Lifestyle

ရည်းစားဟောင်းရဲ့ တောင်းပန်စာကို မင်နီနဲ့အမှတ်ပေးပြီး အဆင့်ပါထုတ်ပေးခဲ့တဲ့ အမျိုးသား

ယုံကြည်မှုဆိုတာ အရမ်းကိုကြောက်စရာကောင်းပါတယ်။ သင့်အနေနဲ့ လူတစ်ယောက်က သင့်အပေါ်ကိုထားရှိတဲ့ ယုံကြည်ချက်ကို တစ်ခါလောက်ရိုက်ချိုးမိပြီဆိုရင် အရင်လိုယုံကြည်လာအောင် ပြန်လည်ပြုလုပ်ဖို့ဆိုတာ လုံးဝမလွယ်ကူတော့ပါဘူး။ ဒီအဖြစ်အပျက်လေးနဲ့ တိုက်ဆိုင်နေတဲ့ သင်ခန်းစာရဖွယ်အကြောင်းလေးကို ဖော်ပြပေးသွားချင်ပါတယ်။ Nick Lutz ဆိုတာ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သလို သစ္စာဖောက်ခဲ့တဲ့ သူရဲ့ချစ်သူနဲ့ လမ်းခွဲထားခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် Nick ရဲ့ချစ်သူဟောင်းက Nick ထင်နေသလို Nick အပေါ် သစ္စာဖောက်တာမဟုတ်ကြောင်း တောင်းပန်ထားတဲ့ စာတစ်စောင်ကို ပေးပို့ခဲ့လိုက်ရာ Nick ကလည်း ထူးထူးဆန်းဆန်းကို တုန့်ပြန့်သွားခဲ့ပါတယ်။   Nick က သူရဲ့အဆက်ဟောင်း ပို့ပေးလိုက်တဲ့ တောင်းပန်စာထဲက စာလုံးပေါင်းမှားနေတဲ့ နေရာတွေကို မင်နီနဲ့ဝိုင်းပြီး အသုံးမဝင်စာတွေကို ထပ်တလဲလဲသုံးထားတာကိုလည်း မင်နီနဲ့ထောက်ပြထားပါတယ်။ စာအားလုံးကို စစ်ဆေးပြီးတဲ့အခါမှာတော့ Nick က သူ့အဆက်ဟောင်း ရေးပေးခဲ့တဲ့စာကို အမှတ် ၁၀၀မှာ […]

Lifestyle

ဆိုင်​ကယ်​ရူးသွပ်​လွန်းတဲ့ မိန်းက​လေး​တွေပဲဖွဲ့စည်းထားတဲ့အဖွဲ့က ခေါင်း​ဆောင်​အလန်း​လေး

ထိုင်းနိုင်ငံက မိန်းခလေးတွေကြီးဘဲဖွဲ့စည်းထားတဲ့ Biker girls အဖွဲ့က ခေါင်းဆောင် Biker girl လေး… ဆိုင်ကယ်ကိုယ် ရူးသွပ်ချက်က 9ကျော်တယ် …😍😍😍 သူတို့အဖွဲ့ဟာ ခုဆိုရင် မိန်းခလေးကြီးဘဲ အဖွဲ့ဝင် အင်အား အယောက် ၅၀ ကျော်လောက်ရှိလာပါပီး နောက်ပိုင်း သူတို့အဖွဲ့ဝင် များရဲ့ Photo များကိုယ် လည်း အချိန်ရရင် ဖော်ပြပေးသွားပါမယ် …💝💝💝 သူမ…စီးနေတဲ့ ဆိုင်ကယ်ကတော့ CBR1000rr ပါ …… မြန်မာမိန်းခလေးများလည်း ကြောက်စိတ်ကိုယ် ဖယ်ရှားပီး 1000rr မစီးနိုင်ရင်နောင် CBR150r လောက်တော့ စီးနိုင်ကြပါစေဗျာ …💪💪💪💪 Kyi Tha Soe Photo – credit

Lifestyle

ဆီလီကွန်ခွဲစိတ်မှုခံယူပြီးနောက် ရင်သားလေးထောင့်ပုံဖြစ်သွားလို့ ဆေးရုံကို တရားစွဲခဲ့တဲ့ ရုရှားအမျိုးသမီး

ရင်သားကို ဆီလီကွန်ခွဲစိတ်မှုခံယူခဲ့တဲ့ ရုရှားဘလော့ဂါတစ်ဦးဟာ ခွဲစိတ်မှုပြီးနောက် (၁၃)နှစ် အကြာမှာ ရင်သားဟာ လေးထောင့်ပုံ ဖြစ်လာခဲ့ကြောင်း သူမရဲ့ Instagram အကောင့်မှာတင်ခဲ့ပါတယ်။ Yulia Debbagkh ဟာ သူမရဲ့ ရင်သားခွဲစိတ်မှု မှားယွင်းကြောင်း တင်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်တဲ့ Comment တွေနဲ့ ဆိုက်ဘာအနိုင်ကျင့်မှုကိုလည်း ခံနေရပါတယ်။ ရင်သားအစားထိုးထားတဲ့ ဆီလီကွန်ဟာ တွန့်ခေါက်သွားတဲ့အတွက် ခွဲစိတ်မှု ထပ်မံလိုအပ်နေပြီး ပထမအကြိမ်ခွဲစိတ်ခဲ့တဲ့ ဆေးရုံမဟုတ်တဲ့ နောက်ဆေးရုံမှာ သွားပြရာမှာတော့ အရင်ဆရာဝန်တွေက ဆီလီကွန်ကို ကြွက်သားအောက်ဘက်မှာ ထည့်ရမယ့်အစား နေရာမှားထည့်ခဲ့တာဖြစ်ကြောင်း သိခဲ့ရပါတယ်။ သူမဟာ ခေတ်မီဆီလီကွန်နဲ့ ခွဲစိတ်မှု ထပ်မံခံယူရမှာဖြစ်ပြီး အရင်ကထက် ပိုလှလာတော့မယ်လို့လည်း ရေးတင်ခဲ့ပါသေးတယ်။ Yulia က သူမ အရင်ခွဲစိတ်ခဲ့တဲ့ ဆေးရုံဟာ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီးဆေးရုံဖြစ်ခဲ့ပေမယ့် သူမရဲ့ ရင်သား ယိုယွင်းလာမှုအကြောင်းကို ပြန်သွားပြောခဲ့ရာမှာတော့ ဆေးရုံက သူမရဲ့ ဆေးမှတ်တမ်းပျောက်ဆုံးသွားကြောင်း၊ ထပ်ခွဲစိတ်ချင်ရင် ပိုက်ဆံထပ်ပေးရမှာ ဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ဆေးမှတ်တမ်းကို […]

Lifestyle

နေရာမကောင်းပေမယ့် ပုံကောင်းရအောင် ရိုက်နိုင်တဲ့ ဓာတ်ပုံဆရာမလေးရဲ့လက်ရာများ

သင့်ရဲ့ ဓာတ်ပုံစွမ်းရည်ကောင်း မကောင်းစမ်းသပ်ဖို့ နည်းလမ်းတစ်ခုကတော့ မလှတဲ့နေရာတွေမှာ လှအောင်ရိုက်နိုင်ဖို့ပါ။ အမေရိကန်နိုင်ငံ အင်ဒီယာနာဒေသက (၂၂)နှစ်အရွယ် ဓာတ်ပုံဆရာမလေး Kelsey Maggert ကတော့ ၎င်းစိန်ခေါ်မှုကို အနိုင်ယူလိုက်ပါပြီ။ သူမဟာ ဓာတ်ပုံပညာကို လေ့လာခဲ့တာ (၄)နှစ်ခန့် ရှိပြီဖြစ်ပြီး Nikon D750 ကင်မရာကို အသုံးပြုပါတယ်။ သူမရဲ့ မြို့ဟာ သိပ်မလှတာကြောင့် မလှတဲ့နေရာတွေမှာ လှအောင်ရိုက်တာ သူမအတွက် သိပ်မဆန်းလှဘူးဆိုပါတယ်။ Kelsey ရဲ့ မော်ဒယ်အများစုဟာ သူမသူငယ်ချင်းတွေဖြစ်ပြီး ဓာတ်ပုံအတွက် သင့်တော်မယ့် သူတွေ့ရင်လည်း ကမ်းလှမ်းကြောင်းပြောပါတယ်။ Kelsey ရဲ့ လက်ရာတွေကို ကြည့်ပြီး ဈေးကြီးလှပတဲ့နေရာတွေ သွားရိုက်မှ ဓာတ်ပုံကောင်းကောင်းရနိုင်မယ်ဆိုတဲ့ အယူအဆဟာ သိပ်မလိုအပ်တော့ပါဘူး။ အောက်မှာ သူမရဲ့ ဓာတ်ပုံလက်ရာလေးတွေကို ဖော်ပြပေးထားပါတယ်နော်။ ခရစ္စမတ်သစ်ပင်အရောင်းဆိုင် တိုက်ပျက်ထဲက အုတ်ပုံ […]

Lifestyle

ဝိုင်းယံထားတဲ့ ရန်သူတွေကြားမှာ လက်နက်မချပဲ လက်ပစ်ဗုံးဖောက်ခွဲခဲ့တဲ့ ဗိုလ်မှူး

ဝိုင်းယံထားတဲ့ အကြမ်းဖက်သမားတွေကြားမှာ လက်နက်မချပဲ လက်ပစ်ဗုံးဖောက်ခွဲခဲ့တဲ့ ဗိုလ်မှူး ဖိလစ်ပေါ့ (အသက်၃၄နှစ်) အကြမ်းဖက်သမားများရဲ့ အပစ်ခံရတဲ့ ဗိုလ်မှူး ဖီလစ်ပေါ့ ဟာဆိုရင် သူဒါဏ်ရာရနေသည့်တိုင်အောင် အညံ့မခံ အရှုံးမပေးတဲ့စိတ်နဲ့ ရန်သူတွေကို သူ့ရဲ့ ပစ်စတိုနဲ့ ပစ်ခတ်နေခဲ့ပါတယ်။ ရန်သူတွေ သူ့ကို ဝိုင်းလာတဲ့အချိန်မှာတော့ ရန်သူရဲ့ဖမ်းဆီးမှုကို မခံပဲ လက်ပစ်ဗုံး စနက်တံကို ဆွဲပြီး သူရဲကောင်းဆန်တဲ့ စိတ်ထားမျိုးနဲ့ ဖောက်ခွဲလိုက်တဲအတွက် သူကျဆုံးပြီးတဲ့အချိန်မှာ ဆုတံဆိပ် ချီးမြှင့်ရန် ရာထားခြင်း ခံရပါတယ်။ Su-25 ဗုံးကြဲလေယဉ် မောင်း လေသူရဲတစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ဖိလစ်ပေါ့ ဟာ စနေနေ့က ဒါဏ်ရာရရှိနေခဲ့ပါတယ်။ သူ့ရဲ့လေယဉ်ဟာ သယ်ဆောင်လွယ်တဲ့ (MANPAD) နဲ့ပစ်ချခံလိုက်ရပါတယ်။ဇာတ်ကွက်ဆန်ဆန်ပြကွက်တွေမှာပြသလို သူ့လေယဉ်ရဲ့ လေယဉ်အင်ဂျင်တစ်လုံးဟာ မီးလောင်ပြီး ဆင်းသက်သွားတာကိုမြင်တွေ့ကြရပါတယ်။ လေယဉ်ပိုင်းလော့ဟာ သူ့လေယဉ် မပျက်ကျမီ […]

Lifestyle

မိုက်ရိုင်းလွန်းတဲ့ စပါယ်ယာကို ဖနောင့်နဲ့ပေါက်ပြီး ပညာပေးခဲ့တဲ့ အမျိုးသမီး

မိုက်ရိုင်းလွန်းတဲ့စပါယ်ယာကို ဖနောင့်နဲ့ပေါ်က်ခဲ့တဲ့ ငယ်စဉ်ကာလ ရှိခဲ့ဖူးတယ်။ ငယ်စဉ်ကာလ ဆိုတာတောင် အလုပ်လုပ်နေပါပြီ MRTV မှာ သတင်းဖတ်နေတဲ့ အချိန်ပါအဲဒီအချိန်က International News ဖတ်ဘို့ မနက်အစောကြီး ရုးံကို ပြေးရတယ်။ ဘာနဲ့သွားရလဲဆိုတော့ ဘတ်စ်ကားနဲ့ပါ ။ကျွန်မတို့မှာ အိမ်ကကားရှိလို့ အဖေက အကြိုအပို့ လုပ်မယ်ဆိုတာမျိုး ဘယ်တော့မှ မရှိပါဘူး ဘယ်ကိစ္စမဆို ကိုယ့်ခြေထောက်ကိုယ်သုးံပြီး လမ်းလျောက်ရင်လျောက် မလျောက်ရင် ဘတ်စ်ကားစီး ..အင်မတန်လိုအပ်လွန်းမှ အိမ်ကကား စီးဖူးတယ် .. အဲဒီလိုနေခဲ့ရပါတယ်။ ကျွန်မ ရုးံသွားရင် လွယ်တဲ့လွယ်အိတ်လေးရှိတယ် ဟိုးအရင် အထက်တန်းကျောင်းတက်တုန်းက ကျောင်းသားတော်တော်များများလွယ်လေ့ရှိတဲ့ ဘေးလွယ်မျိုးပါအဲဒီလွယ်အိတ်ထဲမှာ သတင်းဖတ်ရင်ဝတ်ဖို့ ရင်ဖုးံအကျီတထည်ပါတယ်။ အဘိဓါန်စာအုပ်အသေးလေးပါတယ် ပိုက်ဆံထည့်တဲ့ အိတ်အသေးလေးရယ် ..မောင်းချဓါးတချောင်းရယ် ..ပါတယ်။ လွယ်အိတ်နဲ့ဆိုတော့ ကျွန်မပုံက ရုးံတက်တဲ့သူနဲ့မတူဘူး သက်ကြီးတက္ကသိုလ်မှာ တဖုးံဖုးံကျနေတဲ့ […]

Lifestyle

ချုံပုတ်ကို အိမ်လုပ်ပြီးနေရတဲ့ အိမ်ရာမဲ့အမျိုးသားနဲ့ မေတ္တာမျှခဲ့သူအမျိုးသမီး

အချစ်ဟာ ဆန်းကြယ်ပါတယ်။ လူနှစ်ယောက်ဟာ တစ်မြို့တစ်ရွာဆီမှာနေထိုင်ကြပြီး ဘယ်လောက်ပဲ မိုင်တွေခြားနေပါစေ၊ ဖူးစာမှန်ခဲ့ရင် တွေ့ဆုံကြ၊ ညားကြရစမြဲပါ။ (၂၀၀၆)ခုနှစ်တုန်းက ဆွီဒင်သူ အမျိုးသမီးတစ်ယောက်ဟာ နယ်သာလန်မြို့တော် အမ်စတာဒမ်မှာ ရှိနေခဲ့ပါတယ်။ သူမနာမည်ကတော့ Emmy Abrahamson ဖြစ်ပြီး အမ်စတာဒမ်မှာရှိနေတဲ့အချိန် အိမ်ခြေရာမဲ့တစ်ဦးဖြစ်တဲ့ Vic Kocula နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုလူစိမ်းရဲ့ အညိုရောင်မျက်လုံးရွဲတွေကို သူမက သတိထားမိတဲ့အပြင် ပေရေနေတဲ့အ၀တ်အစားတွေနဲ့ ဆံပင်တွေက Vic ဟာ အိမ်ခြေရာမဲ့တစ်ဦးဖြစ်ကြောင်း သူမအလိုလို သိလိုက်ပါတယ်။ နှစ်ယောက်သား(၁၀)မိနစ်ကြာ စကားပြောကြပြီးနောက်ပိုင်း နောက်အပတ်ကို ထပ်တွေ့ကြဖို့ အချိန်းအချက် ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Emmy က သူမနေထိုင်ရာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ကိုပြန်ဖို့ ဖြစ်လာပါတယ်။ အနေဝေးနေတာကြောင့် Vic ဆီက သတင်းတစ်စုံတစ်ရာကို Emmy ဟာ […]

Lifestyle

ပြည့်တန်ဆာအလုပ်လုပ်ပြီး ၅ နှစ်အရွယ်သမီးလေးကို လိုလေသေးမရှိအောင်ပျိုးထောင်ပေးနေတဲ့မိခင်

ပြည့်တန်ဆာလောကဆိုတာ လူမှုအဖွဲ့အစည်းအသိုင်းအ၀ိုင်းတစ်ခုလုံးက ဆန့်ကျင်နှာခေါင်းရှုံ့တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီအလုပ်ကပဲ သူမသမီးအတွက် ပိုပိုကောင်းတဲ့မိခင်တစ်ယောက်ဖြစ်လာစေတယ်လို့ ထူးဆန်းဖွယ်ဆိုလာသူကတော့ Portlandနိုင်ငံက Elle Stangerလို့ခေါ်တဲ့ 31နှစ်အရွယ်မိခင်တစ်ဦးဖြစ်ပါတယ်။ ကိုယ်ချင်းစာမှု၊စာနာမှုစွမ်းအားကို သူမယုံကြည်သလို ပြည့်တန်ဆာလောကနဲ့သက်ဆိုင်သမျှ အလုပ်စုံနီးပါးလုပ်ရင်း ကျင်လည်နေတဲ့သူမဟာ ကာမစိတ်ကိုလှုံဆော်ပေးတဲ့စာတွေရေးရင်းလည်း ၀င်ငွေရှာပါသေးတယ်။ သူမဟာ သူမရွေးချယ်ထားတဲ့အလုပ်နဲ့ပတ်သက်ပြီး အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်သလို အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ပွဲတွေမှာလည်း ပါဝင်လှုပ်ရှားသြူုဖစ်ပါတယ် ဒီအလုပ်နဲ့ပတ်သက်ပြီး သူမသမီးအပေါ်မှာ သက်ရောက်မှုမရှိဘူးလားလို့ သင်တွေးနေလောက်ပါတယ်။အထူးသဖြင့် ကျောင်းမှာပေါ့။သူမရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဘသူမဆို မေးလာနိုင်တဲ့ ဒီမေးခွန်းအတွက်လည်း သင့်လျော်တဲ့အဖြေကို သူမသမီးအတွက် ပြင်ဆင်ပေးပြီးသားပါ။ “ပိုက်ဆံရဖို့ မေမေ ကတယ်၊လူတွေနဲ့စကားပြောတယ်။ဟာသတွေပြောတယ်”ဆိုပြီး ကလေ3းနှစ်အရွယ်ကတည်းက ပြောပြပြီးသားပါ။သူမဟာ ဘလိုပဲ သူမအလုပ်နဲ့ပတ်သက်ပြီး ဂုဏ်ယူမဆုံးဖြစ်နေလင့်ကစား သူမရဲ့တနေ့တာလုပ်ငန်းခွင်ဝင်နေပုံကိုတော့ သမီးဖြစ်သူကို မမြင်မတွေ့စေလိုကြောင်း ယတိပြတ်ဆိုထားသူပါ။ “အထူးသဖြင့် ကျွန်မအမေတစ်ယောက်ဖြစ်နေလျက်နဲ့ ဒီလိုအလုပ်တွေကိုလုပ်နေလို့ လူတွေကပိုပြီးအဆိုးမြင်နေကြတာ ကျွန်မသိပါတယ်..။နောက် ကျွန်မကလေးကို လုံခြုံစိတ်ချရပြီး […]

Lifestyle

ရုပ်ဆိုးလို့ ချိုးနှိမ်အနိုင်ကျင့်ခံခဲ့ရပေမယ့် ကလေးအထူးကုဆရာဝန် ဖြစ်အောင်ကြိုးစားခဲ့သူ

ချိုးနှိမ်အနိုင်ကျင့်လေ့ရှိတဲ့ အလေ့အထဟာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာလို့ ပြောလို့ရပါတယ်။ ရှေးယခင်ကတည်းက သိပ်ကို ရုပ်ဆိုးတဲ့သူ၊ အလွန်ဝတဲ့သူ၊ အလွန်ပိန်တဲ့သူ၊ ရောဂါဘယထူပြောသူ၊ ကိုယ်လက်အင်္ဂါ မစုံလင်တဲ့သူတွေဆိုရင် အလကားပဲတင်း ပြောင်ပြောင်တင်းတင်း စနောက်အနိုင်ကျင့်လို့ရတယ်လို့ လူတွေက ထင်နေကြပါတယ်။ အနိုင်ကျင့်နှိပ်စက်သူတွေဟာ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ၊ အလုပ်မှာ၊ လူမှုကွန်ယက်ပေါ်မှာ နေရာအသီးသီးမှာ ရှိနေနိုင်ပါတယ်။ အနိုင်ကျင့်နှိပ်စက်ခံရသူတွေရဲ့ စိတ်ထဲမှာတော့ ကာလရှည်နာကျင်မှုကြောင့် တစ်ချို့ဆို စိတ်ညစ်လွန်းလို့ မိမိကိုယ်ကို သတ်သေတာမျိုးတွေတောင် ရှိခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု မရှိသူတွေကြောင့် ဒီလို အဖိုးတန်အသက်တွေ ဆုံးရှုံးနေဦးမှာပါဘဲ။ အခုလည်း Michael Goodman ဟာ Treacher Collins syndrome ဆိုတဲ့ရောဂါကို ခံစားခဲ့ရလို့ ငယ်ငယ်ကတည်းက မျက်နှာပုံပျက်ပန်းပျက် ဖြစ်နေခဲ့သူပါ။ ဒီလို ရုပ်ဆိုးတာကိုပင် အတန်းဖော်တွေက သူ့ကိုပဲ ဦးတည်စနောက်တာကို ခံခဲ့ရပြီး၊ တစ်ခါတလေ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရတာမျိုးတောင် ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က သူ့ဖြစ်ရပ်နဲ့ဆင်တူတဲ့ Wonder […]