News

ဖိလစ်ပိုင်သားတွေ အလုအယက်ဖြစ်နေတဲ့ ကနေဒါက အလုပ်တစ်ခု

ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ ပင်ပမ်းဆင်းရဲတဲ့ အလုပ်အကိုင်တွေပဲရှိပြီး လစာလည်း မကောင်းကြပါဘူး။ အဲဒါကြောင့် ဖိလစ်ပိုင်ပြည်သူ တော်တော်များများက ပြည်ပထွက် အလုပ်လုပ်ကြပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းကြလေ့ရှိပါတယ်။ပြည်ပမှာ အိမ်အကူသွားလုပ်ကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေဟာ အိမ်ရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ရလို့ ဖိလစ်ပိုင်အစိုးရက တချို့နိုင်ငံတွေမှာ အလုပ်သွားမလုပ်ကြဖို့ ပိတ်ပင်ရတဲ့အထိပါပဲ။ ဒါကြောင့်လည်း ကနေဒါနိုင်ငံက အလုပ်တစ်ခုအတွက် ဖိလစ်ပိုင်တွေ အလုအယက်ဖြစ်နေကြတာပါ။ အဲဒါကတော့ ကနေဒါနိုင်ငံမှာ မှိုခူးဆွတ်ပေးရတဲ့အလုပ်ဖြစ်ပါတယ်။ မှိုဆွတ်ပေးရတဲ့အလုပ်ဆိုလို့ အထင်သေးလို့မရပါဘူး။ အဲဒီအလုပ်က တစ်လဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၈၀(မြန်မာငွေ ၃၈ သိန်းကျော်)ရပါတယ်။ အဲဒါကြောင့် အရင်တုန်းက ဟောင်ကောင်မှာ အိမ်အကူလုပ်ခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံသား အယ်ကာရိုတောင် ကနေဒါနိုင်ငံမှာ အလုပ်သွားလုပ်နေပါပြီ။ ကနေဒါနိုင်ငံဟာ စိုက်ပျိုးရေးလုပ်သား လိုအပ်ချက်ကြီးမားပြီး အထူးသဖြင့် မှိုခူးဆွတ်သူတွေ၊ […]

News

မြန်မာနိုင်ငံရှိနာမည်ကြီးတံတားကြီးများ

ဂုတ်ထိပ်တံတား ဂုတ်ထိပ်တံတားကတော့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါကျော်ကြားတဲ့ တံတားကြီးပါ။ (၁၈၉၉)ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ပြီးစီးတဲ့အချိန်က (၁၉၀၀) ခုနှစ်မှာပါ။(၁၉၀၃) ခုနှစ်ရောက်မှတံတားကြီးကို စတင်အသုံးပြုပါတယ်။ ထိုကြောင့် (၁၈၉၉) ခုနစ်တွင် မြန်မာ့ မီးရထား ကုမ္ပဏီက ဂုတ်ထိပ် တံတားကြီးဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယားနှင့်မေရီလမ်း စတီး ကုမ္ပဏီတို့ကိုငှားရမ်းခဲ့ပေမဲ့ တံတားကြီး ဦးစီး တည်ဆောက်သူမှာမြန်မာ့ မီးရထားဌာနမှ Arthur Rendel နှင့်ဗြိတိသျှ အင်ဂျင်နီယာ များဖြစ်ကြပါတယ်။ ကုန်ကျမှုစရိတ် ငွေကျပ်(၁၆၉၈၂၀၀) ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားအဖြစ်ကျော်ကြားပါတယ်။ ဧရာဝတီတံတား (ပခုက္ကူ) ဒီတံတားကတော့ ဧရာဝတီမြစ်ကိုဖြတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံမှာ အရှည်ဆုံးဖြစ်ပါတယ်။ ကားလမ်း၊ ရထားလမ်းတွဲဆက်တည်ဆောက်ထားတဲ့တံတားပါ။ စုစုပေါင်းအရှည် ကတော့ ကားလမ်း တံတားအရှည် (၂.၁၆) မိုင်၊ ရထားလမ်း […]

Sport News

ရော်နယ်ဒိုနဲ့ မက်ဆီကြားထဲက အဓိက ခြားနားချက်ကို ပြောပြခဲ့တဲ့ဖာဒီနန်

ဘာစီလိုနာ အသင်းက ချယ်လ်ဆီး အသင်းကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မက်ဆီကို ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။ ဖာဒီနန်ဟာ မက်ဆီနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ၂ကြိမ်တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး မက်ဆီနဲ့ ရင်ဆိုင်တိုင်း မက်ဆီရဲ့ အနားကိုကပ်လို့မရခဲ့ ကြောင်း ချီးကျူးခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီဟာ ယနေ့မော်ဒန်ဘောလုံး လောကရဲ့ ပြိုင်ဘက်ကင်း အကောင်းဆုံး ကစားသမား ၂ဦးဖြစ်ပြီး Ballon d’Or ၅ဆုစီ ရရှိထားကြသူများလည်း ဖြစ်ကြပါတယ်။ မက်ဆီဟာ ချယ်လ်ဆီးအသင်းကို ရှုံးထွက်အဆင့်ကနေလှည့်ပြန်ရအောင် ၂ကျော့လုံးမှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ မက်ဆီဟာ ပထမအကျော့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့သလို အိမ်ကွင်းမှာလည်း ၂ဂိုး သွင်းကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ သူသွင်းယူခဲ့တဲ့ ၂ဂိုးလုံးကို ပါးပါးနပ်နပ်နဲ့ ချယ်လ်ဆီးဂိုးသမား ကော်တွိုက်စ်ရဲ့ ဂွကြားထဲကို သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဖာဒီနန်က “မက်ဆီနဲ့ ရော်နယ်ဒိုတို့က အကောင်းဆုံး ကစားသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၂ယောက်ကြားမှာ ကွာခြားချက်တော့ […]

Celebrities

ပြင်ဦးလွင်မှာ ရုပ်ရှင်အတူတူရိုက်နေကြတဲ့ ဖြူဖြူထွေးနဲ့ မနော

နာမည်ကျော် မြန်မာသံအဆိုတော်ဖြစ်တဲ့ မနောကတော့ ဖေ့စ်ဘွက်မှာ နာမည်ကြီးတဲ့ ဟာသသရုပ်ဆောင် ဖြူဖြူထွေးနဲ့အတူ ရုပ်ရှင်ရိုက်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဓာတ်ပုံလေးတွေနဲ့ ဖြူဖြူထွေးရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကမောက်ကမ သမီးယောက်မ ဆိုတဲ့ ရုပ်ရှင်ကားမှာ သရုပ်ဆောင်နေကြတာဖြစ်ပြီး နာမည်ကြီး မင်သားသမီးသမီးတွေနဲ့အတူ သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပြေတီဦး၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ခင်လှိုင်၊ ဂွမ်းပုံတို့နဲ့အတူ သူတို့နှစ်ယောက် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ ထုံးစံအတိုင်း ဖေ့စ်ဘွက်မှာ နာမည်ကြီးသူများ နာမည်ကြီးတဲ့ အဆိုတော်များကို နေရာပေး ရုပ်ရှင်ရိုက်ကူးကြတဲ့အတိုင်း သူတို့နှစ်ယောက်လည်း မင်းသား မင်းသမီးတွေ ဖြစ်လာကြတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်နေတဲ့အကြောင်းတော့ မနောရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာ မတွေ့ရပါဘူး။

News

သားက အမေစားလို့မကုန်တာမှစားပါတယ် တဲ့ ?

သားက အမေစားလို့မကုန်တာမှစားပါတယ် တဲ့ ဒီသားလေးက အသက်၁၂နှစ်ပဲရှိသေးတယ် ဒါပေမယ့် ဒါပေမယ့် သူဟာ ကင်ဆာရောဂါသည် အမေကြီးရဲ့ တစ်ဦးတည်းသော လူနာစောင့်ပဲ။ သူ့အဖေဆိုတာက လဲ လွန်ခဲ့တဲ့၆နှစ်ကဆုံးသွားပြီဆိုတော့ ဒီအမေသာသူ ရဲ့တစ်ခုတည်းသောအားကိုးရာ ခုတော့လဲ သူ့အမေက သူ့ကိုအားကိုးနေရတာပေါ့လေ။သူ့အမေသောက်ရ မယ့်ဆေးတွေ၊လိုအပ်တာတွေသူပဲသွားဝယ်ပေးရ တယ်။လူနာနာမည်က မဇင်မျိုးခိုင် ကာတာနိုင်ငံက ကိုဝင်းသိန်းနိုင်၊မချောအေးအေးထွန်းမင်း သမီးမအေး ချမ်းခင်၊မမေမြတ်ခင်မိသားစုက လှုဒါန်းတဲ့တစ်သိန်း ကျပ်ကို သွားလှုပေးတာပါ။ကျွန်တော်ပြန်တော့အဲ့ ကလေးကလဲ အောက်ထပ်ကိုဆင်းပြီး စားစရာဝယ် မလို့ဆိုလို့ အတူတူဆင်းလာခဲ့တယ်။` သားကဘာ ဝယ်မလို့လဲမေမေအတွက်လား’`ဟုတ်တယ်ဦး အမေ အတွက် တိုဟူးသုတ်ဝယ်မလို့ အမေထမင်းနဲ့စားဖို့’ ` ဟင် အမေအတွက်ဟင်းမဝယ်ဘူးလား’ ` အမေက ဟင်းနံတွေမခံနိုင်လို့တဲ့ ဦးရဲ့’ ` သားအတွက်ရော မဝယ်ဘူးလား’ `သားက အမေမကုန်လို့ကျန်တဲ့ဟာမှ စားမှာလေ ’ ` […]

News

အမေရိကန်၏ F-18 တိုက်လေယာဉ် လေ့ကျင့်မှုဆာင်ရွက်စဉ် အတွင်း ပင်လယ်ထဲပျက်ကျ

အမေရိကန် နိုင်ငံ ရေတပ် ၏ F-18 တိုက်လေယာဉ် တစ်စင်း သည် မတ်လ ၁၄ ရက်နေ့၌ ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်း Key West မြို့ အနီးတွင် ပင်လယ်ထဲ သို့ ပျက်ကျ ခဲ့ကာ လေယာဉ် ပေါ်ရှိ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း ရေတပ် ၏ ထုတ်ပြန် ကြေညာချက် အရ သိရှိရသည်။ အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ယင်းပျက်ကျ ခဲ့သည့် လေယာဉ် သည် လေယာဉ်မှူး ၂ ဦး လိုက်ပါနိုင်သည့် တိုက်လေယာဉ် အမျိုးအစား ဖြစ်ပြီး လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အတွင်း ပျက်ကျ […]

Celebrities

အကိုတွေကို ထုတ်ကြွားလိုက်တဲ့ အိုင်ရင်းဇင်မာမြင့်

အဆိုတော် အိုင်ရင်းက သူမရဲ့ ဖေ့စ်ဘွတ်ကနေ အကိုတွေကို ထုတ်ကြွားလိုက်တာပါ။သူမမှာ အကိုသုံးယောက်ရှိပြီးတော့ လူပျိုဖြစ်နေတဲ့ အကိုနှစ်ယောက်ကို ပရိသတ်တွေသိရအောင် ပုံတင်ပြီး ပြလိုက်ပါတယ်။ အရင်ကဆို အိုင်ရင်းရဲ့ အကိုလို့ပြောလိုက်ရင် အဆိုတော် Leo Bobo သာ သိကြပေမယ့် ကျန်တဲ့အကိုတစ်ယောက်ကတော့ ပရိသတ်တွေ မြင်ဖူးမှာ မဟုတ်ပါဘူး။ အကိုကြီးဆုံးတစ်ယောက်က အဆိုတော်အလုပ်ကို လုံးဝခွင့်မပြုထားပေမယ့် ဒီနေ့ သီချင်းသွားတိုက်တဲ့နေ့မှာတော့ သူမနဲ့အတူ လိုက်လာခဲ့ပေးတယ်လို့ ဆိုပါတယ်။ “Ireneမှာအကို၃ယောက်အရင်းပေါ့နော်ရှိတယ်။ မောင်နှမ၄ယောက် ဆိုတော့လေ အင်တာဗျူးတွေ များနဲနဲကြားဖူးရင် အကို၁ယောက်က အဆိုအလုပ်ကိုလုံးဝ(လုံးဝ)ခွင့်မပြုဘူးလို့ဖြေဘူးပါတယ်ရှင့် သူကအကြီးဆုံးအကိုပါ အခုမှသီချင်းတိုက်တာကိုပထမဆုံးလိုက်ပို့ဖူးသူကြီးပါ စာကြွင်း*၂ယောက်မြောက်အကိုကတော့လူပြိုလတ်     အိမ်ထောင်နဲ့မို့   နောက်၁ခါပုံရိုက်ရင်တင်ပေးမယ်ရှင် နာမည်လေးတွေမိတ်ဆက်ပေးမယ်လို့ Ivan,Issac,Ian(Leo Bobo),Irene” ဆိုပြီး ပြောပြထားပါတယ်။ အိုင်ရင်းဇင်မာမြင့်က လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရသလို သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ […]

Celebrities

ရွှေကြိုတစ်ယောက်ဖြစ်လာမယ်လို့ မတွေးခဲ့ဖူးဘူးဆိုတဲ့ ပန်းနုမေပျို

ဟာသသရုပ်ဆောင် အရိုင်းရဲ့ သမီးလေး ပန်းနုမေပျို တစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်ရုပ်ရှင်အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြို တစ်ယောက်ပါဝင်ဆောင်ရွက်ခွင့်ရလို့ အရင်ဆုံး ဝိတ်ချရတော့မယ်လို့  Media ကနေပြောပြခဲ့ပါတယ်။ ” ပွဲအတွက်ကတော့ ညီမအရင်ဆုံး ဝိတ်ချရမယ်၊ ၁၀ရက်အတွင်း မှီသလောက်လေးပေါ့ အခုထက်တော့ပိုကြည့်ကောင်းသွားအောင် ပေါ့နော်။ ကြည့်တဲ့ သူတွေလည်း ကျေနပ်အောင် ကြိုးစားချင်တယ်။ ရီဟာဇယ်တွေကိုလည်း ဆရာတွေ၊ ဆရာမတွေ သင်ပေးတဲ့ အတိုင်းကြိုးစားသွား မှာပါ” လို့ ဆိုပါတယ်။ ရွှေကြိုတစ်ယောက်ဖြစ်လာမယ်လို့ တစ်ခါမှမတွေးဖူးဘူး ဆိုတာလည်း ပြောပြခဲ့ပါသေးတယ်။ ” ငယ်ငယ်တုန်းကတော့ အကျီပရိုမိုးရှင်းပွဲတွေမှာ လျှောက်ဖြစ်တာမျိုးတော့ရှိတယ်။ စင်ပေါ်မှာကျတော့ Catwalk လျှောက်တဲ့ပုံစံမျိုးက ကူညီတာလည်းမရှိဖူးဘူး၊ ဒီလိုနေရာမှာကိုယ်တွေ ဖြစ်သွားလိမ့်မယ်လို့ တစ်ခါမှလည်း မတွေးဖူးဘူး အဲ့ဒီအတွက် နည်းနည်းလေးတော့ စိတ်ထဲမှာ လှုပ်ရှားနေတယ်” လို့သူကဆိုပါတယ် သရုပ်ဆောင်အရိုင်းရဲ့ […]