Knowledge

” ဘဏ်မှာ ငွေစုစာအုပ်လုပ်ထားသူများအတွက်ပါ “

ဘဏ်တွေမှာငွေစုစာအုပ်လေးလုပ်ထားလို့ ငွေသွားထုတ်တဲ့အခါအဆိုပါဘဏ်မှထုတ်ပေးသောငွေသားကိုအရင်မစစ်သင့်ပါဘူး။ကိုယ့်စာအုပ်က ဘယ်လောက်ထုတ်လို့ဘယ်လောက်ကျန်ကြောင်း အရင်ဆုံးသေသေချာချာစစ်ဆေးသင့်ပါတယ်။ဖြစ်နိုင်ရင် ဂဏန်းပေါင်းစက်နဲ့ချတွက်လိုက်တာပိုကောင်းပါမယ်(ငွေ amount များတာတို့ ထောင်ဂဏန်း၊ရာဂဏန်းစွန်းတာတို့ဆိုပိုရှုပ်ပါတယ်) ကျမကိုယ်တွေ့အဖြစ်ပျက်လေးတစ်ခု ဗဟုသုတအနေနဲ့ဝေမျှချင်ပါတယ်။ယခုရေးတဲ့စာမှာ ဘယ်ဘဏ်မှာဘယ်အချိန်ဘယ်လိုပြသနာတက်ခဲ့ကြောင်းအတိအကျမဖော်ပြတော့ပါ။ကျမကျေနပ်တဲ့အထိဘဏ်လူကြီးများမှ သေသေချာတောင်းပန်ခဲ့လို့ပါ။ဆိုလိုရင်းကတော့ ဘဏ်သွားမယ်ဆိုရင်ကိုယ့်ဘက်ကလုပ်ရမယ့်အလုပ်က Check ,Recheck,Counter check ပါ။ Check = စစ်ဆေးမယ် Recheck = ပြန်စစ်ဆေးမယ် Counter check = ထပ်မံစစ်ဆေးမယ် ဘဏ်မှာကျမငွေသွားထုတ်တဲ့တစ်နေ့ ဘဏ်စာအုပ်ထဲကထုတ်မှာဖြစ်လို့ကျမရဲ့ ဝသီလေးတစ်ခုရှိပါတယ်။ငွေနည်းနည်းပဲထုတ်ထုတ်၊များများပဲထုတ်ထုတ် အိမ်ကနေမထွက်ခင်ကတည်းကဘဏ်စာအုပ်ထဲကလက်ရှိအရည်အတွက်နဲ့ထုတ်မယ့်အရည်အတွက် လက်ကျန်အရည်အတွက်ကိုဂဏန်းပေါင်းစက်နဲ့သေချာချတွက်တယ် တွက်ပြီးသားစာရွက်လေးကိုယူပြီးမှဘဏ်ကိုသွားပါတယ်။ဖြစ်ချင်တော့အလုပ်အရမ်းများတဲ့နေ့မို့ ရှိုးတွေစမိုးတွေမလုပ်အားပဲတော်သင့်ရုံလေးဝတ်စားပြီးအိမ်ကထွက်ပါတယ်။ဘဏ်ရောက်တော့ လကုန်ရက်မို့လူတွေကကျိတ်ကျိတ်တိုး အလကားများဝေနေသလားအောက်မေ့ရတယ်။စိတ်ထဲတော့မလုံ ငါ့နဲ့ဒီလိုနေ့မျိုးမှ အဝတ်အစားနွမ်းဖတ်ဖတ်ဝတ်ခဲ့မိတယ်ပေါ့။လူမှာအဝတ် တောင်းမှာအကွတ်လေလူရိုသေ ရှင်ရိုသေလေးတော့ဝတ်စားခဲ့ရမှာလို့တွေးမိသား။ဒါနဲ့ကျမငွေထုတ်အလှည့်ရောက်ချိန်မှာ မိုက်ကြီးနဲ့ကျမရဲ့ရှည်လျားတဲ့နာမည်ကြီးအော်ခေါ်တော့ ဘတ်သီဘတ်သီနဲ့သွားတာပေါ့။ကောင်တာရောက်တော့ နာမည်မေး၊မှတ်ပုံတင်စစ်ဘာညာရေးခြစ်၊လက်မှတ်ထိုးခိုင်းတယ်။အားလုံးအိုကေလို့ထိုးပေးလိုက်တယ်။ထုတ်တဲ့ငွေသား တစ်သိန်းတိတိထုတ်ပေးပါတယ်။ပြီးတော့ငွေစုစာအုပ်လေး ပြန်ပေးပါတယ်။ယူမယ့်ပိုက်ဆံထက် စာအုပ်ကိုအရင်စစ်တာပါ။မှားနေတယ်။အိမ်ကတွက်ချက်ပြီးယူလာတဲ့စာရွက်လေးပြန်ထုတ်ကြည့်တယ်။သေချာတယ် မှားနေတယ်။ဘဏ်ဝန်ထမ်း ကောင်လေးကိုခေါ်တယ်။ ဒီက ငွေသားတစ်သိန်းတည်းထုတ်တဲ့မျက်နှာမွဲအဝတ်အစားမွဲတဲတဲနဲ့အမျိုးသမီးကို လှည့်ကိုမကြည့်(အလုပ်အရမ်းရှုပ်တဲ့နေ့မို့ပါလေလို့ နားလည်ပေးပါတယ်)ဒါပေမယ့် ကိုယ့်ပြသနာကိုတော့ဒီအတိုင်းထားလို့မှမရတာ။ဆက်ခေါ်တယ်။ကြားရက်နဲ့မကြားချင်ယောင်ဆောင်တယ်။သိတယ်။ထက်ခေါ်တယ်။သူထုတ်ပေးတဲ့ငွေသားအုပ်ကို ကောင်တာပေါ်တင်ထားရက်လုံးဝမထိသေးဘူး(cctv တွေနေရာအနှံ့တက်ထားတာပဲ […]

Knowledge

သဘာဝ ဆေးအစွမ်း အလွန်ထက်လှတဲ့ ဖရဲသီး အခွံ

ဖရဲသီး အခွံ ဟာလဲ အစွမ်းထက်တဲ့ သဘာဝဆေး တစ် ခုဖြစ်နေလို့ပါ… လွင့်မပစ်သင့်သော ဖရဲသီး အခွံ…. လူတော်တော်များများဟာ ဖရဲသီး ကို အတွင်းသားလေးတွေ ကွက်ပြီးလှီးပြီးတဲ့ အခါမှာ အကျိုးပြု ဗိုက်တာမင် များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်သော ကျန်နေတဲ့ အခွံ နဲ့ အဖြူသားတွေကို လွင့်ပစ်လိုက်ကြတာ များပါတယ်။ ဆေးဆိုင်တွေမှာ ဗိုက်တာမင် ဆေးပြားတွေ အဖြစ်နှင့် ဝယ်သူသောက်သုံး နေကြသည့် နေ့စဉ်လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော ဗိုက်တာမင် ဘီ နှင့် စီ ဓာတ်များ သည်ထိုအခွံများတွင် ပါရှိပါတယ်။ ပုံမှန်သွေးလှည့်ပတ်ခြင်းနှင့် နှလုံး ကျန်းမာရေး တို့အတွက် အမိုင်နို အက်ဆစ်ဓာတ်သည် အရေးကြီးသည်။ သွေးကြော များကို ကျယ်ကားလာစေကာ သွေးလှည့်ပတ်မှုအားကို […]

Knowledge

ညီအစ်အကို နှစ်ယောက်ရဲ့ ခြားနားချက်

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။ မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ” ဖြေ – “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ […]

Knowledge

နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်

ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော် နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ် ဆေးရုံကြီး နှဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့် နှလုံးစက် ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်- ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့် လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန် ၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်- ထို့ နောက်ရန်ကုန်အာရှတော်ဝင် အထူးကု ဆေးခန်း တွင်သွားရောက်စမ်းသပ်ရာနှ လုံးသွေးကြော ပိတ်ဆို့ မှုများမရှိ တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်- ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိင် အထူးကုဆေးခန်း၌24နာရီ စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်- ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း သွားပါသည်- ထို့ ကြောင့် ကျွန်တော့် လို နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်- […]

Knowledge

မြန်မာ့တပ်မတော်မှထုတ်လုပ်သည့် ခေတ်မှီသံချပ်ကာယာဉ်များအကြောင်း

မြန်မာ့တပ်မတော်မှာ ဟိုးအရင်ခုနှစ်များဆီကနေစတင်ပြီး BAAC စီးရီး ကင်းလှည့်သံချပ်ကာယာဉ်တွေကို ပြည်တွင်းမှာဘဲတပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်…။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင် အဆိုပါ၈၀ခုနှစ်များက ထုတ်လုပ်ခဲ့တယ် သံချပ်ကာကင်းလှည့်ယာဉ်များဟာ အသင့်ရှိပြီး စစ်သုံးယာဉ်များကို သံချပ်ကာအုပ်ထားတဲ့ ကင်းလှည့်ယာဉ်များသာ ဖြစ်ခဲ့ကြပါတယ်…။ သို့သော် တပ်မတော်သံချပ်ကာတပ်ရဲ့ လိုအပ်နေတဲ့ တိုက်စစ်စွမ်းရည်ကိုတော့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်…။ မြန်မာ့တပ်မတော်ဟာ ရှိရင်းစွဲလက်နက်စနစ်များကို သုတေသနပြုလေ့လာရင်း ပို၍ပို၍ ကောင်းမွန်တဲ့စနစ်များအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်…။ သိသာတဲ့အချက်ကတော့ ယခင် BAAC သံချပ်ကာကင်းလှည့်ယာဉ်များကို အခြေပြုတီထွင်ထုတ်လုပ်ခဲ့တဲ့ MAV စီးရီး သံချပ်ကာကင်းလှည့်ယာဉ်များဘဲဖြစ်ပါတယ်…။ MAVလို့အတိုကောက်ခေါ်ဝေါ်တဲ့ Myanmar Armoured Vehicle (MAV) သံချပ်ကာကင်းလှည့်ယာဉ်များကို ရရှိထားသည့် ပုံများအရဆိုရင် မျိုးကွဲ(၄)မျိုးတွေ့ရနိုင်ပါတယ်…။ အဆိုပါ(၄)မျိုးစလုံးကို ပုံများနှင့်တကွဖော်ပြပေးလိုက်ပါတယ်…။ MAV-1 Scout Car (ကင်းထောက်ယာဉ်) MAV-1 SCဟာဆိုရင် အရင် BAAC စီးရီးသံချပ်ကာကင်းလှည့်ယာဉ်တွေအပေါ်အခြေခံထားတယ်ဆိုတာ သိသာပါတယ်…။ ထူးခြားချက်အနေဖြင့် […]

Knowledge

10 ရက်ပဲကြိုသောက်လိုက်တာ ဆီးကျောက် လုံးဝပျောက်သွားသော အပင်

20.7.2017 နေတွင် အရွက် ကိုပြ၍ ကျတော် အပင် အမျိုးစားသိခြင်းကြောင်းတင်ခဲ့ပါတယ်၊ ယင်း အရွက် ကို ပါးပါးလှီးပြီး ငါးကြင်း ဖန်ခွက် တွင်ထည့်ရေထည်ကာတစ်ည ထားပြီးနံနက်တွင်သောက်ရပါသည်။ စသောက်သည်နေ့တွင် နေလည်းပိုင်းမှစပြီး ဝမ်းဗိုက်လှုပ်ရှားလာသည် အိမ်သာ တက်ခြင်းသလိုလို လေလည်ခြင်းသလိုလိုမျိုးပါ ။ ဆီးသွားနှုံး နဲနဲများလာပါသည်။ နောက်တရက်တွင် ဝမ်းပုတ် များဆင်းလာပါသည် ပုံမုန်တနေတကြိမ်ဝမ်းမှ သုံးကြိမ်အထိသွားလာသည် နှစ်ရက်ခန့်သာဖြစ်ပြီး နောက်ရက်များတွင် ပုံမုန် ဝမ်းသာ သွားတောသည် ဆီးသွားနှုံး တနာရီ တကြိမ်နှုံးခန့်သွားပြီးညဘက် ည၁၀နာရီခန့်တွင်သွားပြီးနောက်နံနက်၆နာရီမှာနောက်တကြိမ်သွားပါသည်။ ၁၀ ရက်ဆက်တိုက်သောက်ပြီး ultrasound ပြန်ရိုက်လိုက်သောအခါ ဆီးလမ်းကြောင်း တွင် ကျောက်မရှိတောပါ။ ကျိုက်မရောမြို့နယ် နတ်စမ်းရွာတွင် ယင်းအပင်ရှိပါသည် အပွင် မပွင်ပါ အသီးမသီးပါ လက်ရှိအပင်မှာ ပေ ၂၀ခန့်မြင့်ုပြီး အနှစ် […]

Knowledge

အိုလံပစ် ဆုတံဆိပ်ထဲမှာ ဥက္ကာပျံခဲများ ဘာလို့ထဲ့ထားသနည်း ?

2014 တွင် အိုလံပစ် ပြိုင်ပွဲမှာ နိုင်ခဲ့ သူတွေကို လည်ဆွဲ တံဆိပ်လေးတွေ ချီးမြင့်ပါသည်။ ၄င်းလည်ဆွဲတံဆိပ်ထဲတွင် ရုရှားကို ဝင်တိုက်ခဲ့ သည့် ဥက္ကာပျံ ခဲ အပိုင်းအစလေးတွေ ထဲ့ပေးထားသည်။ ဥက္ကာပျံ ခဲလေးတွေ ထဲ့ပေးရခြင်း အကြောင်းအရင်းသည် ရုရှားနိုင်ငံအလယ်ပိုင်း Chelyabinsk ကို February 15, 2013 မှာ ဥက္ကာပျံဝင်တိုက်ခဲ့ သည့် နှစ်ပါတ်လည် နေ့ အမှတ်တရ အနေ နှင့် တံဆိပ်လေးတွေထဲမှာ ဥက္ကာပျံတွေ ထဲ့ပေးတာဖြစ်ပါတယ်။ ဥက္ကာပျံ က ကမ္ဘာပေါ်ကျ လာသည့် အရှိန်တော်တော် ပြင်းပါတယ်။ ကမ္ဘာနှင့် မထိခင် ဥက္ကာပျံ၏ အရွှေ့စွမ်းအားအရှိန်စွမ်းအား ၊လျပ်စစ်စွမ်းအား ၊အသံစွမ်းအား တွေ အားလုံးပေါင်းလိုက်လျင်400–500 kiloton လောက်ရှိပါသည်။ ဆိုလိုတာ […]

Knowledge

လူအများကို အံ့သြစေသည့် မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်သည့်ထိပ်တန်းစာရင်း

အပိုင်း (၁) လူအများကို အံ့သြစေသည့် မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်သည့်ထိပ်တန်းစာရင်းဝင် သတင်း (၁၀)ခု *********************** 🌟သတင်း -(၁)🌟   မြောက်ကိုရီးယားအစိုးရ ၄ ကြိမ်မြောက်နူးကလီးယား စမ်းသပ်ရခြင်းအကြောင်းအရင်း။ “ငါတို့မြေမှာငါတို့ ရေဒီယိုလွှင့်တာဘဲ..မကြားချင်ရင် နင်တို့နားပိတ်ထားပေါ့” “နားမပိတ်ထားချင်ရင် နင်တို့ဘက်က နယ်စပ်တံတိုင်းကို အသံလုံအောင်ကာပေါ့” တောင်ကိုရီးယားနိုင်ငံဖက်မှပြောသောစကားများဖြစ်သည်။ နယ်စပ်၌ အားကောင်းသော လော်စပီကာအကြီးကြီးများကို မြောက်ကိုရီးယားနိုင်ငံဖက်ကိုလှည့်ကာ ရေဒီယို အကျယ်ကြီးဖွင့်ထားသည်။ တောင်ကိုရီးယားနိုင်ငံမှ ထိုကဲ့သို့ အသံလွှင့်မှုများကို မြောက်ကိုရီးယားနယ်စပ်ဒေသတလျှောက် ကောင်းစွာကြားရစေရန် တမင်သက်သက် ရည်ရွယ်သည်။ *********************** တောင်ကိုရီးယားနိုင်ငံဖက်မှ မြောက်ကိုးရီးနိုင်ငံအတွက် အသံလွှင့်ပေးသော ရေဒီယိုအသံလွှင့်ဌာနဖွင့်လှစ်ထားသည်။ ထိုအသံလွှင့်ရုံကို နယ်စပ်ရေဒီယိုဟုလည်းခေါ်သည်။ (Border Broadcasts) ထိုရေဒီယိုမှပြောကြားချက်များကို လော်စပီကာများမှ တိုက်ရိုက်လွှင့်ပေးသည်။ ထိုအသံသည်မြောက်ကိုရီးယား နယ်စပ် ခြံစည်းရိုးတံတိုင်းမှ ၂၄ ကီလိုမီတာအထိ ပြတ်သားစွာကြားနိုင်အောင် ကျယ်လောင်သည်။ […]

Knowledge

ပြုံးလိုက်ရင် ပါးခြိုက်လေး ခွက်ပြီး ပေါ်နေစေဖို့ သဘာဝနည်းလမ်းနဲ့ ပါးခြိုက်ဖော်မယ်

စာဖတ်သူတို့ စိတ်ဝင်ကြမယ်လို့မျှော်လင့်မိပါတယ်။ ပါးခြိုက်လေးပါတာဟာ ချစ်စရာကောင်းပါတယ်နော်။ အမျိုးသမီးတိုင်း ဒီလိုပါးခြိုက်လေးနဲ့ ချစ်စရာကောင်းတဲ့အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြမယ်လို့ ထင်ပါတယ်။ ပါးခြိုက်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတော့ နည်းလမ်း ၁ အခုပုံမှာပြထားတဲ့အတွင်း ပါးအတွင်းဖက်ကို စုပ်ယူပီး လုပ်ပေးပါ။ တစ်နေ့ကို ၁၀ မိနစ်လောက်လုပ်ပါ။ ပုံမှန်လုပ်ပေးရင် ပြုံးလိုက်တဲ့အခါ ပါးခြိုက်လေး ဖြစ်ပေါ်လာပါလိမ့်မယ်။ ခဲတံ (သို့) ဘောပင်ကို သုံးမယ် ခဲတံ (သို့) ဘောပင်ကိုသုံပြီး ပါးတစ်ဖက်တစ်ချက်ဆီမှာ မိနစ်အနည်းငယ်လောက် ဖိထားပေးပါတယ်။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်လုပ်ပါ။ တစ်ဖြည်းဖြည်းနဲ့ ပါးခြိုက်ပေါ်လာတယ်လို့ ခံစားရပါလိမ့်မယ်။ လက်ညိုးနဲ့လုပ်မယ် နုတ်ခမ်းကိုစုကာ ပါးအတွင်းဖက်ကို ခြိုက်နေအောင်လုပ်ပေးပြီး လက်ညိုးနှစ်ဖက်ကို ပါးတစ်ဖက်တစ်ချက်ဆီမှာ ဖိပေးပါ။ တစ်နေ့ကို အခါ ၂၀ လောက်လုပ်ပါ။ လက်ညိုးနဲ့ နောက်တစ်နည်း […]

Knowledge

ဒုတိယကမ္ဘာစစ်မှာ နာဇီတွေ မအောင်မြင်ခဲ့တဲ့ ကြောက်ခမန်းလိလိ လက်နက်စီမံကိန်းများ

ဒုတိယကမ္ဘာစစ်အတွင်းမှာ ကနဦးစစ်မျက်နှာဖွင့်စဉ်က နာဇီနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ အရေးလှခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကာလတော်တော်ကြာလာတဲ့အခါမှာတော့ သူတို့တစ်တွေ စစ်ဒဏ်၊ ရာသီဥတုဒဏ်တွေကို အလူးအလံခံနေရတဲ့ ကြားက ရန်သူတွေရဲ့ လက်နက်အင်အားကို မယှဉ်နိုင်ခဲ့ပါ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် စစ်ကြိုကာလမှာ နာဇီတို့ ထုတ်ပြီး ကြွားခဲ့တဲ့ လက်နက်တွေကလည်း အလုပ်မဖြစ်ခဲ့ပဲ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ နာဇီတွေသာ အဲဒီလက်နက်တွေ ထင်တဲ့အတိုင်း အောင်မြင်ခဲ့ရင်၊ သို့မဟုတ် စစ်မြေပြင်မှာ လောက်လောက်လားလား အသုံးချနိုင်ခဲ့ရင် ဒုတိယကမ္ဘာစစ်ဟာ နာဇီတွေရဲ့ အောင်ပွဲခံစရာ သမိုင်းဝင်စစ်ပွဲကြီး ဖြစ်မှာ။ ဒီလိုမဟုတ်ပဲ စစ်ပွဲက ပြောင်းပြန်ဖြစ်သွားလို့သာ ကမ္ဘာကြီးရဲ့ ကံကြမ္မာဟာ လက်ရှိအချိန်ထိ ဒီအတိုင်းဖြစ်နေခြင်းလို့ ဆိုရမှာပါ။ နာဇီတို့ မအောင်မြင်ခဲ့တဲ့ လက်နက်တွေကိုဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ (၁) Whirlwind Cannon Whirlwind Cannon ဆိုတာကတော့ အနီးစပ်ဆုံးပြောရရင် လေပွေအတုတစ်ခု ဖန်တီးတဲ့ အမြောက်လက်နက်ဖြစ်ပါတယ်။ ရန်သူ့တိုက်လေယာဉ်တွေကို ကာကွယ်ဖို့ ရည်ရွယ်တာပါ။ သြစတီးယား […]