Knowledge

ရွှေတိဂုံ​စေတီ​တော်​အတွင်း ​ကျောက်​ရုပ်​ဖြစ်​သွား​သော ​မောင်​ကံအ​ကြောင်း

တစ်ခါက ဒဂုံမြို့တွင် ရိုးသားစွာ လယ်ယာလုပ်ကိုင်သော မောင်ကံအမည်ရှိ လူငယ်တစ်ဦး ရှိလေ၏။ လွန်စွာ သန်မာထွားကျိုင်းသည်ဆို၏။ တစ်နေ့တွင် ရသေ့တစ်ပါးက(မူကွဲများတွင် ဇော်ဂျီဟုလည်းဆို) မိမိ၏ ထွက်ရပ်လမ်းအတွက် လိုအပ်သော ပုဂ္ဂိုလ်လိုက်ရှာရာ မောင်ကံအားတွေ့သဖြင့် မိမိအား ကူညီပါမည်လားမေးမြန်းရာ မောင်ကံလည်း ၀မ်းမြောက်ဝမ်းသာလက်ခံလေ၏။ သို့ရာတွင် ရသေ့က မောင်ကံ၏ သတ္တိကိုစမ်းလိုသဖြင့် ငါခုန်သလို လိုက်ခုန်စမ်းပါလှည့် ဟုဆိုကာ ကန်တစ်ခုအား ခုန်ကျော်ပြလေ၏။ ကန်မှာအတော်ကျယ်သော်လည်း ရသေ့မှာ ချောမောစွာပင် တစ်ဖက်ကမ်းသို့ရောက်လေ၏။ မောင်ကံလည်း မာန်ကိုသွင်း၍ ခုန်သော်လည်း ရသေ့က တန်ခိုးပြသောကြောင့် ကမ်းပေါ်မရောက်ဘဲ ဘောင်ပေါ်ကျကာ ကန်ပဲ့သွားလေ၏။ ( ထိုအရပ်ကို ယနေ့တိုင် ကံဘဲ့ ဟုခေါ်လေသည်။) ထို့နောက် ရသေ့က မောင်ကံအား စည်းတစ်ခုတားပေးကာ ဆေးလုံးသုံးလုံးပေးလေ၏။ မိမိက ပေါက်ဟုအော်လျှင် ဆေးတစ်လုံးသာ […]

Knowledge

သူငယ်ချင်းဖြစ်သူ ရေဗက္ကာဝင်းအကြောင်း ဖွင့်ဟပြောလာတဲ့ ခင်ဘုဏ်း

ခင်ဘုဏ်းပြန်လာတဲ့အချိန်မှာလည်း အတွဲများဖြစ်တယ်။ အဆိုတော်ခင်ဘုဏ်းတစ်ယောက်ကတော့ သူချစ်ရတဲ့ အနုပညာသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ရေဗက္ကာဝင်းနဲ့ ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုပြောပြခဲ့ပါတယ်။ ” ရေဗက္ကာက အရမ်းတော်တဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်တယ်၊ လူမှုရေးမှာလည်း အရမ်းကိုဖော်ရွေပြီးတော့ ယဉ်ကျေးတဲ့သူငယ်ချင်း တစ်ယောက်ဖြစ်တယ်။ သူနဲ့ ခရီးတွေ လည်းအတူတူသွားဖူးတယ် တစ်ခန်းတည်း အတူတူတည်းပေါ့။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ပါ။ ခင်ဘုဏ်း ဒီကိုပြန်လာတဲ့အချိန်မှာလည်း ပိုပြီးတော့ တွဲမိကြတယ်။ သူအနုပညာအလုပ်တွေကို ပြန်လုပ်ဖြစ်တဲ့အချိန်မှာ အရမ်းကိုကြိုးစားထား တယ်၊ အရမ်းချစ်တဲ့ သူ့လူမျိုးအတွက် ကိုယ်စားပြုပြီး အခွေတစ်ခွေထွက်လာတဲ့အတွက် သူ့အပေါ် ဝမ်းသာဂုဏ်ယူတာကတော့ အရမ်းပါပဲ” လို့ပြောပါတယ်။ သူငယ်ချင်းတွေစုပြီးလုပ်ထားတဲ့ သီချင်းလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ ” ခင်ဘုဏ်းရေးထားတဲ့ သီချင်းကို ယုဇနရယ်၊ ခင်ဘုဏ်းရယ်၊ ရေဗက္ကာရယ်၊ မေစံပယ်ညိုရယ် ၄ ယောက် စုပြီးတော့ သီချင်းလေး တစ်ပုဒ် ဖန်တီးထားပါတယ်။ […]

Knowledge

စကားတစ်ခွန်းကြောင့်ဘဝပြောင်းခဲ့သူ

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာ ထည့်လိုက်ပါတယ်။ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ်ကို ပြေးတက် သွားပါတယ်။ နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်းကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။ နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။ “ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်း သတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ် […]

Knowledge

အသက် ၃၀ ၄၀ ပတ်ချာလည်တွေကို ချက်ချင်းဖမ်းပြီး ရည်းစားတော်သင့်တဲ့ အချက် ၁၃ ချက်

၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာ ချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊ မာဆတ်ဆတ်ကြီးလည်း ဖြစ်မနေဘူး၊ ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူး၊ ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံ… ၂- နောက်ပြီး ဒီအရွယ်တွေက ရည်းစားနဲ့ ဖုန်းပြောဖို့ အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့က အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ… ၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်က မီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင် တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီး ကွက်ကျော်မြင်တတ်နေကြပြီ… ၄- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊ မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊ ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက် လိမ္မာပြီကွာဆိုတဲ့ […]

Knowledge

“ဆရာကြီးဦးအောင်သင်းပြောပြတဲ့ ဗိုလ်ချူပ်အောင်ဆန်းအကြောင်း”

စစ်တိုက်ခါနီးပေါ့ကွာ ဗိုလ်ချူပ်က သူ့ရဲဘော်တွေကိုပြောတယ် “မင်းတို့ စစ်မြေပြင်ကိုသွားရမယ် မင်းတို့အတွက်ဘာရမလဲဆိုတော့ ပင်ပန်းမယ် ဆင်းရဲမယ် ဒါဏ်ရာရမယ် သေမယ် ငါလည်းမင်းတို့နဲ့အတူလိုက်မယ် ” ကြည့်စမ်း ငါလည်းမင်းတို့နဲ့အတူလိုက်မယ် ဆိုတဲ့စကား သူမလုပ်နိုင်ပဲ သူများကိုမခိုင်းဘူး ဘယ်လောက်ကောင်းတဲ့ ခေါင်းဆောင်လဲ နောက်တစ်ခုပြောရဦးမယ် လွပ်လပ်လေးရပြီးတော့ လွပ်လပ်ရေး ရန်ပုံငွေထည့်ကြတယ် မိန်းမတွေဆို သူတို့ဝတ်ထားတဲ့ နားဆွဲတွေ လက်စွပ်တွေ ဆွဲကြိုးတွေ လက်ကောက်တွေ အကုန်ချွတ်ထည့်ကြတာ ဒါက လွပ်လပ်ရေးရန်ပုံငွေအတွက် ပြီးတော့ လွပ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းကိုလည်း သိပ်ချစ် သိပ်ကြည်ညိုကြတော့ လွပ်လပ်ရေးရန်ပုံငွေထည့်တဲ့ဖလားအပြင် ဗိုလ်ချူပ်အောင်ဆန်းအတွက်ဆိုပြီး ဖလားသတ်သတ်တစ်လုံးထားပြီး ထည့်ကြတယ် ထည့်ပြီးကြတော့ ဗိုလ်ချူပ်အောင်ဆန်းက လွပ်လပ်ရေးရန်ပုံငွေထည့်တဲ့အတွက်ရော သူ့အတွက်သတ်သတ် ဂုဏ်ပြုကြတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကားပြောလိုက်တယ် ရန်ပုံငွေပွဲပြီးတော့ တစ်ဖြည်းဖြည်းနဲ့ လူစုကွဲသွားတဲ့အချိန်မှာ ဗိုလ်ချူပ်ဘာလုပ်တယ်ထင်လဲ သူ့အတွက်ထည့်ထားတဲ့ဖလားထဲက ရွှေတွေငွေတွေ အကုန်လုံး […]

Knowledge

ဥာဏ်ရည်မြင့်မားတဲ့သူတွေမှာသာ ရှိသောအကျင့်စရိုက်(၄)မျိုး

ငယ်ငယ်တုန်းကဆိုရင် အခန်းမရှင်းလို့ အိပ်ယာကရှုပ်ပွနေလို့ အမေကဆူတာ၊ လူကြီးတွေဆူတာ မကြာခဏခံခဲ့ရဖူး မှာပါ။တခါတလေ လူကြီးတွေရှေ့မှာ ရုတ်တရက်အော်မိပြောမိတာမျိုးရှိဖူးကြသလို ညဘက်တွေဆိုလည်း တော်တော် နဲ့မအိပ်နိုင်အောင် အလုပ်တွေလှုပ်နေတတ်တာမျိုးတွေက သာမန်လူတွေအမြင် မှာတော့ တော်တော်ဆိုးတဲ့ အကျင့် စရိုက်တွေလို့ဆိုနိုင်ပါတယ်။ဒါပေမယ့်ဥာဏ်ရည်မြင့်တဲ့သူတွေမှာ ဒီလိုအကျင့်စရိုက်တွေတွေ့ရလေ့ရှိတယ်လို့ သိပ္ပံပညာ ရှင်တွေရဲ့လေ့လာတွေ့ရှိချက်အသစ်တွေမှာ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးကို ဗဟုသုတမှတ်စုတို အဖြစ်လေ့လာနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ ဆဲရတာကိုကြိုက်ခြင်း ဆဲတယ်ဆိုတာ မသိတဲ့သူတွေကို သွားဆဲနေတာကိုပြောတာမဟုတ်ပါဘူး။ သူ့ဘာသာ သူတစ်ခုခုကိုမကျေနပ်တဲ့အခါတစ်ယောက်တည်း ဆဲဆိုပြီးပေါက်ကွဲနေတတ်တဲ့သူမျိုးကိုပြောတာပါ။ တစ်ခါတစ်လေ သူအ၇မ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ဆိုရင်လည်း ဆဲပြီးပေါင်းနေတာ တွေ့ရပါလိမ့်မယ်။ သူတို့ သူငယ်ချင်းတွေကြားထဲမှာ ဆဲတယ်ဆိုတာ ရိုင်းတာမဟုတ်ပါဘူး။ ဘယ်လောက် ခင်မင်လဲဆိုတာကို ဖော်ပြနေတဲ့အရာတစ်ခုပါ။ ထူးထူးခြားခြား သုတေသနလုပ်သူတွေရဲ့အဆိုအရ အဲ့ဒီလိုဆဲဆိုသူတွေဟာ ဥာဏ်ရည်ကောင်းသူတွေဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။ နိုးနိုးကြားကြားရှိခြင်း ဥာဏ်ကောင်းတဲ့သူတွေက သူများထက်ပိုပြီး နိုးနိုးကြားကြားလည်းရှိပါတယ်။အိပ်ပျော်နေရင်တောင် ဆတ်ခနဲနိုးတတ်ကြ ပါတယ်။အဲ့လို အမြဲတမ်းနိုးကြားတက်ကြွနေခြင်းကြောင့်ညဘက်တွေမှာ […]

Knowledge

“ချစ်သူများနေ့ သတိပေးစာ”

တစ်ဘဝစာ ထိန်းသိမ်းလာတဲ့ အပျိုစင်ဘဝကို ချောကလက်နဲ့ လဲမစားလိုက်နဲ့နော်။ အပျိုစင်ဆိုတာ အလွယ်တကူတိုင်းတာလို့ရတဲ့ ကိရိယာ မရှိဘူးဆိုပေမယ့် တစ်ဘဝစာတော့လိပ်ပြာလုံမှာမဟုတ်ပါ။ အနောက်တိုင်းယဉ်ကျေးမှူကို အားကျမိရင်တော့ အနောက်တိုင်းလို ကိုတို့နိုင်ငံက လက်မခံတတ်ကြဘူးလေ။ လူ့သဘာဝက အသစ်အသစ်တွေကိုပဲ စိတ်ဝင်စားတတ်ပီး ဟောင်းနွမ်းရိုးအီသွားရင်တော့ ချောင်ထိုးသွားတတ်တယ်။ မျက်နှာသုတ်ပုဝါတစ်ထည်ကို ဘယ်သူကမှ မီးဖိုချောင်မှာ လက်နှီးစုတ်အဖြစ်မသုံးကြသလို လက်နှီးစုတ်ကိုလည်း မျက်နှာသုတ်ပုဝါနေရာမှာ မသုံးကြပါဘူး။ ပတ္တမြားကျောက်စီဓါးလို ဧည့်ခန်းမှာတင့်တယ်ချင်ရင် ရှိသင့်တဲ့တန်ဖိုးတော့ ရှိနေမှ တင့်တယ်မှာပါ။ ညစ်ပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်လို့ရပေမယ့် ညစ်ပတ်သွားတဲ့ ဂုဏ်သိက္ခာကတော့ အလွယ်တကူလျှော်ဖွပ်လို့ မရတဲ့အပြင် မျိုးဆက်သစ်တွေကိုပါ အရောင်စွန်းထင်း သွားစေနိုင်တယ်။ မသေချာတဲ့ကံတရားကို ယုံကြည်ပီး ချစ်တဲ့သူကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတစ်ခုကြောင့် လက်နှီးစုတ်ဘဝကို ရောက်သွားနိုင်ပါတယ်။ အိုင်ထဲကရေကို သောက်ရေအဖြစ်မသုံးကြသလို သောက်သုံးရေကိုလည်း ခြေမဆေးတတ်ကြပါဘူး။ ကတိတစ်ခုကို လွယ်လွယ်ပေးပီး […]

Knowledge

ရွှေအတိပြီးတဲ့ရေချိုးခန်းအပါအဝင်ရုပ်ရှင်ရုံလည်းပါတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တန်ဖိုးကြီးဇိမ်ခံလေယာဉ်

အမေရိကန်သမ္မတအဖြစ် ပြိုင်ဘက် ဟီလာရီကလင်တန်ကို အလဲထိုးအနိုင်ယူခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ 2011 ခုနှစ်တုန်းကတည်းက သွားလိုရာ သွားဖို့အတွက် Boeing 757 အမျိုးအစား ဇိမ်ခံလေယာဉ်တစ်စီးကို ပေါင်သန်း 80 အသုံးပြုပြီးဝယ်ယူခဲ့ပါတယ်။ ဒီလေယာဉ်နဲ့ ၀ါရှင်တန် အိမ်ဖြူတော်မှာနေထိုင်တဲ့ လက်ရှိသမ္မတအိုဘာမားဆီကို အာဏာလွှဲပြောင်းရေးကိစ္စ သွားရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ ထရမ့်သမ္မတရာထူး ရယူပြီးနောက်ပိုင်းမှာတော့ အစိုးရကိစ္စရပ်တွေအတွက် အသုံးပြုရန် မလိုတော့ပါဘူး။ အမေရိကန်သမ္မတအဆက်ဆက် စီးနင်းခဲ့ကြတဲ့ Air Force One ကို ဆက်ခံအသုံးပြုရတော့မှာမို့ ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးဘ၀ကနေ သမ္မတရာထူးကို တက်လှမ်းနိုင်ခဲ့တဲ့ ထရမ့်ဟာ သူဝယ်ယူခဲ့တဲ့ လေယာဉ်ထဲမှာ ဇိမ်ခံပစ္စည်းတွေ ထည့်သွင်းတပ်ဆင်ခဲ့ပါတယ်။ အမေရိကန် အကြွယ်ဝဆုံးပုဂ္ဂိုလ်တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ထရမ့်ဟာ ပေါင်သန်း 80 တန် လေယာဉ်ထဲမှာ သားရေစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ထိုင်ခုံ […]

Knowledge

ဆန်းကြယ်လှတဲ့လူ့ခန္ဓာကိုယ်အကြောင်းသိကောင်းစရာအချက်များ

သင်မထင်ထားတဲ့အရာတွေအများကြီးနော လူသားတွေရဲ့ ခန္ဓာကိုယ်ကထူးဆန်းတယ်ဆိုတာထက်တောင်ပိုပြီးထူးဆန်းပါသေးတယ်။ သင်တစ်ခါမှတွေးထင်ထားမှာမဟုတ်တဲ့လူ့ခန္ဓာကိုယ်အကြောင်းကိုဗဟုသုတအနေနဲ့ပြောပြပေးလိုက်ပါတယ်။ ၁။ကိုယ်ဝန်ဆောင်ချိန်မှာသင့်ခန္ဓာကိုယ်က ပိုပြီးဆွဲဆန့်နိုင်စွမ်းရှိပါတယ်တဲ့။ ၂။လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံအကြောတွေကို ဖော်ပြခဲ့တဲ့အမျိုးသား ၃။စိတ်ထိခိုက်လှုပ်ရှားတဲ့အခါမျက်ရည်ကျနိုင်၊မျက်ရည်ထုတ်နိုင်တာကိုယ်တွေလူသားတွေပဲရှိတာပါတဲ့။ ၄။လူ့ခန္ဓာကိုယ်မှာရှိတဲ့ အသန်မာဆုံးကြွက်သားကဘာလို့ထင်ပါသလဲ?သင်လုံးဝထင်ထားမှာ မဟုတ်ပါဘူး။ခန္ဓာကိုယ်ရဲ့အသန်မာဆုံးကြွက်သားက လျှာပါ။ ၅။သင်သဘောကျတဲ့လူတစ်ယောက်ကိုတွေ့တဲ့အခါမှာ သင့်ရဲ့ မျက်လုံးအိမ်ကပိုကျယ်ပြန့် ဆန့်ကားလာပါတယ်တဲ့။ဟုတ်မဟုတ်စမ်းသပ်ကြညု့်ပေါ့။ ၆။ကလေးငယ်အများစုဟာ အပြာရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားကြပါတယ်တဲ့။ ၇။လူသားတွေမှာ လက်ဗွေရာတွေရှိသလို တမူထူးခြားစွာနဲ့လျှာမှာလည်းလျှာဗွေရာဆိုတာရှိပါတယ်။ ၈။လူ့ခန္ဓာကိုယ်တစ်ခုလုံးကို အက်တမ်မှုန်လေးတွေ ၇ octillion atoms ( ၇၀၀၀ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ )နဲ့ ဖွဲ့စည်းထားတာပါတဲ့။ မရေမတွက်နိုင်တဲ့အမှုန်တွေနဲ့တည်ဆောက်ထားတာပါ။ ၉။မျက်မှောက်ကုတ်လိုက်တဲ့အခါမှာသင့်ခန္ဓာကိုယ်ထဲက ကြွက်သား၄၃ခုတောင်သုံးရတယ်လို့သိရပါတယ်။ ၁၀။အပြုံးကတော့ ကြွက်သား ၁၇ခုသာအသုံးပြုရပါတယ်တဲ့။ ၁၁။သင့်ရဲ့ နှလုံးခုန်သံနဲ့မျက်နှာအမူအရာက သင်နားထောင်တဲ့သီချင်းအမျိုးအစားပေါ် မူတည်ပြီးပြောင်းလဲသွားတာပါလို့သိရပါတယ်။ ၁၂။သင်အိပ်ပျော်နေတဲ့အချိန်မှာသင့်ရဲ့ဦးနှောက်က လျှပ်စစ်အချက်ပြသင်္ကေတတွေထုတ်ပေးပြီးမီးသီးသေးသေး အရွယ်လောက်အလင်းရောင်ထုတ်ပါတယ်တဲ့။ ၁၃။ခြေလှမ်းတစ်လှမ်းလှမ်းဖို့ကို ကြွက်သားအခု ၂၀၀အသုံးပြုရပါတယ်။ ၁၄။လူတစ်ယောက်ကအောက်စီဂျင်မရှိပဲ ၅မိနစ်ကနေ ၁၀မိနစ်အထိအသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ဦးနှောက်ဆဲလ်တွေကတော့စတင်သေဆုံးနေပါပြီ။ ၁၅။အစားအစာမရှိပဲ လူတစ်ယောက်ဟာ […]

Knowledge

မိန်းမဟူသမျှ ဖန်တန်တန်ပါပဲ ပုဏ္ဏားကြီးရယ်

တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။ ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်။ ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ် အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့။ နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့.. မိဖုရားကြီးက စဉ်းစားတယ် […]