Sport News

မက်ဆီနဲ့နှိုင်းယှဉ်ခံရတဲ့အပေါ် တုန့်ပြန်ခဲ့တဲ့ ချယ်ဆီးကစားသမား ဟာဇက်

ချယ်လ်ဆီး – ဘာကာ ပွဲမတိုင်မီမှာ ချယ်လ်ဆီးကစားသမား ဟာဇက်က သူ့ကို မက်ဆီနဲ့ နှိုင်းယှဉ်နေကြတဲ့အပေါ် ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ဟာဇက်က မက်ဆီနဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်ပြီး သူတို့ အဆင့်ကိုမှီဖို့ ကြိုးစားနေတယ်လို့ ဆိုခဲ့ပါတယ်။   ဟာဇက်က “ပထမဆုံးပြောချင်တာက အဲ့ဒီလို အကောင်းဆုံး ကစားသမားတွေနဲ့ နှိုင်းယှဉ်ခံရတာကောင်းပါတယ်။ ဒါပေမယ့်ကျွန်တော်က မတူညီတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော့်အလုပ်ပဲ ကျွန်တော်လုပ်ပါတယ်။ သူတို့ရောက်နေတဲ့ အဆင့်အတန်းကိုရောက်ဖို့လည်း ကျွန်တော် ကြိုးစားနေပါတယ်။ သူတို့ကတော့ ကမ္ဘာ့အကောင်းဆုံးတွေပါ” ဆက်လက်ပြီး ဟာဇက်က အကောင်းဆုံး ကစားသမား တစ်ယောက်အဖြစ် အသိအမှတ်ပြုခံချင်ရင် ချယ်လ်ဆီး-ဘာကာပွဲမှာ သူခြေစွမ်းပြဖို့လိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဟာဇက်က “အကယ်၍ ကျွန်တော် အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်းပြဖို့ လိုပါတယ်။” “ပွဲတိုင်းမှာ ကျွန်တော် အကောင်းဆုံး […]

Sport News

(၂၀-၂-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်စီးတီး – FA ဖလားပွဲစဉ်မှာ ဝီဂန်အသင်းကို တစ်ယောက်လျှော့အနေအထားနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ပွဲပြီးဆုံးချိန်မှာ ပြိုင်ဘက်အသင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ပရိသတ်ကလည်း အရာဝတ္ထုတွေနဲ့ မန်စီးတီးအသင်းကို ပစ်ပေါက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ မန်စီးတီးအသင်တိုက်စစ်မှူး အဂူရိုနဲ့ ကွင်းအတွင်း ဝင်ရောက်လာတဲ့ ပရိတ်တစ်ဦးနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဒါ့အပြင် အဝတ်လဲခန်းကို သွားရာ လမ်းတစ်လျှောက်မှာ မန်စီးတီးနည်းပြနဲ့ ဝီဂန်နည်းပြတို့ အချင်းချင်း တွန်းထိုးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ FA ကတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖာဘရီဂက်စ် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂက်စ်က ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ သူရဲ့ အခင်ရဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မက်ဆီအပါအဝင် ဘာစီလိုနာအသင်းဖော်ဟောင်းတွေနဲ့ သူ့ကြားက ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ သက်ရောက်နိုင်ဖွယ်ရာရှိတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ အာတီတာ ရုပ်သံမီဒီယာတွေက ဝီဂန်နဲ့ […]

Sport News

သားဖြစ်သူသေဆုံးတာကို ဘယ်သူ့မှမပြောပဲ ဘောလုံးဝင်ကစားပေးခဲ့တဲ့ ကစားသမား

အီရတ်ကလပ် Naft Maysanအသင်းရဲ့ ဂိုးသမားဖြစ်သူအလာအာမက်ဟာ သူ့ရဲ့သားဖြစ်သူသေဆုံးတဲ့သတင်းကို မန်နေဂျာနဲ့အသင်းဖော်တွေကိုမပြောဘဲ ပွဲကိုဝင်ကစားခဲ့ပါတယ်၊ ပွဲပြီးတော့မှ ကွင်းထဲမှာထိုင်ငိုခဲ့ပါတယ်… A touching story in the Iraqi First League. Alaa Ahmed, goalkeeper of 21 years, lost his son last Thursday; however, his team, Naft Maysan, played a match the next day and the youngster did not want to miss the commitment. On the day of the game, Ahmed […]

Sport News

ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံခဲ့ရပေမယ့် လက်ရှိရီးရဲအသင်းမှာ ပျော်ရွှင်နေပြီဖြစ်တဲ့ စီရော်နယ်ဒို

ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံခဲ့ရသလို သွင်းဂိုးတွေပျောက်ဆုံးနေမှုကြောင့် ပရိသတ်တွေကပါ လှောင် ပြောင်တာကိုခံခဲ့ရတဲ့ စီရော်နယ်ဒိုဟာ အခုလက်ရှိရီးရဲမက်ဒရစ်အသင်းမှာ ပျော်ရွှင်နေပြီဖြစ်ပါတယ်။ “ အရေး ကြီးတဲ့ပွဲစဉ်တွေမှာ အခုလိုအသင်းအတွက် သွင်းဂိုးတွေရယူပေးနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ ခြေစွမ်းမပြ နိုင်မှုကြောင့် ဝေဖန်ခံခဲ့ရတာတွေအားလုံး အဆုံးသတ်သွားပါပြီ။ နောင်လာမယ့်ပွဲစဉ်တွေမှာလည်း ကြိုး စားအားထုတ်မှုအပြည့်နဲ့ ပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းသွားမှာပါ။ “ ဟုရော်နယ်ဒိုကဆိုပါတယ်။ သူဟာ ယခုနောက်ပိုင်း ရီးရဲမက်ဒရစ်အသင်းရဲ့ပွဲစဉ်တွေမှာ သွင်းဂိုးတွေဆက်တိုက်သွင်းယူပေးလျက်ရှိကာ ပီအက်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက်သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲဆိုစီဒက်အသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ဟက်ထရစ်ရရှိခဲ့ပါတယ်။ ရီးရဲ မက်ဒရစ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ရီးရဲဘက်တစ်အသင်းနဲ့ လာလီဂါအဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်က စားရမှာ ဖြစ်ပါတယ်။ DWD – ballpwal.com

Sport News

မက်ဆီကို ပွဲကစားခွင့် လျော့ချသွားရန် ဘာစီလိုနာအသင်း စီစဉ်နေ

ဘာစီလိုနာအသင်း တာဝန်ရှိသူများအနေဖြင့် အသင်း၏အဓိက ကစားသမားဖြစ်သူ မက်ဆီအား ပွဲစဉ်တိုင်းတွင် အသုံးပြုရန် မဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်သည့် အနေအထားဖြစ်နေသည်ဟု သိရသည်။ မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲ ၃ ခုလုံးကို ပုံမှန်ပါဝင်ကစားနေရသည်။ လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ ၃ ခုတွင် မက်ဆီမှာ ပွဲထွက် ၂၉ ပွဲကစားထားသည်။ သို့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကာလများအတွင်း မက်ဆီအား အနားပေးနိုင်ရေးအတွက် ပွဲကစားခွင့်များကို လျော့ချသွားဖွယ်ရှိနေသည်။ မာကာသတင်း၏ ဖော်ပြချက်အရ ဘာစီလိုနာအနေဖြင့် အဆိုပါ အကြောင်းအရာကို အသင်းဘုတ်အဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ လက်ကျန်ရာသိတွင် မက်ဆီအနေဖြင့် အရေးပါသည့်ပွဲစဉ်များတွင်သာ အဓိကပါဝင်ကစားသွားရလိမ့်မည်ဖြစ်ပြီး နည်းပြဗဲလ်ဗာဒီအနေဖြင့်လည်း မက်ဆီဟာ လာလီဂါပွဲစဉ်အချို့ကို အရန်ကစားသမားအဖြစ်သာ အသုံးပြုသွားရန် မျှော်လင့်နေသည်ဟုလည်း ဆိုသည်။ ဘာစီလိုနာသည် လက်ရှိအချိန်တွင် […]

Sport News

အာဆီယံတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်းမှာ အောင်သူ ပါဝင်လာ

အာဆီယံတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို FourFourTwo အားကစားမဂ္ဂဇင်းက ပထမဆုံးအကြိမ်အဖြစ် ပေးအပ်သွားမယ်လို့ သိရပြီး အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၅ ဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။.. ၁။ တီရာစေးဒန်ဒါ အာဆီယံတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်အဖြစ် ရွေးချယ်ခံထားရတဲ့ ပထမဆုံးကစားသမားကတော့ ထိုင်းလိဂ် ၁ အသင်းဖြစ်တဲ့ မောင်သွောင်ယူနိုက်တက်အသင်းအတွက် ၁၄ ဂိုးသွင်းယူပေးခဲ့ပြီး ၂၀၁၇ ဘောလုံးရာသီပြီးဆုံးချိန်မှာ ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ တီရာစေးဒန်ဒါဖြစ်ပါတယ်။ တီရာစေးဒန်ဒါဟာ မောင်သွောင်ယူနိုက်တက်အသင်းကို လိဂ်ဖလားဆွတ်ခူးနိုင်အောင် ၅ ဂိုးသွင်းယူပေးထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ တီရာစေး ဒန်ဒါဟာ ထိုင်းလက်ရွေးစင်အသင်း အတွက်လည်း ၄၂ ဂိုးအထိ သွင်းယူပေးထားပြီး တစ်သက်တာဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိုင်းဂန္တဝင်ကစားသမားကြီးတွေ ဖြစ်ကြတဲ့ ကိုင်ရာတီဆတ်ဆီနာမျောင်နဲ့ ပီရာပေါင်တို့ရဲ့အောက် တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ၂။ […]

Sport News

ဘောလုံးလောကကို လှုပ်ခတ်စေခဲ့တဲ့ ပေါ့ဂ်ဘာနဲ့ဒမ်ဘီလီတို့ရဲ့ အပြောင်းအရွှေ့သတင်းများ

ယခုရက်ပိုင်းအတွင်းမှာ ဘောလုံးလောကကို လှုပ်ခတ်စေခဲ့တဲ့ အပြောင်းအရွှေ့ သတင်း၂ခုကတော့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေပဲ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပေါင်သန်း၁၂၀နဲ့ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းနဲ့ အာဆင်နယ် အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီတို့ကို ကမ်းလှမ်းသွားမယ်ဆိုတဲ့ သတင်းတွေပါ။ ရီးရဲမက်ဒရစ် အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသက်၂၄နှစ် အရွယ်ရှိ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက် အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူတုန်းက ပေါင်၈၉သန်း ပေးခဲ့ရပြီး ရီးရဲမက်ဒရစ်က ပေါ့ဂ်ဘာကို ပေါင်သန်း၁၂၀နဲ့ ပြန်လည်ခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ပေါ့ဂ်ဘာဂျူဗင်တပ်မှာ […]

Sport News

ရော်နယ်ဒို ပယ်နယ်တီသွင်းစဉ် ဘောလုံးက အံ့အားသင့်ဖွယ် မြေပေါ်မြောက်တက်လာ

ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဘက်ကို ရော်နယ်ဒို ကန်သွင်းခဲ့တဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ ရီးရဲလ်အတွက် တိုက်စစ်မှူး ရော်နယ်ဒိုက နှစ်ဂိုး၊ မာဆယ်လိုက တဂိုး သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအတွက် ရာဘီအော့က ချေပဂိုးတဂိုး သွင်းယူခဲ့ကာ ပွဲအပြီးမှာ ရီးရဲလ်က သုံးဂိုး တဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ရော်နယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးအနက် ပထမဂိုးဟာ ပယ်နယ်တီကတဆင့် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီပယ်နယ်တီကန်သွင်းချက်ဟာ ဝေဖန်ခံနေရတာပါ။ ရော်နယ်ဒိုဟာ ပယ်နယ်တီကို ပြေးကန်စဉ် ဘောလုံးဟာ အံ့အားသင့်ဖွယ် မြေပေါ်ကနေ မြောက်တက်လာခဲ့တာကို ရုပ်သံအနှေးပြကွက်တွေမှာ တွေ့မြင်ရပါတယ်။ ဘောလုံးနဲ့ ရော်နယ်ဒိုရဲ့ […]

Sport News

ကျွန်တော်တို့တွေ နေမာကို ဘီလူးတစ်ကောင်အဖြစ် ဖန်တီးနေကြတာပါလို့ ဝေဖန်လိုက်တဲ့ ကာဆာဂရန်းဒ်

ဘရာဇီးလက်ရွေးစင် ကစားသမားဟောင်း ဝေါလ်တာကာဆာဂရန်းဒ်က ပီအက်စ်ဂျီကစားသမား နေမာဟာ ဘီလူးတစ်ကောင်အဖြစ် ဖန်တီးနေသူဟု ပြစ်တင်စကားဆိုခဲ့သည်။ ရီးရဲမက်ဒရစ်အသင်းက ပီအက်စ်ဂျီအား ၃-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် နေမာသည် ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားပေးခဲ့ဖူးသူ ကာဆာဂရန်းဒ်သည် နေမာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်လို့ရမယ့် အနေအထားမဟုတ်ဘူးဟုလည်း ပြောဆိုခဲ့ပြန်သည်။ ကာဆာဂရန်းဒ်က “ပရိသတ်အများစုနဲ့ မီဒီယာတွေက နေမာအပေါ် ထောက်ခံမှုတွေပြုနေတာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက်ဖြစ်မိပါတယ်။ ရီးရဲနဲ့ပွဲမှာလည်း နေမာဟာ မလုပ်သင့်တဲ့လုပ်ရပ်မျိုးတွေ လုပ်ဆောင်ခဲ့လို့ ပထမပိုင်းမှာ အ၀ါကတ်အပြခံရပါတယ်။ ဒုတိယပိုင်းမှာလည်း ထုတ်ပယ်ခံရနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ အဲဒီလိုပုံမျိုး ကမ္ဘာ့ဖလားမှာသာ လုပ်ခဲ့မယ်ဆိုရင်တော့ အသင်းအတွက် ဆိုးရွားမှုတွေ ဖြစ်လာနိုင်ပါတယ်။ လူတချို့က ပါရမီရှင်လို့ သတ်မှတ်ထားသူကို ကျွန်တော်တို့တွေ ဘီလူးတစ်ကောင်အဖြစ် […]

Sport News

လက်ရှိချန်ပီယံလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး အသင်း၅သင်း

ယခုနှစ်ချန်ပီယံလိဂ်ဟာ ယခင်နှစ်တွေထက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ပြီး သွင်းဂိုးတွေလဲ အမြောက်အများ မြင်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် အင်္ဂလန်အသင်းတွေဟာ တိုက်စစ်စွမ်းရည်ကောင်းတွေ ပြသခဲ့ကြပြီး လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး အသင်းတွေ ၅သင်းထဲမှာ ၃သင်းအထိ ပါဝင်နေပါတယ်။ လက်ရှိချန်ပီယံလိဂ်ရဲ့ တိုက်စစ်အကောင်းဆုံး အသင်း၅သင်းကတော့ ၅။ စပါး (အင်္ဂလန်၊ ၁၇ဂိုး) ရီးရဲ၊ ဒေါ့မွန်တို့နဲ့အတူ တစ်အုပ်စုထဲ ကျရောက်ခဲ့ပေမယ့် စပါးအသင်းဟာ တိုက်စစ်စွမ်းရည်တွေ ပြသနိုင်ခဲ့ပြီး အုပ်စုအဆင့်မှာထဲက ၁၅ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဂျူဗင်တပ်နဲ့ပွဲမှာ သွင်းဂိုး၂ဂိုး ထပ်မံသွင်းယူခဲ့လို့ လက်ရှိအချိန်မှာ သွင်းဂိုး၁၇ဂိုးအထိ သွင်းယူထားပြီးပါပြီ။ ၄။ မန်စီးတီး (အင်္ဂလန်၊ ၁၈ဂိုး) ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေရယူဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ တိုက်စစ်စွမ်းရည်ကောင်းတွေ ပြသထားခဲ့ပြီး အုပ်စုအဆင့်မှာ […]