News

ဖိလစ်ပိုင်သားတွေ အလုအယက်ဖြစ်နေတဲ့ ကနေဒါက အလုပ်တစ်ခု

ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ ပင်ပမ်းဆင်းရဲတဲ့ အလုပ်အကိုင်တွေပဲရှိပြီး လစာလည်း မကောင်းကြပါဘူး။ အဲဒါကြောင့် ဖိလစ်ပိုင်ပြည်သူ တော်တော်များများက ပြည်ပထွက် အလုပ်လုပ်ကြပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းကြလေ့ရှိပါတယ်။ပြည်ပမှာ အိမ်အကူသွားလုပ်ကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေဟာ အိမ်ရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ရလို့ ဖိလစ်ပိုင်အစိုးရက တချို့နိုင်ငံတွေမှာ အလုပ်သွားမလုပ်ကြဖို့ ပိတ်ပင်ရတဲ့အထိပါပဲ။ ဒါကြောင့်လည်း ကနေဒါနိုင်ငံက အလုပ်တစ်ခုအတွက် ဖိလစ်ပိုင်တွေ အလုအယက်ဖြစ်နေကြတာပါ။ အဲဒါကတော့ ကနေဒါနိုင်ငံမှာ မှိုခူးဆွတ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ မှိုဆွတ်ပေးရတဲ့အလုပ်ဆိုလို့ အထင်သေးလို့မရပါဘူး။ အဲဒီအလုပ်က တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၈၀(မြန်မာငွေ ၃၈ သိန်းကျော်)ရပါတယ်။ အဲဒါကြောင့် အရင်တုန်းက ဟောင်ကောင်မှာ အိမ်အကူလုပ်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံသား အယ်ကာရိုတောင် ကနေဒါနိုင်ငံမှာ အလုပ်သွားလုပ်နေပါပြီ။ ကနေဒါနိုင်ငံဟာ စိုက်ပျိုးရေးလုပ်သား လိုအပ်ချက်ကြီးမားပြီး အထူးသဖြင့် မှိုခူးဆွတ်သူတွေ၊ […]

Sport News

ရော်နယ်ဒိုနဲ့ မက်ဆီကြားထဲက အဓိက ခြားနားချက်ကို ပြောပြခဲ့တဲ့ဖာဒီနန်

ဘာစီလိုနာ အသင်းက ချယ်လ်ဆီး အသင်းကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မက်ဆီကို ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။ ဖာဒီနန်ဟာ မက်ဆီနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ၂ကြိမ်တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး မက်ဆီနဲ့ ရင်ဆိုင်တိုင်း မက်ဆီရဲ့ အနားကိုကပ်လို့မရခဲ့ ကြောင်း ချီးကျူးခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီဟာ ယနေ့မော်ဒန်ဘောလုံး လောကရဲ့ ပြိုင်ဘက်ကင်း အကောင်းဆုံး ကစားသမား ၂ဦးဖြစ်ပြီး Ballon d’Or ၅ဆုစီ ရရှိထားကြသူများလည်း ဖြစ်ကြပါတယ်။ မက်ဆီဟာ ချယ်လ်ဆီးအသင်းကို ရှုံးထွက်အဆင့်ကနေလှည့်ပြန်ရအောင် ၂ကျော့လုံးမှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ မက်ဆီဟာ ပထမအကျော့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့သလို အိမ်ကွင်းမှာလည်း ၂ဂိုး သွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ သူသွင်းယူခဲ့တဲ့ ၂ဂိုးလုံးကို ပါးပါးနပ်နပ်နဲ့ ချယ်လ်ဆီးဂိုးသမား ကော်တွိုက်စ်ရဲ့ ဂွကြားထဲကို သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဖာဒီနန်က “မက်ဆီနဲ့ ရော်နယ်ဒိုတို့က အကောင်းဆုံး ကစားသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၂ယောက်ကြားမှာ ကွာခြားချက်တော့ […]

Celebrities

ပြင်ဦးလွင်မှာ ရုပ်ရှင်အတူတူရိုက်နေကြတဲ့ ဖြူဖြူထွေးနဲ့ မနော

နာမည်ကျော် မြန်မာသံအဆိုတော်ဖြစ်တဲ့ မနောကတော့ ဖေ့စ်ဘွက်မှာ နာမည်ကြီးတဲ့ ဟာသသရုပ်ဆောင် ဖြူဖြူထွေးနဲ့အတူ ရုပ်ရှင်ရိုက်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဓာတ်ပုံလေးတွေနဲ့ ဖြူဖြူထွေးရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကမောက်ကမ သမီးယောက်မ ဆိုတဲ့ ရုပ်ရှင်ကားမှာ သရုပ်ဆောင်နေကြတာဖြစ်ပြီး နာမည်ကြီး မင်သားသမီးသမီးတွေနဲ့အတူ သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပြေတီဦး၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ခင်လှိုင်၊ ဂွမ်းပုံတို့နဲ့အတူ သူတို့နှစ်ယောက် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ ထုံးစံအတိုင်း ဖေ့စ်ဘွက်မှာ နာမည်ကြီးသူများ နာမည်ကြီးတဲ့ အဆိုတော်များကို နေရာပေး ရုပ်ရှင်ရိုက်ကူးကြတဲ့အတိုင်း သူတို့နှစ်ယောက်လည်း မင်းသား မင်းသမီးတွေ ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်နေတဲ့အကြောင်းတော့ မနောရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာ မတွေ့ရပါဘူး။

News

သားက အမေစားလို့မကုန်တာမှစားပါတယ် တဲ့ ?

သားက အမေစားလို့မကုန်တာမှစားပါတယ် တဲ့ ဒီသားလေးက အသက်၁၂နှစ်ပဲရှိသေးတယ် ဒါပေမယ့် ဒါပေမယ့် သူဟာ ကင်ဆာရောဂါသည် အမေကြီးရဲ့ တစ်ဦးတည်းသော လူနာစောင့်ပဲ။ သူ့အဖေဆိုတာက လဲ လွန်ခဲ့တဲ့၆နှစ်ကဆုံးသွားပြီဆိုတော့ ဒီအမေသာသူ ရဲ့တစ်ခုတည်းသောအားကိုးရာ ခုတော့လဲ သူ့အမေက သူ့ကိုအားကိုးနေရတာပေါ့လေ။သူ့အမေသောက်ရ မယ့်ဆေးတွေ၊လိုအပ်တာတွေသူပဲသွားဝယ်ပေးရ တယ်။လူနာနာမည်က မဇင်မျိုးခိုင် ကာတာနိုင်ငံက ကိုဝင်းသိန်းနိုင်၊မချောအေးအေးထွန်းမင်း သမီးမအေး ချမ်းခင်၊မမေမြတ်ခင်မိသားစုက လှုဒါန်းတဲ့တစ်သိန်း ကျပ်ကို သွားလှုပေးတာပါ။ကျွန်တော်ပြန်တော့အဲ့ ကလေးကလဲ အောက်ထပ်ကိုဆင်းပြီး စားစရာဝယ် မလို့ဆိုလို့ အတူတူဆင်းလာခဲ့တယ်။` သားကဘာ ဝယ်မလို့လဲမေမေအတွက်လား’`ဟုတ်တယ်ဦး အမေ အတွက် တိုဟူးသုတ်ဝယ်မလို့ အမေထမင်းနဲ့စားဖို့’ ` ဟင် အမေအတွက်ဟင်းမဝယ်ဘူးလား’ ` အမေက ဟင်းနံတွေမခံနိုင်လို့တဲ့ ဦးရဲ့’ ` သားအတွက်ရော မဝယ်ဘူးလား’ `သားက အမေမကုန်လို့ကျန်တဲ့ဟာမှ စားမှာလေ ’ ` […]

News

အမေရိကန်၏ F-18 တိုက်လေယာဉ် လေ့ကျင့်မှုဆာင်ရွက်စဉ် အတွင်း ပင်လယ်ထဲပျက်ကျ

အမေရိကန် နိုင်ငံ ရေတပ် ၏ F-18 တိုက်လေယာဉ် တစ်စင်း သည် မတ်လ ၁၄ ရက်နေ့၌ ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်း Key West မြို့ အနီးတွင် ပင်လယ်ထဲ သို့ ပျက်ကျ ခဲ့ကာ လေယာဉ် ပေါ်ရှိ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း ရေတပ် ၏ ထုတ်ပြန် ကြေညာချက် အရ သိရှိရသည်။ အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယင်းပျက်ကျ ခဲ့သည့် လေယာဉ် သည် လေယာဉ်မှူး ၂ ဦး လိုက်ပါနိုင်သည့် တိုက်လေယာဉ် အမျိုးအစား ဖြစ်ပြီး လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အတွင်း ပျက်ကျ […]

Celebrities

အကိုတွေကို ထုတ်ကြွားလိုက်တဲ့ အိုင်ရင်းဇင်မာမြင့်

အဆိုတော် အိုင်ရင်းက သူမရဲ့ ဖေ့စ်ဘွတ်ကနေ အကိုတွေကို ထုတ်ကြွားလိုက်တာပါ။သူမမှာ အကိုသုံးယောက်ရှိပြီးတော့ လူပျိုဖြစ်နေတဲ့ အကိုနှစ်ယောက်ကို ပရိသတ်တွေသိရအောင် ပုံတင်ပြီး ပြလိုက်ပါတယ်။ အရင်ကဆို အိုင်ရင်းရဲ့ အကိုလို့ပြောလိုက်ရင် အဆိုတော် Leo Bobo သာ သိကြပေမယ့် ကျန်တဲ့အကိုတစ်ယောက်ကတော့ ပရိသတ်တွေ မြင်ဖူးမှာ မဟုတ်ပါဘူး။ အကိုကြီးဆုံးတစ်ယောက်က အဆိုတော်အလုပ်ကို လုံးဝခွင့်မပြုထားပေမယ့် ဒီနေ့ သီချင်းသွားတိုက်တဲ့နေ့မှာတော့ သူမနဲ့အတူ လိုက်လာခဲ့ပေးတယ်လို့ ဆိုပါတယ်။ “Ireneမှာအကို၃ယောက်အရင်းပေါ့နော်ရှိတယ်။ မောင်နှမ၄ယောက် ဆိုတော့လေ အင်တာဗျူးတွေ များနဲနဲကြားဖူးရင် အကို၁ယောက်က အဆိုအလုပ်ကိုလုံးဝ(လုံးဝ)ခွင့်မပြုဘူးလို့ဖြေဘူးပါတယ်ရှင့် သူကအကြီးဆုံးအကိုပါ အခုမှသီချင်းတိုက်တာကိုပထမဆုံးလိုက်ပို့ဖူးသူကြီးပါ စာကြွင်း*၂ယောက်မြောက်အကိုကတော့လူပြိုလတ်     အိမ်ထောင်နဲ့မို့   နောက်၁ခါပုံရိုက်ရင်တင်ပေးမယ်ရှင် နာမည်လေးတွေမိတ်ဆက်ပေးမယ်လို့ Ivan,Issac,Ian(Leo Bobo),Irene” ဆိုပြီး ပြောပြထားပါတယ်။ အိုင်ရင်းဇင်မာမြင့်က လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရသလို သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ […]

News

အကယ်ဒမီပွဲတက်မယ့် အွန်လိုင်းမီဒီယာတွေ ပိုက်ဆံငါးသိန်းသွင်းရမယ်

လာမယ့် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၇ နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို တက်ရောက်သတင်းရယူမယ့် အွန်လိုင်းမီဒီယာတွေကို ၀င်ကြေးကျပ်ငါးသိန်းကောက်ခံသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာလိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ သတင်းရယူခွင့်နဲ့ ပတ်သတ်ပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပုံနှိပ်မီဒီယာတစ်ခုကို နှစ်ဦးသတင်းရယူခွင့်ပြုမှာဖြစ်ပြီး အွန်လိုင်းမီဒီယာတွေကိုတော့ ငွေကျပ်ငါးသိန်းပေးသွင်းပြီး နှစ်ဦးဝင်ရောက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ “အွန်လိုင်းမီဒီယာတွေက ငါးသိန်းပေးသွင်းရမယ်။ အရုပ်မပါတဲ့ FM လိုင်းတွေကတော့ သုံးသိန်းပါ။ ဒါတွေက ရုပ်ရှင်သက်ကြီးတွေအတွက် ထောက်ပံ့ပေးဖို့အတွက်ပါ။ လောလောဆယ်တော့ လာလျှောက်ထားတာ ၂၀ ကျော်လောက်တော့ရှိပြီ။ ဒါတွေကို ပြန်ပြီး စိစစ်ဦးမှာပါ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပ-ဥက္ကဌ ဦးအေးကြူလေးက ဓူဝံကို ပြောပါတယ်။ ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အွန်လိုင်းမီဒီယာ ၉၀ ကျော်ရှိပြီး လျှောက်လွှာတင်ထားတဲ့ အွန်လိုင်းမီဒီယာထဲကနေ […]

Celebrities

အကူအညီလိုအပ်သူတွေအတွက် အမြဲအသင့်ရှိနေတဲ့ ဝေဠုကျော်

ပရဟိတလုပ်ငန်းဆို လက်မနှေးတဲ့ ဝေဠုကျော်ဟာ ခရီးတစ်ခုမှအပြန်တိုက်တိုက်ဆိုင်ဆိုင်ပဲ အက်စီးဒင့်တစ်ခုနဲ့ ကြုံတွေ့တာကြောင့် အကူအညီပေးခဲ့ပါသေးတယ်။ ပုဂံဘုရားအစည်းအဝေးနဲ့ ညောင်ဦးရှိဆိုင်ကယ်ဆိုင်ဖွင့်ပွဲကို သွားရောက်ရာက အပြန်မှာအက်စီးဒင့်တစ်ခုနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ တိုက်ကြီးမြို့ အထွက် ဗဟိုစာရင်စစ်ရုံးရှေ့မှာ ရပ်ထားတဲ့ ၁၂ဘီးကားကို နောက်ကဆိုင်ကယ်က ဝင်တိုက်မိတဲ့ လူနာနဲ့ တွေ့ဆုံခဲ့ပြီး ဝေဠုကျော်က ကူညီခဲ့တာ ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က တော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ […]

Knowledge

နှပ်ကလော်ပြီးတိုင်း စားတဲ့အကျင့်ရှိသူများ ပိုမိုကျန်းမာဟု ဆရာဝန်များဆို

လူတိုင်းမှာ ထူခြားတဲ့အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ လက်သည်းကို စုတ်ပြတ်သတ်သွားအောင် ထိုင်ကိုက်နေတတ်တယ်၊ တစ်ချို့ကျတော့လည်း ဆံပင်တွေကို ထိုင်နှုတ်နေတတ်တယ် တစ်ချို့ကျပြန်တော့လည်း နှာခေါင်းနှိုက်ပြီး နှပ်ချေးတွေ ထိုင်ကလော် နေတတ်ပါတယ်။ တစ်ချို့တွေက နှပ်ချေးနှိုက်တာကို အရမ်းရွံစရာကောင်းတယ်၊ ညစ်ပတ်တဲ့အပြုအမူလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်တွေရဲ့ပြောကြားချက်အရ ဒါဟာ ညစ်ပတ်တဲ့အပြုအမူမဟုတ်သလို ရွံစရာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ထွက်လာတဲ့နှပ်ချေးဖတ်ကို (မသိလိုက်မသိဘာသာ) စားပေးခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အရမ်းကို ကောင်းပါတယ်တဲ့နော်။ နှပ်ချေးဟာ ဘက်တီးရီးယားတွေကို တားဆီးပေးတဲ့ ဆန်ခါတစ်ခုလိုဖြစ်တာကြောင့် အဲဒါကို စားလိုက်တဲ့အခါမှာ ကောင်းမွန်တဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေရနိုင်တယ်လို့ University of Saskatchewan ရဲ့ ပါမောက္ခ Doctor Scott Napper (Biochemistry ပါမောက္ခနဲ့ အကြီးတန်း သိပ္ပံပညာရှင်တစ်ဦး) က ပြောကြားခဲ့တာ […]