်ထောင်ချောက်ကို ကျော်လွှားခဲ့ပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူဟာ ထိုင်းလိဂ် -၁ ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး မြန်မာကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့အိမ်ရှင်PT Prachuap FC က ၃-၂ ဂိုးနဲ့ Police Tero အသင်းကို အနိုင်ရခဲ့ပါတယ်။ [email protected]

Sport News

ကမ္ဘာ့စံချိန်တင်လစာဖြင့် ကမ်းလှမ်းမှုကို မက်ဆီငြင်းဆိုခဲ့

ဘာစီလိုနာအသင်းတိုက်စစ်မှုးမက်ဆီသည် အသင်းနှင့်စာချူပ်သစ်မချူပ်ဆိုမီ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်း၏ စံချိန်တင်လစာငွေဖြင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။ အဆိုပါတရုတ်ကလပ်က မက်ဆီကိုတစ်ပတ်လစာ ပေါင်၁.၇သန်းအထိပေးကာကမ်းလှမ်းခဲ့ပြီး မက်ဆီကငြင်းဆန်ပယ်ချခဲ့သည်။ မက်ဆီနှင့်ဘာစီလိုနာအသင်းတို့ ချူပ်ဆိုထားသောစာချူပ်သစ်အရ တစ်ပတ်လျှင် ပေါင် ၅သိန်းအထိရရှိမည်ဖြစ်ပြီး သစ္စာစောင့်သိကြေးနှင့်ပုံရိပ်အသုံးပြုခွင့်များလည်း ထပ်မံရရှိမည်ဖြစ်သည်။ ထို့ပြင် ၎င်း၏စာချူပ်လျော်ကြေးမှာ ယူရိုသန်း၇၀၀ထိရှိပြီး ၂၀၂၁ခုနှစ်အထိသက်တမ်းတိုးစာချူပ်ချူပ်ဆိုခဲ့ကြောင်း သိရသည်။ သို့သော်ထိုစာချူပ်လျော်ကြေးပမာဏကိုပေးချေရန် တရုတ်ကလပ်များကလည်းအသင့်ဖြစ်နေပြီး ကမ္ဘာ့စံချိန်တင်လစာ ၁နှစ်လျှင်ပေါင် ၈၈သန်းထက်ပိုသော ပမာဏဖြင့် ထပ်မံကမ်းလှမ်းဖွယ်ရှိနေသည်။ Source-Marca

Sport News

ဘောလုံးလောကမှ အကောင်းဆုံး တွဲဘက်အညီဆုံးကစားသမားများ

အင်ဒီကိုးလ် နှင့် ဒွိုက်ယော့ခ် (မန်ချက်စတာယူနိုက်တက်) ၁၉၉၈-၉၉ ဘောလုံးရာသီမှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒီ တိုက်စစ်မှူးနှစ်ယောက်ဟာ ယူနိုက်တက် သမိုင်းတစ်လျှောက်မှာရော ဘောလုံးလောကမှာပါ အတွဲအဖက်အမိဆုံး အသင်းဖော်တွေဖြစ်ခဲ့ပါတယ်။ အင်ဒီကိုးလ် နဲ့ ဒွိုက်ယော့ခ်တို့ရဲ့တိုက်စစ်နောက်မှာ အရန်အဖြစ်တော့ ဆာအဲလက်စ်ဖာဂူဆန်ဟာ တက်ဒီရှရင်ဂမ် နဲ့ အိုလီဂန်နာဆိုးရှားလ်တို့ကို ထားရှိခဲ့ပြီး အဲဒီ တိုက်စစ်အစုအဖွဲ့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် စွမ်းအောင်နိုင်ခဲ့ပါတယ်။ အင်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ်တို့ဟာ တိုက်စစ်အတွဲဖော် အဖြစ် ၃၆ ပွဲအထိ ကစားခဲ့ပြီးတော့ အဲဒီ ၃၆ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့တဲ့အထိ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော သူတို့နှစ်ဦးဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားခဲ့ပြီး နှစ်ဦးပေါင်း သွင်းဂိုး (၅၃) ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ […]

Sport News

ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင် ဟက်ထရစ်သွင်းပြီး သတိပေးလိုက်တဲ့ ရော်နယ်ဒို

လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ ပွဲစဉ်မတိုင်ခင် ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယနေ့နံနက် အစောပိုင်းက ဆိုစီဒက်အသင်းကို ၅-၂နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး ပြိုင်ဘက်ပီအက်စ်ဂျီကို သတိပေးသွားခဲ့ပါတယ်။ ဒီရာသီ လာလီဂါမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခြင်း ခံနေရတဲ့ ရော်နယ်ဒိုဟာ ယခုပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ပွဲကစားချိန် ၂၇မိနစ်၊ ၃၇မိနစ်နဲ့ မိနစ်၈၀တို့မှာ တစ်ဦးထဲ၃ဂိုးသွင်းကာ ဟက်ထရစ် ရယူပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာလီဂါမှာ ခြေစွမ်းသိပ်မပြ နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အုပ်စုပွဲစဉ်၆ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး၉ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူပါ။ ရီးရဲနဲ့ပွဲမှာ ပီအက်စ်ဂျီ အသင်းရဲ့ စောင့်ကြည့်ရမယ့် ကစားသမားဖြစ်တဲ့ နေမာဟာလဲ […]

Sport News

စကေးပြလေ့ရှိတဲ့ နေမာတစ်ယောက် အရှက်ကွဲခဲ့တဲ့ အခိုက်အတန့်များ(ရုပ်သံ)

ဘာလုံးကွင်းထဲမှာ ပြိုင်ဘက်တွေကို မူးနောက်အောင် လှည့်စားတတ်တဲ့ ကစားဟန်တွေက နေမာရဲ့ပုံရိပ်တွေပါ။ ဒါပေမယ့်လဲ တစ်ခါတစ်လေမှာ မအောင်မြင်ခဲ့ပဲ အရှက်ကွဲခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အောက်ကဗီဒီယိုကတော့ စကေးပြရင်း အရှက်ကွဲခဲ့ရတဲ့ နေမာရဲ့အဖြစ်အပျက်တွေကို စုစည်းတင်ဆက်ထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ကဲနေမာတစ်ယောက် ဘယ်လိုတွေများ ဖြစ်ခဲ့လဲဆိုတာပရိသတ်တွေ ၀င်ရောက်ကြည့်ရှု လိုက်ပါဦးနော်။ Neymar Fails Skills .. do you know what he did? ထက်အောင်