News

လူမှန်းသူမှန်းမသိအောင် မူးနေကြတဲ့ တက္ကသိုလ်ကျောင်းသူများ

မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင် ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ်။ အထူးသဖြင့် အချို့ကျောင်းသူကျောင်းသားတွေပါပဲ။ မိဘတွေက ကိုယ့်သားသမီးတွေပညာတတ်ပြီး ဘဝမှာလူတန်းစေ့နေနိုင်အောင် နေပူမိုးရွာမရှောင်ရုန်းကန်ရှာဖွေပြီး ကျောင်းထားကြရတာများပါတယ်။ ဒါပေမယ့်သားသမီးတွေကတော့မိဘတွေကိုမငဲ့ညှာဘဲ အသိမဲ့စွာအပျော်အပါးမှာပဲနစ်မွန်းနေကြတယ်။ ကျောင်းတွေ တက္ကသိုလ်တွေဟာ အချို့ခေတ်လူငယ်တွေအတွက် ပညာရှာရာမဟုတ်ဘဲပျက်စီးရာနေရာလိုဖြစ်နေပါပြီ။ ဒကာတစ်ယောက်က လျှောက်တယ်။ ခုခေတ် ကျောင်းသူကျောင်းသားတွေ မလွယ်ဘူးဘုရား၊ တက္ကသိုလ်မှာ ပညာသင်တယ်သာ ပြောတာဘုရား၊ အမျိုးမျိုး ပျက်စီးနေကြတာဘုရားတဲ့။ လိုက်ထရပ်ကားနဲ့ အကြိုအပို့လုပ်နေတဲ့ ကားသမားကို ဘယ်လောက်ပေးမယ်လို့ပြောပြီးတော့ ပြင်ဦးလွင်ကို ပို့ခိုင်းတယ်။ ဟိုမှာ ကဲကြတယ်။ နောက်နေ့ မုံရွာပို့ခိုင်းတယ်။ ကျောင်းမတက်ပဲ အဲလိုတွေ လုပ်နေကြတယ်ဘုရား။ ဒီလမ်းလေးအတိုင်း (ကားမောင်းရင်း ဒကာကညွှန်ပြ) လိုက်သွားရင် ငှက်ပျောတောရှိတယ်ဘုရား၊ အဲဒီမှာ ထန်းရည်ရတယ်။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသူတွေ ကျောင်းသားတွေ ထန်းရည်လာသောက်ကြတယ်ဘုရား။ […]

News

ထူးထူးဆန်းဆန်း ဇန်နဝါရီလ(၇)ရက်နေ့မှာ ကျင်းပမယ့် အပေါ်ဘောင်းဘီမဝတ်ရနေ့

ယခုရက်သတ္တပတ်အတွင်း လန်ဒန်မြို့က မြေအောက်ရထားတွေမှာ ဘောင်းဘီရှည်မပါတဲ့ ခရီးသည်တွေကို အံ့အားသင့်ဖွယ်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ လန်ဒန်မြို့ရှိ အဖွဲ့အစည်းတစ်ခုက လူတွေကို အပျော်သဘောအနေနဲ့ အပေါ်ဘောင်းဘီမဝတ်ဆင်ဘဲ မြေအောက်ရထားစီးဖို့ အကြံပေးတိုက်တွန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လာမယ့် ဇန်နဝါရီ (၇) ရက်နေ့ဟာ တစ်ကမ္ဘာလုံးက လူတွေအတွက် အပေါ်ဘောင်းဘီမဝတ်ဘဲ အများသုံးဘတ်စ်ကားနဲ့ ရထားတွေကို စီးဖို့ ဘောင်းဘီမဝတ်ရနေ့ (၉) ကြိမ်မြောက်ပဲဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံပေါင်း (၂၅) နိုင်ငံက မြို့ပေါင်း (၆၀) ကျော် ပါဝင်ဆင်နွှဲကြတဲ့ ဒီပွဲမှာ ခန္ဓာကိုယ်အပေါ်ပိုင်းက ဝတ်စုံပြည့်ဝတ်ထားရပြီး ဘောင်းဘီရှည်တွေကိုတော့ ချွတ်ကာ အသင်းခေါင်းဆောင်ကို ပေးထားရပါတယ်။ ယမန်နှစ်က လန်ဒန်မြို့မှာ လူပေါင်း (၃၀၀) ကျော် ဒီပွဲမှာ ပါဝင်ခဲ့ကြပြီး ယခုနှစ်မှာလည်း ပါဝင်ဖို့ စာရင်းပေးထားသူဦးရေ (၁၀၀) ခန့်ရှိနေပြီလို့သိရပါတယ်။ ယခုနှစ်မှာ ဘောင်းဘီမပါဘဲ (၁) နာရီခွဲခန့်ကြာအောင် မြေအောက်ရထားကို လှည့်ပတ်စီးနင်းကြမှာဖြစ်ပြီး ဒီလိုအပေါ်ဘောင်းဘီမဝတ်တာဟာ ဥပဒေတဲ့ မညီတဲ့ လုပ်ရပ်တော့မဟုတ်ပါဘူး။ သူတို့နိုင်ငံရဲ့ […]

News

ဈေးကြီးတဲ့I PHONE ကိုင်ဖို့ ဘ၀ကို သိန်း၂၀နဲ့ရောင်းခဲ့တဲ့ ၉တန်းကျောင်းသူ

 (မိဘတွေသတိထားနိုင်ဖို့ ဒေါ်မြရဲ့ ရင်ဖွင့်စကားလုံးများ) ဒီစာကိုရေးသင့်မရေးသင့် စဉ်းစားနေတာကြာပြီ။ဒါပေမယ့် နောက်ဆုံး ရေးသင့်တယ်ထင်လို့ ရင်ကွဲနာ ဗလပွနဲ့ ရေးလိုက်ရပါတယ်။ ဒေါ်မြနေတဲ့ လမ်းထဲမှာ ဒေါ်မြနဲ့ သိပ်ရင်းနှီးတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်.. ။သူ ၅ တန်းကျောင်းသူဘဝကတုန်းက ဒေါ်မြ အင်္ဂလိပ်စာ ပြပေးဖူးတယ်။ စေတနာ ဂိုက် ဆိုပါတော့ … ချောချောနုနု ဖြူဖြူဥဥ နဲ့ ကလေးမလေးဟာ ဒေါ်မြ ညီမလေး အရင်းလေး လိုပါပဲ။ အချိန်တွေကုန်တာ မြန်တယ်လို့ ခံစားရတာဟာ သူကလေးကိုယ့်ရှေ့မှာ ကြက်တောင်စည်းကလေးဘဝကနေ အပျိုပေါက်ကလေး ဖြစ်လာတာမြင်ရတဲ့ အခါတိုင်းပေါ့။ တနေ့ဒေါ်မြ အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေ ကြိုဖို့ လေဆိပ်သွားမယ်လုပ်တယ်။ ကားမောင်းလာရင်း ဘစ်ကားဂိတ်မှာ သူ့ကို တွေ့လိုက်တယ်။ ဒါနဲ့ ဘယ်သွားမလို့လည်းမေးတော့ လှည်းတန်းက […]

News

တရားခံ ၄ ​ယောက်​ထဲကတစ်​​ယောက်​အောင်ရဲ​ထွေးအသတ်​မခံရခင်​မှာ Post တင်​ပြီး​တော့ ငြိုး​တေး ပြောထား

လူသတ်​တရားခံထဲက ၄ ​ယောက်​ထဲက တစ်​​ယောက်​ပါ။ ရဲ​ထွေး​အောင်​ အသတ်​မခံရခင်​မှာ Post တင်​ပြီး​တော့ကိုသူတို့ဘက်​က ငြိုး​တေးထားတာ​တွေ လက်​စားပြန်​​ချေမယ်​ဆိုတာပြောထားပါတယ်​။ မင်းတို့ရဲ့ မင်းမဲ့စရိုက်​ဆန်​မှုက ငါတို့လို အ​ခြေခံလူတန်းစား​တွေအ​ပေါ် မသက်​​ရောက်​ခဲ့ရင်​ ရဲ​ထွေး​အောင်​ ​သေမှာမဟုတ်​ဘူး တူညီ​သောအကျိုး ပြန်​ခံစားရပါ​စေ။ လူတစ်​​ယောက်​ကိုသတ်​ပြီး ​အေး​အေး​ဆေး​ဆေးနဲ့ အပြုံးမပျက်​တဲ့ ခရိုနီသားသမီး​တွေအ​ပေါ်ရဲ​တွေရဲ့လုပ်​​ဆောင်​နိုင်​မှု​တွေ ဘာ​တွေရှိလည်းဆိုတာ ​စောင့်​ကြည့်​​နေပါတယ်​ 😃 Sharing လုပ်​ပြီး အကူညီ​ဝိုင်း​တောင်း​ပေးကြပါခင်​​ဗျာ … share [email protected]  

News

အောင်ရဲထွေး သေဆုံးမှုအတွက် ဝမ်းနည်းစကား ဆိုခဲ့တဲ့သ၇ုပ်ဆောင် မေမြတ်နိုး

အောင်ရဲထွေးဟာ ၂၀၁၇ အကုန်ပိုင်းနားမှာ ရုပ်ရှင်ဇာတ်ကားကြီး  တစ်ကားရိုက်ကူးခဲ့ပြီး ရုပ်ရှင်နာမည်ကတော့ Diary ဖြစ်ပါတယ်။ ထိုရုပ်ရှင်မှာ ပါဝင်ကြတော့ အနုပညာရှင်တွေကတော့ နိုင်းနိုင်း၊ အကယ်ဒမီ မေသန်းနု၊ အောင်ရဲထွေး၊ မေမြတ်နိုးတို့ဖြစ်ကြပါတယ်။ အတူတူ သရုပ်ဆောင်ပြီး ရုပ်ရှင်ရိုက်တာ လပိုင်းပဲ ရှိသေးတာကြောင့် ပရိသတ်တွေအပါ အဝင် မေမြတ်နိုးလည်း အောင်ရဲထွေ သေဆုံးမှုအတွက် ဝမ်းနည်းခဲ့ရပါတယ်။ သူမရဲ့  Facebook မှာတော့ အောက်ပါ အတိုင်းရေးသားခဲ့ပါတယ်။ “He brought laughters to all of us and left us with tears” May you rest in Peace Brother” ဆိုပြီး တင်ခဲ့ပါတယ်။ Source: Facebook share [email protected]  

News

လမ်းဘေးမှာ ဈေးရောင်းတဲ့အဘွားအိုကို ဒဏ်ငွေဆောင်ဖို့လက်မှတ်ပေးခဲ့သလို ဒဏ်ငွေဆောင်ရမယ့်ငွေကြေးကိုလည်းကူညီပေးခဲ့တဲ့ ရဲဝန်ထမ်း

လောကကြီးမှာအကောင်းအဆိုးဒွန်တွဲနေသလိုပါပဲ။ထိုင်ဝမ်ကအဘွားအိုတစ်ယောက်ဟာလည်း တားမြစ်ထားတဲ့နေရာလမ်းဘေးမှာဈေးရောင်းလို့ဒဏ်ငွေဆောင်ခဲ့ရပေမဲ့ အဲ့ဒီငွေကို ထိုင်ဝမ်ရဲဝန်ထမ်းတစ်ယောက်က ကူညီပေးခဲ့တာလို့သိရပါတယ်။ ထိုင်ဝမ်ရဲ့လမ်းဘေးတစ်လျှောက်မှာဈေးဆိုင်တွေနဲ့ပြည့်နှက်နေပါတယ်။များသောအားဖြင့်လမ်းဘေးဈေးသည်တွေဟာအလွယ် တကူရွေ့ပြောင်းနိုင်တဲ့လှည်းကိုသာသုံးလေ့ရှိပါတယ်။ထိုင်ဝမ်မှာလမ်းဘေးမှာဈေးရောင်းခွင့်မရှိတဲ့ဥပဒေသတ်မှတ်ထားပါတယ်။ ဒါပေမဲ့လမ်းဘေးဈေးသည်တွေဟာ သူတို့ရဲ့စားဝတ်နေရေးအတွက် မရောင်းမဖြစ်ဈေးလာရောင်းကြရပြီး ရဲဝန်ထမ်းတွေလာရင်ထွက်ပြေးရပါတယ်။ တစ်ရက်မှာတော့  ရဲဝန်ထမ်းတွေရောက်လာတာနဲ့ကြုံပြီးဈေးသည်တွေကထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့အဘွားအိုတစ်ယောက်ဟာတော့အသက်ကြီးနေပြီဖြစ်လို့ဝေးဝေးမပြေးနိုင်ခဲ့ပါဘူး။လူငယ်ရဲဝန်ထမ်းလေးဟာ အဘွားအိုဆီလျှောက်လာပြီးဒဏ်ငွေဆောင်ဖို့လက်မှတ်လေးထုတ်ပေးခဲ့ပါတယ်။ အဘွားအိုက တောင်းပန်ပေမဲ့လည်း သူက “အဘွားကတရားဥပဒေကတားမြစ်ထားတဲ့အလုပ်ကိုလုပ်ခဲ့တယ်။သူကလည်းသူ့ရဲ့ အလုပ်ကိုလုပ်တာပါ”လို့ပြောခဲ့ပြီး ဒဏ်ငွေဆောင်ဖို့လက်မှတ်ရေးပေးခဲ့ပါတယ်။အဘွားအိုရဲ့တစ်နေ့ဝင်ငွေက ဒဏ်ငွေဆောင်ရလောက်အောင်မများပါဘူး။အဲ့ဒီအချိန်မှာပဲ ရဲဝန်ထမ်းလေးဟာ မထင်မှတ်ထားတဲ့အရာတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ သူ့ရဲ့ငွေထဲက ထိုင်ဝမ်ငွေ ဒေါ်လာ ၂၀၀၀ကို ဒဏ်ငွေဆောင်ဖို့အတွက်ဆိုပြီး အဘွားကိုပေးခဲ့တာပါ။ အဘွားအိုက ရဲဝန်ထမ်းဟာ နောက်ထပ်ဒဏ်ငွေတွေထပ်ဆောင်ခိုင်းဖို့အမှားရှာဖို့ကြိုးစားနေတယ်လို့ထင်ခဲ့ပြီးငြင်းဆန်ခဲ့ပေမဲ့ ရဲဝန်ထမ်းဟာ အဲ့လိုစိတ်မျိုးမရှိပဲ ဒဏ်ငွေဆောင်ဖို့ပေးတဲ့ အကြောင်းပြောခဲ့တဲ့အတွက်နောက်ဆုံးလက်ခံခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကိုမြင်တွေ့ရတဲ့ ဈေးဝယ်သူတစ်ယောက်ကအင်တာနက်ပေါ်မှာတင်ခဲ့ရာမှ အင်တာနက်သုံးစွဲသူတွေက ထိုင်ဝမ်ရဲဝန်ထမ်းကိုလေးစားချီးကျူးခဲ့ကြပါတယ်။ Source:Rachfeed,Buzzy

News

အောင်ရဲထွေးသေဆုံးမှုအတွက် အဓိကတာဝန်ရှိသူတွေကိုဝေဖန်လိုက်တဲ့အဆိုတော် ယုန်လေး

ဖေစ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေတင်ပြီး နာမည်ကြီးလာသူ ဟာသသရုပ်ဆောင် အောင်ရဲထွေးကတော့ ဇန်န၀ါရီလ (၂)ရက်နေ့က သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အောင်ရဲထွေးဟာ ပွဲတစ်ခုမှာ အမည်မသိလူတစ်စုရဲ့ ရိုက်နှက်ခံရပြီး  သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဆိုတော် ယုန်လေးကတော့ အောင်ရဲထွေးရဲ့ သေဆုံးမှုကို ယူကြုံးမရဖြစ်ပြီး ဒီကိစ္စရဲ့ တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ ဒီကိစ္စမှာ တာဝန်ရှိသူတွေကတော့ ပွဲရဲ့ လုံခြုံရေးတွေဖြစ်ပြီး လုံခြုံရေးတွေ တာဝန်အပြည့်အဝမယူနိုင်လို့သာ အောင်ရဲထွေးဟာ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြောထားပါတယ်။ Source: Kyaw Phone Aung share [email protected] new.com  

News

(၁၈) နာရီဆက်တိုက် အလုပ်လုပ်ပြီးနောက် သေဆုံးခဲ့တဲ့ ဆရာဝန်မလေး

ဆရာဝန်တစ်ဦးဟာ (၁၈) နာရီဆက်တိုက် အလုပ်လုပ်ထားတဲ့ ဒဏ်ကြောင့် လူနာကြည့်ရင်း ရုတ်တရက်လဲကျပြီးနောက် သေဆုံးသွားခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အသက်ရှူလမ်းကြောင်းအထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ အသက် (၄၃) နှစ်အရွယ် Zhao Bianxiang ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့က ရုတ်တရက်လဲကျပြီးနောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ သူမကို ကယ်ဆယ်ဖို့ နာရီ (၂၀) ကြာအောင် ကြိုးပမ်းခဲ့ကြပြီးနောက်မှာတော့ သေဆုံးမှုကို ကြေညာခဲ့ကြတာပါ။ သူမဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း ဆေးရုံက အတည်ပြုပေးခဲ့ပါတယ်။ Zhao ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်ကျုံးမြို့ရှိ Yuci ပြည်သူ့ဆေးရုံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကုသမှုဌာနရဲ့ ဌာနမှူးဖြစ်ပြီး လူနာလှည့်လည်ကြည့်ရှုနေစဉ် လူနာရဲ့ သမီးဖြစ်သူကို “အမေ ဘယ်လိုနေလဲ” လို့ မေးမေးပြီးချင်းမှာပဲ နေ့လည် (၁၂) နာရီခန့်မှာ ရုတ်တရက်လဲကျခဲ့တာဖြစ်ပါတယ်။ သူမဟာ ယမန်နေ့ညနေ (၆) နာရီကတည်းက အလုပ်ချိန်စဝင်ခဲ့တာဖြစ်ပြီး ဆက်တိုက်အလုပ်လုပ်နေခဲ့တာပါ။ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ သူမရဲ့ သေဆုံးမှုကို အတည်ပြုခဲ့စဉ်မှာတော့ […]