Lifestyle

နောက်ကျောဓါးထိုးခံရတာကို စိတ်လှုပ်ရှားမှုမရှိပဲ တည်တည်ငြိမ် ငြိမ်နေခဲ့သည်ဘရာဇီးလူငယ်

နောက်ကျောတွင် ဓါးထိုးခံထားရသည့် အသက်၂၂နှစ်အရွယ် ဘရာဇီးလူငယ် အယ်လီနာဒိုမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမရှိပဲ ငြိမ်နေခဲ့သည်ကို တွေ့ရသည်။ ဓါးထိုးခံရသူ အယ်လီနာဒိုမှာ ဘရာဇီးကျေးလက်ဒေသရှိ ဘရာစီးလီးယားမြို့လေးတွင် သူငယ်ချင်းများနှင့်အတူ အရက်သောက်နေစဉ် တစ်စုံတစ်ဦးက ပြေးလာပြီးနောက်ကျောသို့ အားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်သည်ဟု ဒေသခံသတင်းများတွင် ဖော်ပြသည်။ အယ်လီနာဒိုက ယင်းတိုက်ခိုက်မှုနောက်ကွယ်မှ ကိုယ်ထိလက်ရောက် ကျူးလွန်သူကို မသိခဲ့ကြောင်းနှင့် ထိုညက မည်သူနှင့်မှ အချင်းများခဲ့ခြင်းမရှိဟု ပြောကြားသည်။ ဖေဖော်ဝါရီ ၉ရက်နေ့က အခင်းဖြစ်ပွားမှုကို ပြသသည့်ဗီဒီယိုတွင် အလုပ်ကြမ်းသမားတစ်ဦးက သစ်သားရိုးပါသည်ဓါးဖြင့် ထိုးခဲ့ပြီးနောက် အင်္ကျီပေါ်သို့ သွေးများစီးကျလာသည်ကို တွေ့ရသည်။ ဒေသခံများက လူနာတင်ကားထွက်လာနေသည်ကို လူနာအား ပြောပြပြီးနောက် စိတ်သက်သာရာရခဲ့သည်။ အယ်လီနာဒိုမှာ ရီယိုဘရန်ကိုဆေးရုံတွင် ဓါးကိုခွဲစိတ်ဖယ်ရှားပေးခဲ့ပြီးနောက် သက်သာလာပြီဟု The Sun ကဖော်ပြသည်။ […]

Lifestyle

သေမယ့်ရက်ကို ကြိုတင်နမိတ်အရ သိခဲ့ပေမယ့် မရှောင်နိုင်ခဲ့တဲ့ ရုရှားအမျိုးသား

ကိုယ်သေမှာကို ကြိုတင်ပြီးသိတဲ့သူတစ်ယောက်အတွက် ဘယ်လိုအရာတွေနဲ့ သေဆုံးခြင်းကို ရှောင်လွှဲနိုင်မလဲဆိုတာကတော့ တကယ့်ကို ထိတ်လန့်ခြောက်ခြားစရာပါပဲ။ ရုရှားက အမျိုးသား တစ်ဦးဟာ မကြာသေးမီတုန်းက မတော်တဆမှုဖြစ်ခဲ့တဲ့ ရုရှားလေယာဉ်ပျက်ကျမှုမှာပါသွားခဲ့လို့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ ဒီသေရမယ့် မတော်တဆမှုအတွက် ကြိုတင်ပြီး နမိတ်ဖတ်သိရှိခဲ့ တယ်လို့ ဆိုရမလားပါပဲ။ လေယာဉ်မတော်တဆမှုမှာပါဝင်သွားခဲ့တဲ့ အသက် ၃၃ အရွယ် ရုရှားအမျိုးသား အီလာစတာဗက်စကီ ဆိုသူ ဟာ လေယာဉ်ပျက်ကျမှုနဲ့ သူ့ရဲ့သေဆုံးမှုအတွက် ကြိုတင်ပြီး နမိတ်ဖတ်လက္ခဏာတွေ ရရှိခဲ့ တယ်လို့ ချစ်သူမိန်းကလေးကဆိုပါတယ်။ အဲ့ဒါက သူ့ရဲ့ ခရစ်စတယ် မှော်ဘောလုံးကနေ သူ့ကို ပြော ပြနေတဲ့ မမြင်နိုင်၊ မကြားနိုင်တဲ့လောကကဆက်သွယ်ပြောပြလာတဲ့ အရာတွေကို သူသိရှိခဲ့ရ တယ်လို့ ဆိုပါတယ်။ ကြိုတင်ပြီးတော့ နမိတ်ပြေးဖတ်ပြနေတဲ့ အကြောင်းအရာတွေထဲမှာဆို ရင်သူ့ရဲ့ မွေးနေ့ပါ တီနဲ့ […]

Lifestyle

ကမ္ဘာ့ဖလားဆုရ စကိတ်စီးသမားကနေ အပြာမင်းသမီးဖြစ်သွားသူ

နှင်းလျောစကိတ် အားကစားမယ်တစ်ဦးအဖြစ် ဂျပန်နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ Melo Imai ဟာ သူမရဲ့ ဘဝကို တဆစ်ချိုးပြောင်းလဲခဲ့ပြီးနောက် စကိတ်စီး အားကစားသမားဘဝကို တဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြန်ပြီလို့ သိရပါတယ်။ ၂၀၀၆ခုနှစ်ခန့်က အသက် ၁၈နှစ်သာရှိသေးတဲ့ ဂျပန်နိုင်ငံသူလေး Melo Imai ကို အီတလီနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် တူရင်အိုလံပစ်မှာ နှင်းလျောစကိတ်စီးပြိုင်ပွဲနဲ့ ရွှေတံဆိပ်ဆု ရရှိလိမ့်မယ်လို့ အများက မျှော်လင့်ယုံကြည်ထားခဲ့ကြပါတယ်။ ဒီလို မျှော်လင့်ရတာကလည်း သူမရဲ့ အရည်အချင်းကြောင့်ဖြစ်ပြီး ဒီအိုလံပစ်ပွဲမတိုင်ခင်မှာလည်း Melo Imai က ကမ္ဘာ့ဖလားဆုကို ရရှိဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ Melo Imai ဟာ အိုလံပစ်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး နောက်ဆုံးနေရာသာ ရရှိခဲ့ပါတယ်။ အဲ့နောက်မှာ သူမဟာ စကိတ်အားကစားမယ်ဘဝကို စွန့်လွှတ်ပြီး အိမ်ထောင်ပြုခဲ့ကာ […]

Lifestyle

အ​ရောင်းဝန်​ထမ်း​တွေကို အံ့သြသွား​စေတဲ့ ရွာသားတစ်​​ယောက်​ရဲ့ V-Day လက်​​ဆောင်

ပုံထဲပါတဲ့ တယောက်က က မနေ့က ဗာလင်တိုင်းမှာ ရွာမှာကျန်ခဲ့တဲ့ သူ့မိန်းမ အတွက် လက်ဆောင်ပေးဖို့ နာရီဝင်ဝယ်တာ ဆိုင်က ကောင်မလေးတွေကလူပုံကြည့်ပြီး ထုတ်မပြချင်ဘူးတဲ့လေ ဒါက ဘယ်နှစ်သိန်းနော် ဒါက ဘယ်လောက်နော် နဲ့ ပြောနေကြတယ် ခက်တယ် ဝတ်ကောင်းစားလှဝတ် အပြောကောင်း တဲ့ သူတွေမှ ငွေရှိမယ် ထင်နေကြသူများ ကြောင့် ခေတ်ပျက်နေတာ သ့လား ကြည့် ရွာသားဝယ်သွားတဲ့ နာရီ ​ဈေးဝယ်​သူ​တေကလဲ သူတို့​​ဈေးဝယ်​ရင်​ကြုံ​တွေ့ရတဲ့အဖြစ်​အပျက်​​တွေမျှ​ဝေထားကြ​သေးတယ်

Lifestyle

ချစ်သူကောင်လေးကို ဒေါ်လာသုံးထောင်ကျော် ပိုက်ဆံပန်းစည်းလက်ဆောင်ပေးခဲ့တဲ့ ကျောင်းသူလေး

ထိုင်းနိုင်ငံမှ တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ အတိအကျအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃,၁၀၀ ရှိတဲ့ ပိုက်ဆံတွေကို ပန်းစည်းကြီးအဖြစ်ဆင်ယင်ပြီး ချစ်သူကောင်လေးကို Surprise လုပ်ပေးခဲ့ပါတယ်။ အသက် ၂၀ အရွယ် သူမက အဲ့ဒီငွေတွေကို အွန်လိုင်းပေါ်မှာ မိတ်ကပ်ရောင်းခြင်းဖြင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ချစ်သူကောင်လေးက သူငယ်ချင်းတွေနဲ့အတူ ညစာစားနေချိန်မှာ ကြီးမားတဲ့ပိုက်ဆံပန်းစည်းနဲ့ ရောက်လာပြီး surprise လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတန်ဖိုးကြီးမားတဲ့ ပိုက်ဆံပန်းစည်းက ကောင်လေးမွေးနေ့နှင့် ချစ်သူများနေ့အတွက် ပေါင်းပေးတဲ့လက်ဆောင်လည်း ဖြစ်ပါတယ်။ ချစ်သူကောင်လေးက ယောကျာ်းလေးအသုံးအဆောင်ပစ္စည်း လိုချင်တယ်လို့ဆိုပေမဲ့ သူမက မရွေးချယ်တတ်တာကြောင့် အင်စတာဂရမ်မှာ ပိုက်ဆံပန်းစည်းကို တွေ့ရှိပြီး စိတ်ကူးရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ချစ်သူကောင်လေးကလည်း အလွန်ပဲသဘောကျခဲ့ပါတယ်။ ချစ်သူသက်တမ်း ၁ နှစ်သာရှိသေးတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုကိုကြည့်ပြီး လူတိုင်းကအားကျကြပါတယ်။ ဒါ့အပြင် နောင်နှစ်မှာ […]

Lifestyle

မျက်လုံးအိမ်ထဲမှ အမျိုးသမီးဓမ္မတာလာသော ၂၁ နှစ်အရွယ် မိန်းကလေး

အိန္ဒိယနိုင်ငံ Bihar မှ ၂၁ နှစ်အရွယ် Geeta ဟာ မျက်လုံးအိမ်ထဲမှ သွေးများယိုစိမ့်ထွက်လာတယ်။ ဒီလိုဖြစ်တာဟာ ရုတ်တရက်ဘာလက္ခဏာမှမပြပဲဖြစ်လာတာပါ။ ဒါကြောင့် မနှစ်ကယောက်ျားဖြစ်သူက သူမကို စုန်းမလို့စွပ်စွဲပြီး စွန့်ခွါသွားတယ်။ ဆရာဝန်ပြသော်လည်း သွေးဆဲလ်အရေအတွက်မှန်တယ် သွေးပြစ်ခဲမှုလည်းမှန်တယ် ဘာအပြစ်မှမရှိဘူးလို့ဆိုတယ်။ သို့သော် တစ်စတစ်စပိုဆိုးလာပြီး အခြားနေရာများမှပါ သွေးများထွက်လာလို့ ဖခင်ဖြစ်သူက ကြောက်လန့်ပြီးအကူအညီမဲ့ဘဝ ရောက်နေတယ်လို့ စိုးရိမ်ပူပမ်စွာဆိုတယ်။ ဒီအဖြစ်မျိုး ၂၀၁၆ အကုန်ပိုင်းလောက်က ထိုင်းနိုင်ငံ Nongkghai မှာနေတဲ့ Phakamad Sangchai ဆိုတဲ့အမျိုးသမီးလည်းဖြစ်ဖူးတယ်။ ဘာလက္ခဏာမှမပြပဲ ရုတ်တရက်ဖြစ်လာတာပါ။ နောက်ပိုင်းမျက်စိသာမက နားရွက် နှာခေါင်းများအပြင် အရေပြားများရှိချွေးပေါက်များမှပါ သွေးတွေယိုစိမ့်လာတယ်။ ဒါဟာ အမှန်တော့ Hematohidrosis ရောဂါဖြစ်ပြီး နာကြင်မှုလုံးဝမခံစားရပဲ ဘာအကြောင်းလက္ခဏာမှမရှိ ရုတ်တရက်ဖြစ်တတ်တယ်လို့ဆိုတယ်။ လူ ၁၀ သန်းမှာတစ်ယောက်လောက်သာဖြစ်တတ်ပြီး အချို့လေ့လာမှုများအရ […]

Lifestyle

အသက်အရွယ်ကိုမမှုပဲ ချစ်ခြင်းမေတ္တာသာ အဓိကဆိုတာသက်သေပြခဲ့တဲ့ အင်ဒိုနီးရှားစုံတွဲ

အချစ်ကအစ မျက်စိက ဆိုပေမယ့်လည်း တချို့အချစ်တွေက မျက်ကန်းအချစ်တွေ ဖြစ်တတ်ကြ ပါတယ်။ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းတွေကို မလွန်ဆန်နိုင်လို့ သဘာဝတရား၊ ပတ်ဝန်း ကျင်ကိုဆန့်ကျင်ပြီး အချစ်သူရဲကောင်းအဖြစ်လည်း ရာဇဝင်တွင် သက်သေထူလိုက်ကြတဲ့သူတွေ လည်း ဒုနဲ့ဒေးပါပဲ။ အင်ဒိုနီးရှားက အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ထက် အသက် ၃ ဆနီးပါး အသက် ကြီးတဲ့ အမျိုးသမီးတစ်ဦးကို မေတ္တာသက်ဝင်ခဲ့လို့ မိုက်ရူးရဲဆန်စွာပဲ ထိမ်းမြားလက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ပိုင်း မီနာဟာဆာမှာ နေထိုင်တဲ့ ဆိုဖီယန် လိုဟို ဒန်နယ်ဆိုသူ အမျိုးသားဟာ အသက် ၈၂ နှစ်အ ရွယ်နဲ့ အဘွားအရွယ်အမျိုးသမီးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ယူခဲ့ပြီး တော့ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို […]

Lifestyle

တရုတ်ထုတ် ပြိုင်ကားအတုစီးလို့ အွန်လိုင်းကချစ်သူကိုစွန့်ပစ်ခဲ့တဲ့ တရုတ်မိန်းကလေး

အချစ်နဲ့ စည်းစိမ်ဥစ္စာကို ရွေးချယ်ကြပါဆိုရင် တချို့သော အချစ်စစ်မဟုတ်တဲ့ အတုအယောင်အချစ် တွေဟာ စည်းစိမ်ဥစ္စာကိုပဲ ရွေးချယ်ကြပါတယ်။ အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့်လည်း တချို့အချစ် တွေက စည်းစိမ်းဥစ္စာမြင်မှလည်း အချစ်ဆိုတာကို မြင်နိုင်တာကိုးနော်။ တရုတ်နိုင်ငံက ချစ်သူလူငယ်စုံတွဲတစ်တွဲရဲ့ အချစ်ရေးက အတုအယောင်တွေအောက်မှာ အဆုံးသတ် သွားခဲ့ပါတယ်။ မမြင်ဖူးသေးတဲ့ မသိဖူးတဲ့ သူစိမ်းတစ်ယောက်ကို အထင်ကြီးမိရာကနေ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ပါ။ တရုတ်မိန်းကလေးငယ်တစ်ဦးဟာ ဒေါ်လာ သိန်းကျော်တန် ပေါ်ရှေးကားစီးနိုင်တယ် ဆိုတဲ့ အွန်လိုင်းပေါ်က လူငယ်ကောင်လေးတစ်ယောက်ကိုတွေ့ပြီး ချစ်ကြိုက်မိသွားကာ သမီးရည်းစား တွေဖြစ်သွားခဲ့ကြပါတယ်။ ခေတ်ကြီးကပဲ မြန်သလား၊ ပစ္စည်းဥစ္စာပြလိုက်တာနဲ့ လွယ်ကူသလား ဆိုရမလားတောင်ပါပဲ။ ကောင် လေးရဲ့ Porsche sport ကားအလန်းစားကြီးကိုမြင်ပြီး နှစ်ပတ်အတွင်းမှာပဲ အတူနေဖြစ်ခဲ့တဲ့အဆင့် ထိရောက် ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့အထင်နဲ့အမြင်ဟာလုံးဝကို ကွာခြားသွားခဲ့ […]

Lifestyle

ကျွန်​​တော်​တို့ မိသားစုက တော်​​တော်​ချို့တဲ့တာဗျ ဘယ်​​လောက်​​တောင်လဲ ဆိုရင်​အိမ်​မှာပိုက်ဆံ​ကလွဲရင်​တခြားဘာမှမရှိဘူး

ကျွန်​​တော်​တို့ မိသားစုက ​တော်​​တော်​ ချို့တဲ့တာဗျ။ ဘယ်​​လောက်​​တောင်​ ချို့တဲ့သလဲ ဆိုရင်​ အိမ်​မှာ ​ပိုက်ဆံ​က လွဲရင်​ တခြား ဘာမှ မရှိဘူး။ အ​ဖေနဲ့ အ​မေ ဆိုရင်​လည်း တစ်​​နေ့ တစ်​​နေ့ ​ငွေ​ရေတဲ့ အလုပ်​နဲ့ပဲ မိုးလင်း မိုးချုပ်​ အချိန်​ကုန်​ ​နေတာ။ ​ငွေ​ရေစက်​​တွေ ဆိုတာကလည်း အလုပ်​လုပ်​ရ လွန်းလို့ ပျက်​လိုက်​တာ ခဏခဏ။ ကျွန်​​တော်​တို့ မောင်​နှမ​တွေ ဆိုရင်​လည်း ကြမ်းပြင်​​ပေါ် ကျ​နေတဲ့ ​ပိုက်ဆံ ​တွေကို တံမြက်​စည်းလှဲ၊ ​ဂေါ်ပြားနဲ့ ကျုံးပြီး အမှိုက်​ပုံး​ထဲ သွားပစ်​​ပေးတဲ့ အလုပ်​​လောက်​​တော့ ဝိုင်းကူ ရတာ​ပေါ့။ အိမ်​မှာ ဘာမှ မရှိ​တော့ ချမ်းရင်​လည်း ပိုက်​ဆံ​တွေပဲ ချုံအိပ်​ရတယ်​။ ပိုက်​ဆံပဲ ခင်းအိပ်​ ရတယ်​။ ​ဆောင်းတွင်းဆို […]