News

ဖိလစ်ပိုင်သားတွေ အလုအယက်ဖြစ်နေတဲ့ ကနေဒါက အလုပ်တစ်ခု

ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ ပင်ပမ်းဆင်းရဲတဲ့ အလုပ်အကိုင်တွေပဲရှိပြီး လစာလည်း မကောင်းကြပါဘူး။ အဲဒါကြောင့် ဖိလစ်ပိုင်ပြည်သူ တော်တော်များများက ပြည်ပထွက် အလုပ်လုပ်ကြပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းကြလေ့ရှိပါတယ်။ပြည်ပမှာ အိမ်အကူသွားလုပ်ကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေဟာ အိမ်ရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ရလို့ ဖိလစ်ပိုင်အစိုးရက တချို့နိုင်ငံတွေမှာ အလုပ်သွားမလုပ်ကြဖို့ ပိတ်ပင်ရတဲ့အထိပါပဲ။ ဒါကြောင့်လည်း ကနေဒါနိုင်ငံက အလုပ်တစ်ခုအတွက် ဖိလစ်ပိုင်တွေ အလုအယက်ဖြစ်နေကြတာပါ။ အဲဒါကတော့ ကနေဒါနိုင်ငံမှာ မှိုခူးဆွတ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ မှိုဆွတ်ပေးရတဲ့အလုပ်ဆိုလို့ အထင်သေးလို့မရပါဘူး။ အဲဒီအလုပ်က တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၈၀(မြန်မာငွေ ၃၈ သိန်းကျော်)ရပါတယ်။ အဲဒါကြောင့် အရင်တုန်းက ဟောင်ကောင်မှာ အိမ်အကူလုပ်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံသား အယ်ကာရိုတောင် ကနေဒါနိုင်ငံမှာ အလုပ်သွားလုပ်နေပါပြီ။ ကနေဒါနိုင်ငံဟာ စိုက်ပျိုးရေးလုပ်သား လိုအပ်ချက်ကြီးမားပြီး အထူးသဖြင့် မှိုခူးဆွတ်သူတွေ၊ […]

News

မြန်မာနိုင်ငံရှိနာမည်ကြီးတံတားကြီးများ

ဂုတ်ထိပ်တံတား ဂုတ်ထိပ်တံတားကတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါကျော်ကြားတဲ့ တံတားကြီးပါ။ (၁၈၉၉)ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ပြီးစီးတဲ့အချိန်က (၁၉၀၀) ခုနှစ်မှာပါ။(၁၉၀၃) ခုနှစ်ရောက်မှတံတားကြီးကို စတင်အသုံးပြုပါတယ်။ ထိုကြောင့် (၁၈၉၉) ခုနစ်တွင် မြန်မာ့ မီးရထား ကုမ္ပဏီက ဂုတ်ထိပ် တံတားကြီးဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယားနှင့်မေရီလမ်း စတီး ကုမ္ပဏီတို့ကိုငှားရမ်းခဲ့ပေမဲ့ တံတားကြီး ဦးစီး တည်ဆောက်သူမှာမြန်မာ့ မီးရထားဌာနမှ Arthur Rendel နှင့်ဗြိတိသျှ အင်ဂျင်နီယာ များဖြစ်ကြပါတယ်။ ကုန်ကျမှုစရိတ် ငွေကျပ်(၁၆၉၈၂၀၀) ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားအဖြစ်ကျော်ကြားပါတယ်။ ဧရာဝတီတံတား (ပခုက္ကူ) ဒီတံတားကတော့ ဧရာဝတီမြစ်ကိုဖြတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံမှာ အရှည်ဆုံးဖြစ်ပါတယ်။ ကားလမ်း၊ ရထားလမ်းတွဲဆက်တည်ဆောက်ထားတဲ့တံတားပါ။ စုစုပေါင်းအရှည် ကတော့ ကားလမ်း တံတားအရှည် (၂.၁၆) မိုင်၊ ရထားလမ်း […]

News

သားက အမေစားလို့မကုန်တာမှစားပါတယ် တဲ့ ?

သားက အမေစားလို့မကုန်တာမှစားပါတယ် တဲ့ ဒီသားလေးက အသက်၁၂နှစ်ပဲရှိသေးတယ် ဒါပေမယ့် ဒါပေမယ့် သူဟာ ကင်ဆာရောဂါသည် အမေကြီးရဲ့ တစ်ဦးတည်းသော လူနာစောင့်ပဲ။ သူ့အဖေဆိုတာက လဲ လွန်ခဲ့တဲ့၆နှစ်ကဆုံးသွားပြီဆိုတော့ ဒီအမေသာသူ ရဲ့တစ်ခုတည်းသောအားကိုးရာ ခုတော့လဲ သူ့အမေက သူ့ကိုအားကိုးနေရတာပေါ့လေ။သူ့အမေသောက်ရ မယ့်ဆေးတွေ၊လိုအပ်တာတွေသူပဲသွားဝယ်ပေးရ တယ်။လူနာနာမည်က မဇင်မျိုးခိုင် ကာတာနိုင်ငံက ကိုဝင်းသိန်းနိုင်၊မချောအေးအေးထွန်းမင်း သမီးမအေး ချမ်းခင်၊မမေမြတ်ခင်မိသားစုက လှုဒါန်းတဲ့တစ်သိန်း ကျပ်ကို သွားလှုပေးတာပါ။ကျွန်တော်ပြန်တော့အဲ့ ကလေးကလဲ အောက်ထပ်ကိုဆင်းပြီး စားစရာဝယ် မလို့ဆိုလို့ အတူတူဆင်းလာခဲ့တယ်။` သားကဘာ ဝယ်မလို့လဲမေမေအတွက်လား’`ဟုတ်တယ်ဦး အမေ အတွက် တိုဟူးသုတ်ဝယ်မလို့ အမေထမင်းနဲ့စားဖို့’ ` ဟင် အမေအတွက်ဟင်းမဝယ်ဘူးလား’ ` အမေက ဟင်းနံတွေမခံနိုင်လို့တဲ့ ဦးရဲ့’ ` သားအတွက်ရော မဝယ်ဘူးလား’ `သားက အမေမကုန်လို့ကျန်တဲ့ဟာမှ စားမှာလေ ’ ` […]

News

အမေရိကန်၏ F-18 တိုက်လေယာဉ် လေ့ကျင့်မှုဆာင်ရွက်စဉ် အတွင်း ပင်လယ်ထဲပျက်ကျ

အမေရိကန် နိုင်ငံ ရေတပ် ၏ F-18 တိုက်လေယာဉ် တစ်စင်း သည် မတ်လ ၁၄ ရက်နေ့၌ ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်း Key West မြို့ အနီးတွင် ပင်လယ်ထဲ သို့ ပျက်ကျ ခဲ့ကာ လေယာဉ် ပေါ်ရှိ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း ရေတပ် ၏ ထုတ်ပြန် ကြေညာချက် အရ သိရှိရသည်။ အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယင်းပျက်ကျ ခဲ့သည့် လေယာဉ် သည် လေယာဉ်မှူး ၂ ဦး လိုက်ပါနိုင်သည့် တိုက်လေယာဉ် အမျိုးအစား ဖြစ်ပြီး လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အတွင်း ပျက်ကျ […]

News

အကယ်ဒမီပွဲတက်မယ့် အွန်လိုင်းမီဒီယာတွေ ပိုက်ဆံငါးသိန်းသွင်းရမယ်

လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၇ နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်သတင်းရယူမယ့် အွန်လိုင်းမီဒီယာတွေကို ၀င်ကြေးကျပ်ငါးသိန်းကောက်ခံသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာလိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ သတင်းရယူခွင့်နဲ့ ပတ်သတ်ပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပုံနှိပ်မီဒီယာတစ်ခုကို နှစ်ဦးသတင်းရယူခွင့်ပြုမှာဖြစ်ပြီး အွန်လိုင်းမီဒီယာတွေကိုတော့ ငွေကျပ်ငါးသိန်းပေးသွင်းပြီး နှစ်ဦးဝင်ရောက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ “အွန်လိုင်းမီဒီယာတွေက ငါးသိန်းပေးသွင်းရမယ်။ အရုပ်မပါတဲ့ FM လိုင်းတွေကတော့ သုံးသိန်းပါ။ ဒါတွေက ရုပ်ရှင်သက်ကြီးတွေအတွက် ထောက်ပံ့ပေးဖို့အတွက်ပါ။ လောလောဆယ်တော့ လာလျှောက်ထားတာ ၂၀ ကျော်လောက်တော့ရှိပြီ။ ဒါတွေကို ပြန်ပြီး စိစစ်ဦးမှာပါ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပ-ဥက္ကဌ ဦးအေးကြူလေးက ဓူဝံကို ပြောပါတယ်။ ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အွန်လိုင်းမီဒီယာ ၉၀ ကျော်ရှိပြီး လျှောက်လွှာတင်ထားတဲ့ အွန်လိုင်းမီဒီယာထဲကနေ […]

News

သမ္မတထရန့် အမည်ကိုတင်စားပြီး အမွှာကလေးငယ်တွေမှာ ဒေါ်နယ်လ်ထရန့်လို့ အမည်မှည့်ပေးထား

အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားက မိသားစုတစ်ခုဟာဆိုရင် သူတို့ရဲ့ အမွှာကလေး ငယ် နှစ်ဦးရဲ့ အမည်ကို ထူးထူးခြားခြားပဲ အမေရိကန်ခေါင်းဆောင် အမည်ပေးခဲ့ပါတယ်။ လက်ရှိ အ မေရိကန်ကို အုပ်ချုပ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရန့်ရဲ့ အမည်ကို ယူသုံးထားပြီး ကလေးနှစ်ဦးရဲ့ အမည်ကို ဒေါ်နယ်လ်နဲ့ ထရန့်ဆိုပြီးတော့ အမည်ပေးခဲ့ကြတယ်လို့သိရပါတယ်။ ကလေးနှစ်ယောက်ရဲ့ အမည်ကို ဒီလိုအမည်ပေးလိုက်လို့လည်း ဘယ်လိုမှ နောင်တရစရာလုံးဝမရှိ ဘူးလို့လည်း ဆိုပါတယ်။ “ ပထမတော့ ကလေးတွေရဲ့ အမည်ကို ဒေါ်နယ်ထရန့်လို့ ပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ အသစ်တက်လာမယ့် ခေါင်းဆောင်က သမ္မတ ဒေါ်နယ်လ်ထရန့် ဖြစ်လာလို့ပါပဲ။ ဒါ့ကြောင့်မို့လို့ ကျွန်မကလေးတွေရဲ့ အမည်ကို အနာဂတ်မှာအောင်မြင်မှုနဲ့ ထွန်းလင်း တောက်ပလာနိုင်မယ့် ကြယ်ပွင့်လေးတွေ ဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ […]

News

ညစ်တီးညစ်ပတ်ဒီဇိုင်းကြောင့် နာမည်ကျော်သွားတဲ့ မွေးနေ့ကိတ်

သင့်ရဲ့ အိမ်ထောင်ရှင်သူငယ်ချင်းများ ဒါမှမဟုတ် အိမ်ထောင်ပြုတော့မယ်သူငယ်ချင်းများအတွက် အထူးမွေးနေ့ကိတ်မျိုးလက်ဆောင်ပေးချင်ရင်တော့ ။ ဖန်တီးမှုနည်းငယ်တော့ပြုလုပ်ရပါလိမ့်မယ် ။ ကိုယ်တိုင်တီထွင်ဖန်တီးပြီးတော့ရယ်စရာကောင်းတဲ့ပုံစံမျိုး ဒါမှမဟုတ်လည်း ထူးခြားတဲ့ဒီဇိုင်းမျိုးပြုလုပ်နိုင်သလို.. ။ NSFW တွေကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါသေးတယ် ။ NSFW ကိတ်မုန့်တွေရဲ့ ဆန်းပြားတဲ့ဒီဇိုင်းကြောင့်စုံတွဲတွေနဲ့ မင်္ဂလာနှစ်ပတ်လည်အခန်းအနားတွေ ဘတ်ချလာပါတီတွေမှာ ပေါ်ပြူလာဖြစ်ပါတယ် ။ ဒီ Lynt’s Sweet Treats က တင်ဆက်ထားတဲ့ကိတ်မုန့်ရဲ့ ရယ်စရာကောင်းပြီး သေသပ်တဲ့ဒီဇိုင်းကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ အာရုံစိုက်မှုတစ်ခုဖြစ်လာခဲ့ပါတယ် ။ ဒါကတော့ Lynt’s Sweet Treats က ဖန်တီးထားတဲ့ NSFW ကိတ်မုန့်ပါ Lynt’s Sweet Treats ဆိုတဲ့ဆိုင်ဟာ ဖိလစ်ပိုင်က Bulacan ပြည်နယ် San Maeto မြို့မှာတည်ရှိပြီး Len Castro ဆိုတဲ့သူပိုင်ဆိုင်ပါတယ် ။ […]

News

ပိုက်လိုင်းပေါ်မှာ လိင်ဆက်ဆံနေတဲ့ စုံတွဲအား ထိုင်းရဲများမှ ဖမ်းဆီး

ဒီအမူးလွန်နေတဲ့ အနောက်တိုင်းသားစုံတွဲဟာ မနက် ၈ နာရီချိန်မှာ ၃ မိနစ်လောက် လိင်ဆက်ဆံမှုပြုနေတာကို ကင်မရာမှတ်တမ်းကတစ်ဆင့်တွေ့ရှိခဲ့ရပါတယ် ။ ထိုင်းရဲတွေဟာ ဒီမှတ်တမ်းကို တွေ့တွေ့ချင်းပဲလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ် ။ Pattya မြို့ရဲ့ ကမ်းခြေပါတီပွဲမှာ သောင်းကျန်းလာခဲ့တဲ့ ဒီစုံတွဲဟာ တနင်္ဂနွေနေ့မနက်ရောက်တဲ့အခါမှာ ပိုက်လိုင်းပေါ်မှာထပ်သောင်းကျန်းပြန်ပါတယ် ။ ဒါကတော့ ကမ်းခြေမှာ သောင်းကျန်းနေတဲ့ အတွဲရဲ့ပုံပါ ။ အမျိုးသားဟာ သူ့ကောင်မလေးရဲ့ဘောင်းဘီတိုကို ဆွဲချွတ်ချပြီး ၃ မိနစ်တာလိင်ဆက်ဆံခဲ့တာဖြစ်တယ် ။ ဒီမြင်ကွင်းကိုမနှစ်မြို့တဲ့သူတွေဟာ စုံတွဲကိုအော်ဟစ်ပြီးမတားမြစ်ခင်မှာပဲ ကင်မရာတွေနဲ့မှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ဖြစ်ခဲ့တဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးအမူးမပြေသေးဘူးလို့ထင်ရပါတယ် ။ အော်ဟစ်တားမြစ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ကမ်းခြေအတိုင်းလမ်းလျောက်ထွက်သွားကြပါတယ် ။ ရဲတွေကတော့ ခရီးသွားလုပ်ငန်းရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့တဲ့အတွက် ဒီစုံတွဲကို ရှာဖွေဖမ်းဆီးခဲ့ကြပါတယ် ။ လောလောဆယ်မှာတော့ လူထုကြားမှာ မသင့်တော်တဲ့အမှုပြုတဲ့အတွက် ဒီစုံတွဲကို ထိန်းသိမ်းထားပါတယ် ။ […]

News

သမီးရည်းစားဖြစ်စဉ်က မဖွယ်မရာပုံများ ဖေ့ဘွတ်ခ်ပေါ်တင်သူကို အမှုဖွင့်

သမီးရည်းစား ဖြစ်တုန်းက ပို့ထားခဲ့တဲ့ ပုံတွေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့သူကို ဆက်သွယ်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြင်ဦးလွင်မြို့နေ အသက် ၂၈ နှစ်အရွယ် မ×××× ၂၀၁၇ ခုနှစ်အတွင်းက မိုးကြိုးကွက်သစ်နေ အသက် ၃၀ အရွယ် ဦးသက်ကိုကိုနိုင်(ခ)ကိုကိုနိုင်နဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုကိုနိုင်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် Ko Ko Naing Account ရဲ့ မက်ဆင်ဂျာနဲ့ မ×××× အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် မက်ဆင်ဂျာ်တို့ကတဆင့် အပြန်အလှန် စာပို့ဆက်သွယ်တာ၊ ဗွီဒီယိုစကားပြောတာတွေ လုပ်ခဲ့ပြီး ဖုန်းနဲ့လည်း အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။ သက်ကိုကိုနိုင်(ခ)ကိုကိုနိုင်ဟာ မက်ဆင်ဂျာက ဗွီဒီယို စကားပြောရာမှာ မ×××××က မဖွယ်မရာ ပြသထားတဲ့ ပုံတွေကို Screen Shot […]