Lifestyle

တစ်သက်လုံး ကော်နဲ့ကပ်ထားသလို ခွဲမရအောင်ချစ်​ပြီး လက်တွဲချင်ကြရင် ဒီနည်းလေးတွေလုပ်ပါ။

တစ်သက်လုံး ကော်နဲ့ကပ်ထားသလို ခွဲမရအောင်ချစ်​ပြီး လက်တွဲချင်ကြရင် ဒီနည်းလေးတွေလုပ်ပါ။ Relationship တစ်ခုမှာတော့ အရေးကြီးဆုံးကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးဖို့နဲ့ ယုံကြည်ပေးဖို့ပါပဲ။ အဲ့လို နှစ်ယောက်သားနားလည်မူနဲ့ ယုံကြည်မူအပြည့်ရှိနေရင် တစ်သက်လုံးကော်နဲ့ကပ်ထားသလို မကွဲတော့ပါဘူးနော်။ ကိုယ့်ချစ်သူနဲ့ မခွဲတမ်းအတူရှိနေချင်ရင်တော့ စိတ်ကိုဖွင့်ထားပါ ၊ အမှတ်ရစရာ အဖြစ်အပျက်တွေကို တစ်သက်လုံးအမှတ်ရနေအောင် ဖန်တီးပေးပါ။ ဒီနည်းတွေကတော့ ကော်နဲ့ကပ်ထားသလို မခွဲတမ်းရှိနေမယ့် နည်းလေးတွေပဲဖြစ်ပါတယ်။ (၁) Facebook Password မတောင်းပါနဲ့ ဒီဟာမတိုင်ခင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ကြပါ။ တစ်ယောက်မယုံကြည်ရမယ့်ကိစ္စ တစ်ယောက်က မလုပ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိသွားရင် ဒီ fb pw တွေဘာတွေကို တောင်းနေဖို့မလိုတော့ပါဘူး။ အဲ့ဒါကြောင့် တစ်ယောက်ကို တစ်ယောက်ယုံကြည်အောင်နေကြပါ။ (၂) ခရီး အတူထွက်ကြပါ Sex ကိစ္စတွေမပါဘဲ ချစ်သူနှစ်ယောက် အတူ […]

Lifestyle

ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ

အချစ်ဆိုတာ မျက်စိမရှိပါဘူး … ဒါပေမယ့် မျက်စိရှိလို့သာ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဖြစ်လာတာပါ။ အချစ်ဆိုတာ မျက်စိမရှိဘူးဆိုတဲ့ အဓိပ္ပါယ်က တကယ်တော့ ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုပဲ ချို့ယွင်းချက်တွေ၊ ပြစ်ချက်တွေရှိနေနေ မမြင်ဘူးလို့ ဆိုလိုတာပါ။ ဒီအချက်ကို ဖိလစ်ပိုင်နိုင်ငံသား Roger Casugay နဲ့ ဒက်ခ်ျနတ်သမီးလေးတို့ရဲ့ ချစ်ပုံပြင်က သက်သေခံနေပါလိမ့်မယ်။ Viral သတင်းမှာ ဖော်ပြထားချက်အရ Roger Casugay အမည်ရ ဖိလစ်ပိုင်နိုင်ငံသားဟာ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ အသားရေက မည်းတဲ့ဘက်မှာ ပါပါတယ်။ ရုပ်ရည်အားဖြင့်လည်း မြင်တဲ့အတိုင်းပါဘဲ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်အမောင်းကတော့ ကောင်းပြီး၊ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတယ်လို့ ဆိုရမှာပါ။ Roger ကတော့ ရေလွှာလှိုင်းစီးနည်းပြတစ်ယောက် ဖြစ်ပြီး၊ လူမှုရေးမှာ အလွန်ဖော်ရွေတယ်လို့ ဆိုပါတယ်။ ဒီမှာတင် ဟော်လန်နိုင်ငံသူ Lisa Verweij နဲ့ ဖိလစ်ပိုင်မှာ စတင်စုံတွေ့ခဲ့ပါတယ်။ စတင်စုံစည်းကာစက သူမရဲ့ အတွေးထဲမှာ Roger […]

Lifestyle

ကောင်မလေးတွေတွေ့ရင် လိုက်နောက်ပြောင်တတ်တဲ့သူတွေကို ပညာပေးခဲ့တဲ့မိန်းကလေး

နောက်ပိုးဆိုတာကို အဓိပ္ပါယ်နှစ်မျိုးဖွင့်ကြပါတယ်။ နောက်သလိုလို ပြောင်သလိုလိုနဲ့ ပိုးတာကို နောက်ပိုးလို့ ခေါ်ပြီး၊ ကောင်မလေးတစ်ယောက်ကို ကြိုက်ရဲ့သားနဲ့ မကြိုက်သလိုလို အမူအယာဖမ်းတဲ့သူတွေဆိုရင်လည်း နောက်ပိုးလို့ ခေါ်ပါတယ်။ ဒီနေရာမှာတော့ လူပျိုပေါက်အရွယ်တွေ တော်တော်များများ အဖွဲ့စုံပြီဆို ကိုယ့်အနီးအနားက ဖြတ်လျှောက်သွားတဲ့ ကောင်မလေးတွေ တွေ့ရင် “ဟေ့ လှလိုက်တာ … ဘယ်သွားမှာလဲ .. တစ်ယောက်တည်းလား … လိုက်ပို့ပေးရမလား “ဆိုပြီး နောက်ပြောင်တတ်ပါတယ်။ ဒီသဘာဝလေးကို The Sun က ပြန်လည် ဖော်ပြထားတာပါ။ ဒီလို သံသေးသံကြောင်နဲ့ နောက်ပြောင် ပိုးပန်းခြင်းကိုလည်း နောက်ပိုးလို့ ခေါ်သင့်တယ်လို့ ယူဆပါတယ်။ ဒီလို နောက်ပြောင်ပိုးပန်းတာကိုတော့ Catcall လို့ အင်္ဂလိပ်လို ခေါ်ဝေါ်သုံးနှုန်းပါတယ်။ အခု အဲဒီလို သံသေးသံကြောင်နဲ့ အော်ဟစ်စနောက်တတ်တဲ့ ကောင်လေးတွေ၊ အသက်ခပ်ကြီးကြီး အမျိုးသားတွေနဲ့ တွေ့ရင် ခပ်တည်တည် ဆယ်လ်ဖီဆွဲတတ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကလည်း စိတ်ဝင်စားစရာပါဘဲ။ သူမဟာ အသက် (၂၀) အရွယ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး Noa Jansma လို့ အမည်ရပါတယ်။ ဟော်လန်နိုင်ငံ Amsterdam မြို့တော်မှာ နေထိုင်သူဖြစ်ပြီး သူမ သွားရာလမ်းတစ်လျှောက်မှာ နောက်ပြောင်ကျီဆယ်သူတွေ တွေ့ရင် ခပ်တည်တည် ဆယ်လ်ဖီဆွဲပြီး အင်စတာဂရမ်မှာ dearcatcallers လို့ hashtag […]

Lifestyle

ယောက်ျားတွေကိုစိတ်ကုန်လို့ အိမ်မွေးခွေးနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီး

အသက်(၄၃)နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လက်တွေ့ဘ၀မှာ စံပြအမျိုးသားမရှိနိုင်တော့ကြောင်း ကောက်ချက်ချပြီးတဲ့နောက် သူမရဲ့Yorkshire တယ်ရီယာခွေး Henry နဲ့ လက်ထပ်ထားခဲ့တဲ့အကြောင်းကို Metro သတင်းစာမျက်နှာမှာတွေ့ရှိခဲ့ပါတယ်။ Wilhelmina Morgan Callaghan အမည်ရှိတဲ့ အမျိုးသမီးဟာ အနက်ရောင် မျက်လုံးပြူးပြူးလေးနဲ့ နူးညံ့ပြီး အညိုရောင်ရှိတဲ့ အမွှေးတွေကို ပိုင်ဆိုင်ထားတဲ့ အိမ်မွေးခွေးထီး Henry နဲ့ (၈)နှစ်မြောက် နှစ်ပတ်လည် မင်္ဂလာအထိမ်းအမှတ်ကို နိုဝင်ဘာ(၂၀)ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ Callaghan က ခွေးထီးလေးကို သူမရဲ့ ဘုရင်လို့ တင်စားသုံးနှုန်းထားပြီး သာမန်ယောင်္ကျားတစ်ယောက်ဆီက မရနိုင်တဲ့ စာနာထောက်ပံ့ပေးမှုတွေနဲ့ ကြင်နာမှုတွေကို Henry က ရခဲ့ကြောင်းဆိုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက အိုင်ယာလန်နိုင်ငံမှာ စီးပွားပျက်ကပ်နဲ့ ကြုံတွေ့တဲ့အခါမှာ ရင်ခွဲရုံမှာလုပ်နေတဲ့ သူမ အလုပ်ပြုတ်ခဲ့ပါတယ်။ ဒါအပြင့် နေအိမ်လဲရေမြုပ်ခဲ့ရကာ သူမအတွက် အဆိုးဝါးဆုံးအခြေအနေတွေကို ရင်ဆိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက်ပိုင်းမှာ […]

Lifestyle

နှစ်(၆၀)ကြာမှ ပြန်တွေ့ခွင့်ရတဲ့ မွေးစားမောင်က မီလျံနာတစ်ဦးဖြစ်နေ

Ida Wilde လို့အမည်ရတဲ့ အသက် 83 နှစ်အရွယ် အဖွားဟာ နှစ်ပေါင်း 60 ကြာ ကွဲကွာသွားတဲ့ မွေးစားမောင်လေးနဲ့ မကြာခင်ကမှ ပြန်ဆုံခဲ့ရပါတယ်။ Ida ဟာ စကော့တလန်နိုင်ငံ၊ Irvine မြို့မှာ နေထိုင်သူဖြစ်ပြီး၊ သူမရဲ့ မောင်လေး Asgar Patel အသက် 78 နှစ်နဲ့ ပြန်ဆုံခွင့်ရခဲ့ကြောင်း Dailymail က ဆိုပါတယ်။ Patel ဟာ အခုအခါမှာ သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတွေထဲမှာ တစ်ဦးအပါအ၀င် ဖြစ်နေပြီး၊ အိန္ဒိယမှာ ကြီးပွားနေပါပြီ။ Petal ဟာ အိန္ဒိယမှာ အောင်မြင်တဲ့ Logistic company တစ်ခုတည်ထောင်ထားပြီး အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ လုပ်ငန်းများစွာလုပ်ကိုင်နေပါပြီ။ Petal ဟာ လူမှုကွန်ယက်မီဒီယာပေါ်မှာ Ida နဲ့ ပြန်ဆုံခဲ့ပါတယ်။ ကနဦးတုန်းကတော့ ဘယ်လိုမှ မမှတ်မိဘဲ Ida တင်ခဲ့တဲ့ ဓာတ်ပုံတစ်ခုကြောင့် မှတ်မိသွားကာ ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မောင်နှမနှစ်ယောက် ပြန်ဆုံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Ida က […]

Lifestyle

ခေါင်းတစ်ခြမ်းပဲ့ ကလေးသရဲက လိုက်လံခြောက်လှန့်နေကြောင်း ဖွင့်ဟခဲ့တဲ့ အမျိုးသား

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ Adam Ellis အမည်ရ အမျိုးသားဟာ သူ့ကို ကလေးသရဲတစ်ကောင်က လိုက်လံခြောက်လှန့်နေတယ်လို့ ယုံကြည်နေပါတယ်။ Adam ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ သူရဲ့တွစ်တာကနေ တစ်ဆင့် သရဲခြောက်မှုမှတ်တမ်းတွေကို Live လွှင့်ခဲ့ရာက သူ့ကို လူသိပိုများစေခဲ့တယ်လို့ The Sun က ဆိုပါတယ်။ ကလေးသရဲအမည်ကို Dear David လို့ အမည်ပေးထားကြောင်း၊ ခေါင်းတစ်ခြမ်းပဲ့နေတဲ့ ကြောက်စရာ ကလေးသရဲဖြစ်ကြောင်း နဲ့ လူသေအလောင်းတွေကို တူးဖော်စားသောက်တဲ့ သရဲမျိုးနွယ်ဖြစ်ကြောင်း သူက ဆိုပါတယ်။ အဲဒီကလေးသရဲဟာ သူနေထိုင်ရာ အခန်းမှာ နေ့စဉ်နဲ့အမျှ ခြောက်လှန့်သောင်းကျန်းတယ်လို့ သူက ဆိုပါတယ်။ Adam ဟာ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံကို နှစ်ပတ်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး၊ ဒီအတောအတွင်း သူ မရှိခိုက်မှာ အခန်းမှာနေထိုင်နေတဲ့ ကလေးသရဲဟာ တစ်ခြားနေရာကို ထွက်သွားလိမ့်မယ်လို့ သူက […]

Lifestyle

ချစ်တင်းနှောနေတာကို (၃)မိနစ်ကြာ မတော်တဆ Live ပြခဲ့မိတဲ့ အမျိုးသမီး

Instagram နဲ့ ဆိုရှယ်မီဒီယာစတားတစ်ယောက်ဖြစ်တဲ့ Kristin Hancher အမည်ရ မော်ဒယ်မလေးဟာ သူမရဲ့ချစ်သူနဲ့ ချစ်တင်းနှောနေစဉ် မတော်တဆ Live ထုတ်လွှင့်ပြလိုက်သလို ဖြစ်သွားပြီး၊ ကြာမြင့်ချိန် သုံးမိနစ်ကျော်မှ ရိပ်မိသိရှိခဲ့ကြောင်း Metro သတင်းဌာနမှာ ဖော်ပြထားပါတယ်။ Kristin ဟာ အင်စတာဂရမ်မှာ Follower (၃.၉)သန်းအထိ ရှိထားတဲ့ စတားတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ချစ်သူ Andrew Gregory နဲ့ အတူရှိနေစဉ်မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က Live ခလုတ်ကို အယောင်ယောင်အမှားမှားနဲ့ နှိပ်မိခဲ့ပုံရပါတယ်။ သို့ပေမယ့် အဆိုးထဲက အကောင်းဆိုသလို ကင်မရာက တော်တော်ဝေးဝေးမှာ ရှိနေလို့၊ အသံလောက်သာ ဗွီဒီယိုမှတ်တမ်းထဲမှာ ပါဝင်ခဲ့ပြီး၊ လူပေါင်း (၁၄၀၀၀) လောက်ကတော့ ဒီဗွီဒီယိုဖိုင်ကို ကြည့်ဖို့ မှီလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး၊ ရိုင်းစိုင်းတဲ့ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ Kristin ကတော့ ဒီကိစ္စဟာ တမင်ရည်ရွယ်တာ […]

Lifestyle

တည်းခိုခန်းမှာ ချိန်းတွေ့ ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ သွေးလွန်သေဆုံးခဲ့

အွန်လိုင်းမှာ စတွေ့ ကြပြီးနှစ်ရက်အတွင်း တည်းခိုခန်းမှာ ချိန်းတွေ့ ခဲ့ရာကထိုင်း တက္ကသိုလ်ကျောင်းသူ အသက် ၂၃ နှစ်ဟာ သွေးလွန်သေဆုံးခဲ့ကြောင်း သိရပါတယ်။သွေးလွန်ပြီး သတိလစ်နေတဲ့ ကျောင်းသူကို ထားပြီး ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားဟာ မလွတ်မှန်းသိလို့  နောက်ပိုင်းမှာ ရဲစခန်းကိုလာရောက်အဖမ်းခံခဲ့ပါတယ်။ဖြစ်စဉ်မှာ ကောင်လေးက ကောင်းမလေးနဲ့ Facebook မှာ နှစ်ရက်ကြာ စကားပြောခင်မင်ခဲ့ကြပြီး အပြင်မှာ နှစ်ယော က်သား ချိန်းတွေ့ခဲ့ကြပါတယ်။ဆိုင်တစ်ဆိုင်မှာ ချိန်းတွေ့ အရက်သောက်ပြီး နောက်ပိုင်းတွင် ဟိုတယ်မှာ အတူတူလိင်ဆက်ဆံမှု ရှိခဲ့ပါတယ်လို့ ကော င်းလေးက ပြောပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံချိန်တွင် အမျိုးသမီးက တင်းကျပ်မှုဖြစ်လာကြောင်းပြောသောကြောင့် လိင် ဆက်ဆံမှုကိုရပ်ပြီး မအင်္ဂါတွင် သွေးထွက်များတာကို တွေ့ပြီး ကြောက်လန့်စွာဖြင့် ထွက်ပြေးခဲ့သည်ဟု ကောင်လေးက ပြောပါတယ်။မိန်းခလေးအလောင်းစတွေ့ တော့ သေဆုံးသူဘယ်သူမှန်းမသိလို […]

Lifestyle

ချစ်သူမိန်းကလေးက ခြေထောက်နာနေလို့ဒေါက်ဖိနပ်လဲစီးပေးခဲ့တဲ့အမျိုးသား

ယောင်္ကျားလေးတစ်ဦးဟာ ချစ်သူကောင်မလေးကဒေါက်မြင့်ဖိနပ်ကြောင့်ခြေထောက်နာနေတာကိုမြင်ရတဲ့အတွက်ကြောင့် သူ့ဖိနပ်နဲ့လဲပြီးစီးပေးခဲ့တာကို Viral4real မှာစိတ်လှုပ်ရှားဖွယ်တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်နဲ့ဆိုရင်ကြည့်လို့အလွန်ကောင်းကြပါတယ်။ ဒါပေမယ့် ရလဒ်ဆိုးတခုအနေနဲ့ကတော့ ခြေထောက်နာလေ့ရှိတာပဲဖြစ်ပါတယ်။ တရုတ်ပြည်တောင်ပိုင်းက Xinqiao အမည်ရှိတဲ့ဆေးရုံတခုရဲ့ ၅လွှာမှာ လူတစ်ယောက်ကဒေါက်မြင့်ဖိနပ်စီးထားတာကို ကင်မရာကနေတဆင့်တွေရှိခဲ့ပါတယ်။ အချို့က ဒီအကြောင်းကြားပြီး ရယ်ချင်မှာဖြစ်ပေမယ့်  ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်ကအကြောင်းကိုသိရရင်တော့ စိတ်ကြည်နူးသွားမှာဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးထားတဲ့ကောင်လေးရဲ့ ချစ်သူအမျိုးသမီးလေးက အချိန်အတော်ကြာအောင် ဒေါက်မြင့်စီးထားပြီး ခြေထောက်နာနေတာပါ။ ဒါကိုကောင်လေးက သူရဲ့သက်တောင့်သက်သာရှိတဲ့ ယောင်္ကျားစီးဖိနပ်ကိုချွတ်ပြီး ကောင်မလေးရဲ့ဒေါက်မြင့်နဲ့ အလဲအလှယ်လုပ်ပြီး စီးခဲ့ပါတယ်။ သူများတွေကလှောင်ပြောင်သရော်မှာကို ဂရုမစိုက်ပဲနဲ့ သူမသက်တောင့်သက်သာဖြစ်စေဖို့အတွက်သာရည်ရွယ်ပြီး လုပ်ပေးခဲ့တာပါ။ ဓာတ်ပုံတွေကိုတော့ Xie အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးက ရိုက်ခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဆိုပါ post ဟာညတွင်းချင်းပဲပျံ့နှံ့သွားခဲ့ပြီး လူများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူအချို့ကလဲ အလားတူအဖြစ်အပျက်မျိုးကို ပြောပြကြပါတယ်။ Sohu News မှာလူတစ်ယောက်ရေးခဲ့တာကတော့ သူ့အမေနေမကောင်းဖြစ်တုန်းကလဲ အဖေဖြစ်သူက ဆေးရုံကိုအရေးပေါ်ပို့ပေးခဲ့တယ်လို့ဆိုပါတယ်။ အမေရဲ့အခြေအနေတည်ငြိမ်သွားတဲ့အထိအနားမှာနေပေးခဲ့ပြီး သူ့ဖိနပ်တွေကိုပေးဝတ်ထားတယ်လို့ပြောပါတယ်။ […]

Lifestyle

ဖောက်ပြန်တဲ့ချစ်သူကို “Fake Propose”လုပ်ပြီး လက်စားချေအရှက်ခွဲခဲ့တဲ့ အမျိုးသား

ချစ်သူနှစ်ယောက်ရဲ့ နောက်ဆုံးခရီးဟာ လက်ထပ်ခြင်းဖြစ်ပါတယ်။ နှစ်ယောက်တစ်ဘ၀တစ်ခုကို တည်ဆောက်ပြီး၊ သေဆုံးသည်အထိ ချစ်သူနဲ့ အနီးဆုံးမှာနေချင်ကြတာ ချစ်သူတိုင်းရဲ့ ဖြူစင်တဲ့ လောဘတရားပါဘဲ။ ဒါပေမယ့် တစ်ချို့သော အချစ်တွေကတော့ တဒင်္ဂသာယာမှုတွေနဲ့ ဖြစ်လာတဲ့အချစ်မို့ တည်မြဲမှု မရှိပါဘူး။ Mirror သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာတော့ အမျိုးသားတစ်ယောက်ဟာ အပေါင်းအသင်းတွေစုံလင်နေတဲ့ ညစာစားပွဲမှာ သူရဲ့ချစ်သူကို Fake Propose ပြုလုပ်ကာ အရှက်ခွဲခဲ့ပါတယ်။ အကြောင်းကတော့ အဆိုပါ အမျိုးသမီးဟာ သူ့ရဲ့နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့လို့ပါ။ အဆိုပါ အမျိုးသားက အချစ်အတွက် ကြေငြာချက်တစ်ရပ်လုပ်ဖို့အတွက် ထိုင်နေရာကနေ မက်တပ်ရပ်လိုက်ပါတယ်။ ယင်းနောက် အားလုံးဟာ သူ့ကို အာရုံစိုက်တဲ့အခါမှာ သူက ” ငါ မင်းကို တစ်ကယ်ချစ်ပါတယ် … ငါ့ရဲ့ သားနဲ့လည်း မိတ်ဆက်ပေးဖို့ ပြင်ဆင်ထားပြီးပါပြီ  … ငါ့ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို မင်းနဲ့ပဲ ကုန်ဆုံးချင်ပါတယ် “လို့ ပြောခဲ့ပါတယ်။ ဒီစကားအပြီးမှာ အားလုံးက […]