News

ရောဂါဝေဒနာများ ပျောက်ကင်းသည်ဆိုသည့် ရေပူစမ်း

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာအုပ်စု ဘုန်းကြီးစခန်းကျေးရွာ၏မြောက်ဘက်(၂)မိုင်အကွာတွင်ရှိသောရေပူစမ်းသည်မိုးညှင်းမြို့ နယ်၏ဂုဏ်ကိုဆောင်လျက်ရေပူစမ်းသို့ လာရောက်ရေချိုးသူ အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလျက်ရှိပေသည်။ အဆိုပါရေပူစမ်းသို့ အခြားဒေသမှတိုင်းရင်းသားများအပြင်ဒေသခံပြည်သူများသည်နှစ်စဉ်နို ဝင်ဘာလမှစတင်ညကာအိပ်လာရောက်လေ့ ရှိပြီးကျ န်းမာရေးအရရေပူစိမ်လေ့ရှိကြပေသည်။ယခင်ကလမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး ရေပူစမ်းရှိရာသို့ မော်တော်ယာဉ်များသွားလာ၍မရသည့်အတွက်ခြေလျ င်သွားရောက်သူများ သာရှိသော်လည်း ယခုအခါမော်တော်ယာဉ်များသွားလာနှို င်စေရန်ဘုန်းကြီးစခန်းကျေးရွာ ကျောင်းထိုင်ဆရာတော်ဦးပညာဇောတမှဦးဆောင် ၍ဆောင်ရွက်ခဲ့ပေသည်။ အဆိုပါရေပူစမ်းအားမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က သစ်ထုတ်လုပ်ရေးအဖွဲ့ မှသစ်ထုတ်လုပ်စဉ်ကစတင်တွေ့ ရှိကာအသုံးပြု ခဲ့ရာမှ ဆေးဖက်ဝင်ကြောင်းသိရှိရပြီးသစ်ထုတ်လုပ်ရေးလုပ်သားများငှက်ဖျားရောဂါနှင့် ခေါင်းကိုက်ခေါင်းမူးပါက အဆိုပါရေပူအားသောက်သုံးခြင်း ရေချိုး ခြင်းတို့ ပြု လုပ်ရာမှရောဂါဝေဒနာများပျောက်ကင်းကြောင်းတွေ့ ရှိခံစားကြရပေသည်။ ထိုအချိ န်အခါမှစ၍ရေပူစမ်းအားလာရောက်ကြသူများရှိခဲ့ကြပြီးသက်ဆိုင်ရာမှသုတေသနပြုလေ့လာချက်အရ အဆိုပါရေပူတွင်ထုံးဓါတ် သံ ဓါတ် ကန့် ဓါတ်နှင့်ဆားဓါတ်များပါဝင်ကြောင်းတွေ့ ရှိရပြီး အရေဟြးရောဂါဝေဒနာခံစားနေရသူများ လက်တွေ […]

News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိလုပ်ကိုင်ပေးနေသော လူယုံတော် ကိုပု ရုတ်တရက် ကွယ်လွန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အလုပ်လုပ်ကိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံတော် ကိုပု ဒီကနေ့ (ဖေဖေါ်ဝါရီ ၂၂ရက်) ကြာသပတေးနေ့ မနက်၁၀း၂၀ အချိန်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ကိုပု နဲ့ ဇနီးသည် မဝေ တို့ နှစ်ဦးစလုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အိမ်တော်ထိန်းများ အဖြစ် နှစ်ပေါင်းများစွာကတည်းက သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ကိုပု နဲ့ မဝေတို့ ရဲ့ သားဦးလေး ဖိုးချမ်းကို မွေးဖွားခဲ့စဉ်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မှာ ကျရောက်တဲ့ ဖိုးချမ်းရဲ့ ၆ လပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် […]

Celebrities

လှတောသူ မရှယ်ခိုင် ကြော်ငြာရိုက်ရတော့မယ်တဲ့

မရှယ်ခိုင်ဟာကြော်ငြာရိုက်ကူးဖို့ မန်းလေးကိုရောက်ရှိနေတာဖြစ်ပါတယ်။မန်းလေးကိုပထမဆုံးရောက်ဖူးပြီးပထမဆုံးခရီးစဉ်ပါလို့ ဆိုပါတယ်။ သူမကိုမန်းလေးပိုးထည်တိုက်ကစပွန်စာပေးပြီးကမ်းလှမ်းခံရတာဖြစ်ပါတယ်။ကိုဒိန်းဒေါင်ဆီကိုလဲကျေးဇူးတင်စကားသွားပြောဖို့ ရှိတယ်လို့ သိရပါတယ်။ ရွာမှာဆိုအခုလိုအားပေးမဲ့သူမရှိဘူး ကိုယ့်ဟာကိုရေခဲချောင်းရောင်းရင်း ဘူးခွံကောက်ရင်းနဲ့ ဟာသတွေစပ်တာနွမ်းပါးတယ်ဆိုတော့အထင်ကြီးမဲ့သူမရှိဘူး ကိုဒိန်းဒေါင်ကိုလဲကျေးဇူးတင်တယ်ရွာကိုလာပြီးဖြစ်ချင်တာတွေလုပ်ပေးသွာလို့  ကျေးဇူးတွေဆပ်မကုန်ဘူးဒီတသက်မဟုတ်ဘူးနောက်သုံးသက်ဆပ်လဲမကုန်ဘူးရွာကလူတွေလဲဝမ်းသာနေကြတယ် ရမ်းလုပ်လိုက်တာအောင်မြင်သွားမယ်လို့ မထင်ဘူးဖေ့စ်ဘုတ်ပေါ်ကလူတွေကိုလဲကျေးဇူးတင်တယ် အရင်ကဆိုရင်သေမထူးနေမထူး ဒီဘ၀သုံးစားမရတော့ဘူးထင်တာ အခုတော့ ကိုဒိန်းဒေါင်တို့ နဲ့ ပရိတ်သတ်တွေရှိတော့ဝမ်းသာတယ် ပျော်တယ်

News

အကြော်သည် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နွယ်ဦးရဲ့ ဘ၀အကြောင်း

အမရပူရမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရာလမ်းဘေးတစ်နေရာတွင် နာမည်ကြီးသည့် အကြော်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုအကြော်ဆိုင်လေးသည် နံနက်လင်းပြီဆိုသည်နှင့် အကြော်ဝယ်လာသူအပေါင်းဖြင့် အုံခဲကာစည်ကားနေလေ့ရှိသည်။ ဘုန်းကြီးဆွမ်းလောင်းရန်ဖြစ်စေ၊ နံနက်ခင်းအဆာပြေစားသုံးရန်ဖြစ်စေ လာဝယ်ကြသူများရှိသကဲ့သို့ အမရပူရမြို့လေးရှိ နံနက်ခင်းဖွင့် မုန့်တီ၊ ခေါက်ဆွဲသုပ်ဆိုင်လေးများကလည်း ထိုအကြော်ဆိုင်လေးမှတစ်ဆင့် ဖောက်သည်ယူကာ ပြန်လည်ရောင်းချကြသည်။ ထိုသို့ လက်လီလက်ကား ၀ယ်ယူသူများဖြင့် စည်ကားနေသည့် အကြော်ဆိုင်လေးကို ဆရာမအကြော်ဆိုင်ဟု လူသိများလေသည်။ ဆရာမအကြော်ဆိုင်ဟု လူသိများရခြင်းမှာ အကြောင်းရှိသည်။ အကြော်ကြော်ရောင်းနေသူ မျက်နှာပြုံးရွှင်ရွှင် အသားအရေ ခပ်ဝင်းဝင်းဖြင့် ရုပ်ရည်ရူပကာအဆင်းခံ့ညားလှသူ အသက် (၅၀)ခန့် အမျိုးသမီးကြီးမှာ အကြော်သည်အများစုလို အတန်းပညာ ကောင်းစွာမသင်ယူခဲ့ရသူ တစ်ယောက်မဟုတ်ပေ။ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဖြင့် B.Sc ဘွဲ့ရခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံ ပြောရမည်ဆိုလျှင် လက်ရှိတွင် အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်နေလေသည်။ […]

News

သက်ငယ်မုဒိန်းမှုများကို သေဒဏ်ပေးဖို့ သီချင်းလေးနဲ့တောင်းဆိုလိုက်တဲ့ ညီမငယ်လေး

သီချင်းဖိုင်ကြည့်ရန် နဝမတန်းကျောင်းသားက ပဉ္စမတန်းကျောင်းသူကို မုဒိမ်းကျင့် မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၉ မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌ နဝမတန်း ကျောင်းသားတစ်ဦးက ပဉ္စမတန်း ကျောင်းသူကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မုဒိမ်းကျင့်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ဥယျာဉ်ကုန်းကျေးရွာမှ အသက် ၁၁ နှစ်အရွယ်ရှိ ပဉ္စမတန်းကျောင်းသူသည် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လေးအိမ်ကျော်ရှိ သူငယ်ချင်း၏ အိမ်သို့ တစ်ဦးတည်း သွားခဲ့ကြောင်း၊ ခွေးဟောင်သဖြင့် ပြန်လှည့်လာစဉ် အိမ်ချင်းကပ် နေအိမ်မှ အသက် ၁၅ နှစ်ကျော်အရွယ် နဝမတန်းကျောင်းသား ရောက်လာပြီး ပါးစပ်ကိုပိတ်၍ ဘောလုံးကွင်းအနီးရှိ ချုံပုတ်အတွင်းသို့ ခေါ်ဆောင်ကာ ဓမ္မတာနှင့် ဆန့်ကျင်သော ကာမဆက်ဆံမှုပြုခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့မ ရဲစခန်းထံမှလည်း သိရသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ နဝမတန်းကျောင်းသားကို […]

News

အိမ်ပြန်ချိန် ဝိညာဉ်

အိမ်ပြန်ချိန်ဝိညာဉ် အိမ်မပြန်နိုင်ခဲ့ဘူးအမေ ငွေကြေးဝန်ဆောင်မှုတွေလုပ်ရင်း ဗုံးဝန်ဆောင်မှု လာအပ်တော့ ခေါင်းမော့ရင်ကော့ အိမ်ကိုတော့မပြန်နိုင်တော့ဘူးအမေ။ မြန်မာပြည်မှာ ဗုံးတွေ ကျည်တွေအစား ငွေတွေများ ဖြစ်ခဲ့ရင် မနက်ဖန် ငွေကြေးဝန်ဆောင်မှုအတွက် ဆက်လုပ်နေတာ အမေမြင်ရမှာပါ။ ကောလဟာလတွေကြားရင်အမေမယုံလိုက်နဲ့ နော် သမီးကဘဏ်ဝန်ထမ်းပါအမေရဲ့ ဗုံးကွဲပြီးသေစရာလား ခွင့်လွှတ်ပါအမေသမီးဒီညအိမ်ပြန်မလာနိုင်တော့ဘူး အခုတော့ ငွေတွေအစား ဗုံးကျည်တွေများတော့ ပြန်မလာနိုင်တော့ဘူးအမေ။ နောင်ဘဝဆိုတာရှိခဲ့ရင် မြန်ပြည်တွင်ပဲ လူဖြစ်ချင်ရဲ့ ဒါပေမယ့် ဗုံးတွေမဲ့တဲ့မြန်မာပြည် ကျည်တွေမဲ့တဲ့မြန်မာပြည်။ အကြမ်းဖက်အားလုံး ရှုတ်ချပါသည်။ သော်နေဇော်(ဥပဒေ)

News

ဘရာဇီးနိုင်ငံသားကို နှစ်ချီအတွင်း အနိုင်ထိုးမယ်လို့ကြုံးဝါး လိုက်တဲ့ အောင်လအန်ဆန်

မြန်မာတစ်နိုင်ငံလုံးရဲ့ အားပေးထောက်ခံမှု အခိုင်အမာရရှိထားတဲ့ အမ်အမ်အေ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကတော့ မနက်ဖြန် ဖေဖော်ဝါရီလ ၂၃ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရာဇီးနိုင်ငံသား မချာဒိုက နှစ်ချီအတွင်း အနိုင်ထိုးသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ခန့်က စတင်တာ လူသိများ နာမည်ကြီးလာတဲ့ အောင်လအန်ဆန်က မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဆုက ရယူပေးခဲ့ပြီး သူ့ရဲ့ ပထမဆုံးမျှော်လင့်ချက်ပြည့်ခဲ့ပြီး ဒုတိယမျှော်လင့်ချက်ကို ဆက်လက် အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက် ဘရာဇီးနိုင်ငံသား မချာဒိုကလည်း အောင်လအန်ဆန်၏ မိခင်နိုင်ငံတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကြောက်ရွံ့နေမည် မဟုတ်ကြောင်း အလက်ဇန္ဒားမာချာဒို ပြောကြားထားပါတယ်။ ဘရာဇီးလ် MMA ကစားသမား အလက်ဇန္ဒားမာချာဒိုက ဖေဖော်ဝါရီ ၂၃ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် လိုက်ဟဲဗီး ၀ိတ်ကမ္ဘာ့ချန်ပီယံလုပွဲအား အောင်လအန်ဆန်၏ မိခင်နိုင်ငံ (မြန်မာနိုင်ငံကို […]

Celebrities

လေဒီဂါဂါဆိုတာသူမနောက်မှ ဖြစ်လာတာပါဆိုတဲ့ ဖြူဖြူကျော်သိန်း

အမှန်ကတယ်တော့ ဖြူဖြူက တတိယကမ္ဘာကအဆိုတော်ပါ ဒါပေမဲ့ ဖြူဖြူက ၂၀၀၃ ခုနှစ်တည်းက ပရိသတ်တွေကိုဒီလိုမျိုးဖျော်ဖြေပေးလာနေတယ်ဆိုတာ ကိုယ့်ပြည်တွင်းပရိသတ်ကတော့သိတာပေါ့ ဒါပေမဲ့အဲ့လိုသွားပြောရင် ဘယ်သူကယုံမှာလဲ ကမ္ဘာကျော်ထက်စောပြီးပေါ်တယ်လို့ပြောရင်ဘယ်သူကယုံမလဲ ကိုယ့်ပြည်တွင်းကပရိသတ်တွေနဲ့ကိုယ်နဲ့ပဲသိကြတယ်လေ ကမ္ဘာကြီးကတော့ ဘယ်ယုံမှာလဲ ရယ်တောင်ရယ်ဦးမယ် ရူးနေလားမသိဘူးဆိုပြီးပြောမှာပေါ့နော် ဒါပေမဲ့ ကိုယ့်အရပ်ကိုယ့်ဇာတ်မှာတော့ ဒါက အမှန်တရားဆိုတာသိကြတယ် အမှန်တော့ဖြူဖြူနဲ့ သူနဲ့ဆိုရင် ယှဉ်စရာတောင်မဟုတ်ပါဘူး။ သူက ကမ္ဘာကျော် ပြီးတော့ သူ့နိုင်ငံအနေအထားနဲ့ သူ့ကိုပံပိုးပေးထားတဲ့ဝန်းကျင်နဲ့ ဖြူ့ဖြူ့ကိုပံ့ပိုးပေးထားတဲ့ဝန်းကျင်မှာရှိတဲ့ အခြေအနေလုပ်ပိုင်ခွင့်တွေက အရမ်းကွာခြားပါတယ်။ နိုင်ငံဆင်းရဲချမ်းသာတာက အစ အရမ်းကွာခြားပါတယ်။ဖက်ရှင်ပိုင်းကတော့အစတည်းက ကိုယ်လုပ်လာတာ ဒါပေမဲ့လေ ကမ္ဘာကြီးကကျတော့ ကိုယ်အရင်လုပ်လာတယ်လို့ဘယ်ထင်မှာလဲ။ ၂၀၀၃ ခုနှစ်တည်းက ဖြုဖြုကျော်သိန်းဟာ ဘာလဲဆိုတာသိလာတဲ့ ပရိသတ်ကလည်း ဘယ်သူ့ကိုမှ အတုခိုးပြီးတော့လုပ်လာတာမဟုတ်ဖူးဆိုတာကိုလည်းအားလုံးကသိကြပါတယ် Source – Akonthi

Celebrities

ကျန်းမာရေးမကောင်းလို့ အမောဖောက်နေတဲ့ ဟာသသရုပ်ဆောင် ဦးမန်းဝင်း

နာမည်ကျော် ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့တဲ့ လူရွှင်တော် ဦးမန်းဝင်းကတော့ ကျန်းမာရေးမကောင်းတော့လို့ ဆေးရုံတက်နေရပြီး အမောဖောက်နေကြောင်း သူမရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားပြီး ပရိတ်သတ်တွေကို ပြောပြထားပါတယ်။ ဦးမန်းဝင်းက အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ကျန်းမာရေးက ချူချာခဲ့ပြီဖြစ်ပါတယ်။ ကြည်ဖြူမန်းဝင်းက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီရက် ထဲမှာ အ ဖေ တော် တော် မော နေတယ် ။စိတ် တွေညစ် နေတယ် ။အား ပေးကြပါဦး သူငယ် ချင်းတို့ရယ် ။ ဆိုပြီး မနေ့ ဖေဖော်ဝါရီ ၂၂ ရက်ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။ သူမကလည်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် မန်းဝင်းက လူရွှင်တော်နေရာမှာလည်း ပရိတ်သတ်နှစ်သက် အားပေးမှုရရှိထားသလို […]

News

လားရှိုးဗုံးခွဲမှုကကိုယ်တိုင်တွေ့ကြုံခဲ့သူတစ်ဦး၏ ရေးသားချက်

အဲဒီ တုန်လှုပ်ထိတ်လန့်စရာ အဖြစ်ဆိုးကြီး မတိုင်မီအထိတော့လားရှိုးမြို့ရဲ့ ညနေခင်းဟာ သာသာယာယာပေါ့။ညနေ ၄း၃၅နာရီလောက်မှာ ကိုယ် ကျူရှင်ဆင်းတော့ လုပ်စရာရှိတာတွေ တွေးရင်း စံကောင်းလမ်းကနေ လမ်းမတော်လမ်းဘက်တက်ခဲ့တယ်။ပြည်ရတနာမှာ မိတ္တူသွားဆွဲမယ်၊လေးလေးဆိုင်မှာ လိုင်စင်ပုံဝင်ထုတ်မယ်၊ပြီးရင် ရပ်ကွက်၎ထဲ သွားမယ်ပေါ့။လမ်းမတော်လမ်းတလျှောက် ဘာထူးထူးခြားခြားမှ မရှိ၊ခါတိုင်းနေ့များလိုပါပဲ။ကိုယ်လည်း သူများတကာလိုပါပဲ။ မကြာခင် စက္ကန့်ပိုင်းအတွင်း ဆိုးဆိုးဝါးဝါး ကိစ္စတစ်ခု ဖြစ်တော့မယ်ဆိုတာ ဘယ်သိပါလိမ့်မလဲ။မိတ္တူဆိုင် အရင်သွားရမလား စဉ်းစားပေမဲ့ လမ်းသင့်ရာကိုယ့်ဦးလေးဆိုင်(သိန်းထိုက် ဓါတ်ပုံတိုက်)အရင် ဝင်လိုက်တယ်။ဆိုင်ရှေ့မှာ လေးလေးနဲ့ စကားနည်းနည်း ပြောပြီး ဆိုင်ထဲလှမ်းအဝင် ၂လှမ်းလောက် လှမ်းရုံရှိသေး ဝုန်းခနဲ အသံနက်ကြီးနဲ့အတူမီးပွင့်သွားတယ်။ဖုန်တွေ အလုံးလိုက်ထပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးရုတ်တရက် ဝေဝါးသွားတယ်။ အနီးအနားက လူတွေအားလုံးလည်း ဘာပါလိမ့်ရယ်လို့ ထိတ်လန့်အံ့သြကုန်ကြတယ်။နောက်တော့ လူတွေ အုံလာတယ်။ဖုန်းကိုယ်စီ ထုတ်ပြီး ဓါတ်ပုံ၊ဗွီဒီယိုတွေ ရိုက်ကြတယ်။ ဘာဖြစ်တာလဲ၊ဘာတွေဖြစ်ကုန်ပြီလဲ သိချင်ပေမဲ့ တုန်လှုပ်နေတဲ့ကိုယ်ကတော့ ဖုန်းထုတ်ပြီး […]