Celebrities

ကိုယ့်သားသမီးကို ထိရင်မခံဘူးဆိုတဲ့ ဒိန်းဒေါင်

သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို ဗေဒင်ဆရာအောင်ချစ်ပိုက အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတယ်ဆိုတဲ့ အပေါ် သရုပ်ဆောင် ဒိန်းဒေါင်က အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ”သူတို့က တရားရုံးကို ဦးတိုက်လျှောက်ရတာပေါ့။ ရတယ် ဘာမှမဖြစ်ဘူး၊ သူတို့ အရှက်မရှိလို့ လုပ်တာ ကျွန်တော်ပါလာရင် ပိုရှုပ်ကုန်မှာစိုးလို့ ကျွန်တော်ကနေပေးထားတာ။ ကိုယ့်သားသမီးထိလို့ကတော့ ရေအဆုံးမိုးအဆုံး ဖက်ကိုက်ဖို့ လည်း ဝန်မလေးဘူး ဘာပဲလုပ်ရလုပ်ရ လုပ်မှာ” လို့  သူက Duwun Media ကို ဖြေဆိုခဲ့ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေဆောင်ရွက်သွားမယ်လို့ ဆိုပါသေးတယ်။ ”ကျွန်တော်က အမျိုးသမီးရေးရာရော၊ တခြား မိန်းကလေးတွေ နဲ့ ပတ်သက်တာရော အခု ကျိန်းသေသွားပြီဆိုရင် ကျွန်တော် လိုင်းပေါ်တင်ပြီး ပြန်လုပ်မှာ” လို့ ဒိန်းဒေါင်က ပြောပါတယ်။ ဒိန်းပိုပိုဒေါင်ကလည်း ဗေဒင်ဆရာအောင်ချစ်ပိုကို […]

News

သရဲခြောက်တဲ့ နန်းမြိုင်ဟိုတယ်ကြီးမှာ သွားရောက်တည်းခိုခဲ့တဲ့ နေဒွေး

ဗီဒီယိုဇာတ်ကားတွေကို ကြည့်ရှုကြတဲ့ ပရိသတ်တွေရဲ့ အသဲစွဲ မင်းသားတစ်လက်ဖြစ်တဲ့ နေဒွေးကတော့ လတ်တလော ဖေစ့်ဘုတ်ပေါ် နာမည်ကြီးနေတဲ့ နန်းမြိုင်ဟိုတယ်မှာ ဖေဖေါ်ဝါရီ ၂၂ရက်နေ့က သွားရောက်တည်းခိုခဲ့ပါတယ်။ နေဒွေးကတော့ ဒီဟိုတယ်ကြီးကို သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူသွားရောက်တည်းခိုခဲ့တာဖြစ်ပါတယ်။ သတ္တိခဲ မင်းသားနေဒွေးကတော့ ဒီသရဲခြောက်တဲ့ ဟိုတယ်ကြီးမှာ အစမ်းခံချင်လို့ လာရောက်တည်းခိုတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပရိသတ်တွေကတော့ အကြောက်အလန့်မရှိတဲ့ မင်းသားနေဒွေးကို အရမ်းအံ့သြနေကြပါတယ်။ မင်းသားနေဒွေးကတော့ ဟိုတယ်မှာ တည်းနေစဉ်မှာလည်း ဖေ့စ်ဘုတ်ပေါ်မှာ Live လွှင့်ခဲ့ပြီး ဘာမှထူးထူးခြားခြား မရှိခဲ့ဘူးလို့ဆိုပါတယ်။ နာမည်ကျော်မင်းသား နေဒွေးကတော့ နန်းမြိုင်ဟိုတယ်ရဲ့ နာမည်ကြီးသရဲနဲ့ မတွေ့ခဲ့ရပါဘူး။ ပရိသတ်တွေကတော့ နေဒွေးရဲ့ သတ္တိကို ချီးကျူးနေကြပါတယ်။

Lifestyle

နောက်ကျောဓါးထိုးခံရတာကို စိတ်လှုပ်ရှားမှုမရှိပဲ တည်တည်ငြိမ် ငြိမ်နေခဲ့သည်ဘရာဇီးလူငယ်

နောက်ကျောတွင် ဓါးထိုးခံထားရသည့် အသက်၂၂နှစ်အရွယ် ဘရာဇီးလူငယ် အယ်လီနာဒိုမှာ ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမရှိပဲ ငြိမ်နေခဲ့သည်ကို တွေ့ရသည်။ ဓါးထိုးခံရသူ အယ်လီနာဒိုမှာ ဘရာဇီးကျေးလက်ဒေသရှိ ဘရာစီးလီးယားမြို့လေးတွင် သူငယ်ချင်းများနှင့်အတူ အရက်သောက်နေစဉ် တစ်စုံတစ်ဦးက ပြေးလာပြီးနောက်ကျောသို့ အားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်သည်ဟု ဒေသခံသတင်းများတွင် ဖော်ပြသည်။ အယ်လီနာဒိုက ယင်းတိုက်ခိုက်မှုနောက်ကွယ်မှ ကိုယ်ထိလက်ရောက် ကျူးလွန်သူကို မသိခဲ့ကြောင်းနှင့် ထိုညက မည်သူနှင့်မှ အချင်းများခဲ့ခြင်းမရှိဟု ပြောကြားသည်။ ဖေဖော်ဝါရီ ၉ရက်နေ့က အခင်းဖြစ်ပွားမှုကို ပြသသည့်ဗီဒီယိုတွင် အလုပ်ကြမ်းသမားတစ်ဦးက သစ်သားရိုးပါသည်ဓါးဖြင့် ထိုးခဲ့ပြီးနောက် အင်္ကျီပေါ်သို့ သွေးများစီးကျလာသည်ကို တွေ့ရသည်။ ဒေသခံများက လူနာတင်ကားထွက်လာနေသည်ကို လူနာအား ပြောပြပြီးနောက် စိတ်သက်သာရာရခဲ့သည်။ အယ်လီနာဒိုမှာ ရီယိုဘရန်ကိုဆေးရုံတွင် ဓါးကိုခွဲစိတ်ဖယ်ရှားပေးခဲ့ပြီးနောက် သက်သာလာပြီဟု The Sun ကဖော်ပြသည်။ […]

Celebrities

ကိုရီးယားအမျိုးသားတွေကြား ရေပန်းစားနေတဲ့ လုံးကြီးပေါက်လှ ဂျပန်မော်ဒယ်မလေး

Shinozaki Ai အမည်ရ “AeLL” အဆိုတော်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဂျပန်မော်ဒယ်မလေးဟာ ကိုရီးယားမှာ သူမရေပန်းစားနေရခြင်းက ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးကိုယ်ပေါက်ကြောင့်ပါလို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ကမ္ဘာကျော်ပုရိသမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ MAXIM မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံအတွက် ရိုက်ကူးပေးခဲ့ရာ မဂ္ဂဇင်းအရောင်းကုန်တဲ့အထိ ရေပန်းစားကျော်ကြားခဲ့ပါတယ်။ မဂ္ဂဇင်းက ဂျပန်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတွေကို ရောက်ရှိခဲ့ပေမဲ့ ကိုရီးယားနိုင်ငံမှာ ပိုလို့ကျော်ကြားခဲ့ပါတယ်။ ကိုရီးယားမှာရေပန်းစားခြင်းနဲ့ ပတ်သက်လို့ ကိုရီးယားမှာ သေးသေးသွယ်သွယ် ကောင်မလေးငယ်တွေ အများအပြားရှိတာကြောင့် သူမလို လုံးကြီးပေါက်လှတစ်ယောက်က သူတို့အတွက် စိတ်လှုပ်ရှားရင်ခုန်စရာ ဖြစ်စေခဲ့တယ်လို့ သူမရဲ့အမြင်ကို ပြောဆိုခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အနေနဲ့ သူမရဲ့ဝင်ငွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ သူမရဲ့ကုမ္ပဏီဆီမှ တစ်လကို တရုတ်ယွမ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၅၁၅) ရရှိတယ်လို့ ဆိုပါတယ်။ […]

Celebrities

သားဖြစ်သူကို အိမ်ထောင်ပြုဖို့ မပြောတော့ဘူးဆိုတဲ့ ဖိုးချစ်ရဲ့ဖခင် ဦးစိန်ဝင်းသောင်း

မို့ရွှေမန်းသားဖိုးချစ်ရဲ့ ဖခင် ဦးစိန်ဝင်းသောင်းက ဆိုင်းပညာရှင်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ ဦးစိန်ဝင်းသောင်းက သဘင်မင်းသားတစ်ဦးဖြစ်ချင်ခဲ့ ပေမယ့်လည်း ဆိုင်းပညာရှင်ကြီးတစ်ဦးဖြစ်ခဲ့ပြီး သားဖြစ်သူ ဖိုးချစ်အလှည့် မှာတော့ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်ဖြစ်လာတဲ့အတွက် ပီတိဖြစ်မိတယ်လို့ ပြောပါတယ်။ သားဖြစ်သူဖိုးချစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့တဲ့အတွက်လည်း သားအတွက် အမြဲဂုဏ်ယူခဲ့ရပါတယ်လို့ ဦးစိန်ဝင်းသောင်းကပြောပါတယ်။ သားဖြစ်သူ ဖိုးချစ်က အိမ်ထောင်ပြုရမယ့်အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် ဖခင် တစ်ယောက်အနေနဲ့ရော သားကိုအိမ်ထောင်ပြုစေချင်ပြီလားလို့မေးတော့- ”ဖေဖေ့ကိုသံယောဇဉ်ထားတော့လည်းထားပေါ့လို့။ မင်း အိမ်ထောင်ပြု ရမယ့် အရွယ်ရောက်ပြီ။ ဖေဖေက မင်းကိုအိမ်ထောင်ပြုစေချင်တယ်။ ဖေဖေကလည်း ဘာဖြစ်လို့လဲလို့ သူက မေးတယ်။ ဖေဖေ့ကို လုပ်ကျွေးလို့မဝ သေးဘူးတဲ့။ အဲဒီလိုဆိုတော့လည်း ကျွန်တော်က ဇွတ်ပေးစားလို့ကမရဘူး။ သူကလည်း အိမ်ထောင်ပြုဖို့ကို စိတ်မကူးတာ။ သားက ဖေဖေနဲ့ သင်္ကန်းပဲ ဝတ်ချင်တာတဲ့။ အိမ်ထောင်ပြုချင်စိတ် […]

Lifestyle

သေမယ့်ရက်ကို ကြိုတင်နမိတ်အရ သိခဲ့ပေမယ့် မရှောင်နိုင်ခဲ့တဲ့ ရုရှားအမျိုးသား

ကိုယ်သေမှာကို ကြိုတင်ပြီးသိတဲ့သူတစ်ယောက်အတွက် ဘယ်လိုအရာတွေနဲ့ သေဆုံးခြင်းကို ရှောင်လွှဲနိုင်မလဲဆိုတာကတော့ တကယ့်ကို ထိတ်လန့်ခြောက်ခြားစရာပါပဲ။ ရုရှားက အမျိုးသား တစ်ဦးဟာ မကြာသေးမီတုန်းက မတော်တဆမှုဖြစ်ခဲ့တဲ့ ရုရှားလေယာဉ်ပျက်ကျမှုမှာပါသွားခဲ့လို့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ ဒီသေရမယ့် မတော်တဆမှုအတွက် ကြိုတင်ပြီး နမိတ်ဖတ်သိရှိခဲ့ တယ်လို့ ဆိုရမလားပါပဲ။ လေယာဉ်မတော်တဆမှုမှာပါဝင်သွားခဲ့တဲ့ အသက် ၃၃ အရွယ် ရုရှားအမျိုးသား အီလာစတာဗက်စကီ ဆိုသူ ဟာ လေယာဉ်ပျက်ကျမှုနဲ့ သူ့ရဲ့သေဆုံးမှုအတွက် ကြိုတင်ပြီး နမိတ်ဖတ်လက္ခဏာတွေ ရရှိခဲ့ တယ်လို့ ချစ်သူမိန်းကလေးကဆိုပါတယ်။ အဲ့ဒါက သူ့ရဲ့ ခရစ်စတယ် မှော်ဘောလုံးကနေ သူ့ကို ပြော ပြနေတဲ့ မမြင်နိုင်၊ မကြားနိုင်တဲ့လောကကဆက်သွယ်ပြောပြလာတဲ့ အရာတွေကို သူသိရှိခဲ့ရ တယ်လို့ ဆိုပါတယ်။ ကြိုတင်ပြီးတော့ နမိတ်ပြေးဖတ်ပြနေတဲ့ အကြောင်းအရာတွေထဲမှာဆို ရင်သူ့ရဲ့ မွေးနေ့ပါ တီနဲ့ […]

News

ရောဂါဝေဒနာများ ပျောက်ကင်းသည်ဆိုသည့် ရေပူစမ်း

ကချင်ပြည်နယ်မိုးညှင်းမြို့နယ် ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာအုပ်စု ဘုန်းကြီးစခန်းကျေးရွာ၏မြောက်ဘက်(၂)မိုင်အကွာတွင်ရှိသောရေပူစမ်းသည်မိုးညှင်းမြို့ နယ်၏ဂုဏ်ကိုဆောင်လျက်ရေပူစမ်းသို့ လာရောက်ရေချိုးသူ အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလျက်ရှိပေသည်။ အဆိုပါရေပူစမ်းသို့ အခြားဒေသမှတိုင်းရင်းသားများအပြင်ဒေသခံပြည်သူများသည်နှစ်စဉ်နို ဝင်ဘာလမှစတင်ညကာအိပ်လာရောက်လေ့ ရှိပြီးကျ န်းမာရေးအရရေပူစိမ်လေ့ရှိကြပေသည်။ယခင်ကလမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး ရေပူစမ်းရှိရာသို့ မော်တော်ယာဉ်များသွားလာ၍မရသည့်အတွက်ခြေလျ င်သွားရောက်သူများ သာရှိသော်လည်း ယခုအခါမော်တော်ယာဉ်များသွားလာနှို င်စေရန်ဘုန်းကြီးစခန်းကျေးရွာ ကျောင်းထိုင်ဆရာတော်ဦးပညာဇောတမှဦးဆောင် ၍ဆောင်ရွက်ခဲ့ပေသည်။ အဆိုပါရေပူစမ်းအားမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က သစ်ထုတ်လုပ်ရေးအဖွဲ့ မှသစ်ထုတ်လုပ်စဉ်ကစတင်တွေ့ ရှိကာအသုံးပြု ခဲ့ရာမှ ဆေးဖက်ဝင်ကြောင်းသိရှိရပြီးသစ်ထုတ်လုပ်ရေးလုပ်သားများငှက်ဖျားရောဂါနှင့် ခေါင်းကိုက်ခေါင်းမူးပါက အဆိုပါရေပူအားသောက်သုံးခြင်း ရေချိုး ခြင်းတို့ ပြု လုပ်ရာမှရောဂါဝေဒနာများပျောက်ကင်းကြောင်းတွေ့ ရှိခံစားကြရပေသည်။ ထိုအချိ န်အခါမှစ၍ရေပူစမ်းအားလာရောက်ကြသူများရှိခဲ့ကြပြီးသက်ဆိုင်ရာမှသုတေသနပြုလေ့လာချက်အရ အဆိုပါရေပူတွင်ထုံးဓါတ် သံ ဓါတ် ကန့် ဓါတ်နှင့်ဆားဓါတ်များပါဝင်ကြောင်းတွေ့ ရှိရပြီး အရေဟြးရောဂါဝေဒနာခံစားနေရသူများ လက်တွေ […]

News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိလုပ်ကိုင်ပေးနေသော လူယုံတော် ကိုပု ရုတ်တရက် ကွယ်လွန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အလုပ်လုပ်ကိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူယုံတော် ကိုပု ဒီကနေ့ (ဖေဖေါ်ဝါရီ ၂၂ရက်) ကြာသပတေးနေ့ မနက်၁၀း၂၀ အချိန်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ကိုပု နဲ့ ဇနီးသည် မဝေ တို့ နှစ်ဦးစလုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အိမ်တော်ထိန်းများ အဖြစ် နှစ်ပေါင်းများစွာကတည်းက သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ကိုပု နဲ့ မဝေတို့ ရဲ့ သားဦးလေး ဖိုးချမ်းကို မွေးဖွားခဲ့စဉ်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ မှာ ကျရောက်တဲ့ ဖိုးချမ်းရဲ့ ၆ လပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် […]

Celebrities

လှတောသူ မရှယ်ခိုင် ကြော်ငြာရိုက်ရတော့မယ်တဲ့

မရှယ်ခိုင်ဟာကြော်ငြာရိုက်ကူးဖို့ မန်းလေးကိုရောက်ရှိနေတာဖြစ်ပါတယ်။မန်းလေးကိုပထမဆုံးရောက်ဖူးပြီးပထမဆုံးခရီးစဉ်ပါလို့ ဆိုပါတယ်။ သူမကိုမန်းလေးပိုးထည်တိုက်ကစပွန်စာပေးပြီးကမ်းလှမ်းခံရတာဖြစ်ပါတယ်။ကိုဒိန်းဒေါင်ဆီကိုလဲကျေးဇူးတင်စကားသွားပြောဖို့ ရှိတယ်လို့ သိရပါတယ်။ ရွာမှာဆိုအခုလိုအားပေးမဲ့သူမရှိဘူး ကိုယ့်ဟာကိုရေခဲချောင်းရောင်းရင်း ဘူးခွံကောက်ရင်းနဲ့ ဟာသတွေစပ်တာနွမ်းပါးတယ်ဆိုတော့အထင်ကြီးမဲ့သူမရှိဘူး ကိုဒိန်းဒေါင်ကိုလဲကျေးဇူးတင်တယ်ရွာကိုလာပြီးဖြစ်ချင်တာတွေလုပ်ပေးသွာလို့  ကျေးဇူးတွေဆပ်မကုန်ဘူးဒီတသက်မဟုတ်ဘူးနောက်သုံးသက်ဆပ်လဲမကုန်ဘူးရွာကလူတွေလဲဝမ်းသာနေကြတယ် ရမ်းလုပ်လိုက်တာအောင်မြင်သွားမယ်လို့ မထင်ဘူးဖေ့စ်ဘုတ်ပေါ်ကလူတွေကိုလဲကျေးဇူးတင်တယ် အရင်ကဆိုရင်သေမထူးနေမထူး ဒီဘ၀သုံးစားမရတော့ဘူးထင်တာ အခုတော့ ကိုဒိန်းဒေါင်တို့ နဲ့ ပရိတ်သတ်တွေရှိတော့ဝမ်းသာတယ် ပျော်တယ်